ကော့ခ်ဘဇား ဒုက္ခသည်စခန်းအတွင်း အာဏာလုပွဲ ပဋိပက္ခ၌ ၂-ဦး သေဆုံးပြီး ၁၀-ဦး ဒါဏ်ရာရရှိ။ မကြာသေးမီကလည်း အလားတူဖြစ်ပွားခဲ့ပြီး ၁၅-ဦး ဒါဏ်ရာရရှိခဲ့။

တနင်္ဂနွေနေ့ နံနက်စောစောပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ခ်ဘဇားခရိုင်ရှိ ကူတူပါလောင်ဒုက္ခသည်စခန်းအတွင်း နေရာအချို့၌ ပဋိပက္ခများဖြစ်ပွားခဲ့ရာ ဒုက္ခသည်ဘင်္ဂါလီ ( မူရင်း ရိုဟင်ဂျာဟုဖော်ပြ ) ၂-ဦးသေဆုံး၍ ၎င်းတို့နှင့် ဘဝတူ ဒုက္ခသည် ၁၀-ဦး ဒါဏ်ရာရရှိသည်ဟု Dhaka Tribune က ယမန်နေ့ရေးသားသည်။ 

သေဆုံးသူများမှာ အိုင်မန်ရှာရဖ် ( အသက် ၃၀-နှစ် ) နှင့် ရှန်ဆူလ်အလမ် ( ၂၈-နှစ် ) တို့ဖြစ်ကြောင်း၊ အူခီယာမြို့နယ် ကူတူပါလောင် ဒုက္ခသည်စခန်းအတွင်း အကွက်အမှတ် D နှင့် E တို့၌ အချင်းချင်း သြဇာအာဏာ အားပြိုင်ကြရမှ အခင်းဖြစ်ပွားကြောင်း ၊ ဒုက္ခသည်စခန်းရှိ မှတ်ပုံတင်ထားပြီးသူများအဖွဲ့နှင့် မှတ်ပုံမတင်ရသေးသူများ အဖွဲ့တို့အကြား အခြေအတင် အငြင်းပွားလျှက်ရှိကြောင်း စခန်းတာဝန်ကျ ရဲသေနတ်ကိုင်တပ်ရင်းမှ အင်စပိတ်တော် ယာရှင်ဖာရွတ်က ပြောဆိုသည်။ 

ငြင်းခုန်မှုများ ဆက်လက် ဖြစ်ပွားနေခဲ့ပြီး တနင်္ဂနွေနေ့ နံနက် စောစောပိုင်းတွင် နှစ်ဘက်တိုက်ခိုက်ကြကြောင်း၊ လွန်ခဲ့သည့် စက်တင်ဘာ ၃၀ ၌လည်း အလားတူဖြစ်ပွားခဲ့ပြီး ၁၅ -ဦး ဒါဏ်ရာရရှိကြောင်း၊ အခင်းဖြစ်ပွားရာတို့၌ ရဲတပ်ဖွဲ့ဝင်အင်အား တိုးမြှင့်ချထားပြီး လောလောဆယ်တွင် အခြေအနေကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း၊ သေဆုံးသူတို့၏ ရုပ်အလောင်းများကို ကော့ခ်ဘဇားရှိ ဆက်ဒါဆေးရုံသို့ ပို့ဆောင်လျှက် စစ်ဆေးနေကြောင်း၊ ဥပဒေနှင့်အညီအရေးယူမှုများပြုလုပ်လျှက်ရှိကြောင်း အူခီယာမြို့နယ် ရဲတပ်ဖွဲ့ ရဲမှူး ဂါဇီ ဆလာအူဒင်က ရှင်းပြသည်ဟု သတင်း၌ ဆက်လက်ဖော်ပြသည်။ 

#ကူတူပါလောင်ဒုက္ခသည်စခန်း #စခန်းတွင်းအာဏာအားပြိုင်ရာမှ_ဒုက္ခသည်နှစ်ဦးသေဆုံး 

((( Dhaka Tribune., October 4th, 2020,” 2 Rohingyas killed in clash over establishing supremacy .By: Abdul Aziz, Cox’s Bazar.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 

https://www.dhakatribune.com/bangladesh/nation/2020/10/04/2-rohingyas-killed-in-clash-over-establishing-supremacy

0

Leave a Reply

Your email address will not be published.