ကော့ခ်ဘဇား ဒုက္ခသည်စခန်း မီးလောင်ကျွမ်းမှု လူ ၅- ဦး သေဆုံး။ မွန်းလွဲပိုင်း စတင်လောင်ကျွမ်းပြီး လေပြင်းကြောင့် မီးကူးစက်မှုကျယ်ပြန့်သဖြင့် ၅-နာရီကျော် မီးငြိမ်းသတ်ခဲ့ရ။ စတင်မီးလောင်ရခြင်းအတွက် ထင်ကြေးအမျိုးမျိုးနှင့် ဒုက္ခသည်အချင်းချင်း အပြစ်တင်။ ပါးစပ်သတင်းအဖုံဖုံ ထွက်ပေါ်


တနင်္လာနေ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ခ်ဘဇားခရိုင် အူခီယာနယ်မြေ ဘလွတ်ခါလီ ဒုက္ခသည်ဘင်္ဂါလီ (မူရင်း ရိုဟင်ဂျာဟုဖော်ပြ) စခန်းများတစ်လျှောက် ပြင်းထန်စွာ မီးလောင်ကျွမ်းခဲ့ရာ လူ ၅-ဦး သေဆုံးသည်ဟု Dhaka Tribune က ယနေ့ဖော်ပြသည်။

…  
ဒေသစံတော်ချိန် ညနေ ၄-နာရီခန့်တွင် စခန်းအမှတ် ၈ နှင့် ၉ တို့၌ မီးတောက်လောင်ခဲ့ပြီး၊ ယာယီတဲအိမ် ၃,၀၀၀ ကျော်၊ NGO ရုံးခန်းအမျိုးမျိုးနှင့် ရဲတန်းလျားများသည်လည်း မီးသင့် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

…   
အနည်းဆုံး မီးသတ်စခန်း ၇-ခုတို့က အခင်းဖြစ်ပွားရာသို့ အလျှင်အမြန်အရောက်ရှိ၍ မီးငြိမ်းသတ်ခဲ့ကြသော်လည်း လေပြင်းတိုက်ခတ်၍ မီးကူးစက်မှု ကျယ်ပြန့်ပြင်းထန်သွားခဲ့ကြောင်း တာဝန်ရှိသူများက ပြောဆိုသည်။

…   
ဘင်္ဂလားဒေ့ရှ် တပ်မတော်၊ ကယ်ဆယ်ရေးအဖွဲ့များနှင့် အကူအညီပေးရေးအေဂျင်စီများ အပါအဝင် အစိုးရဋ္ဌာနပေါင်းစုံတို့မှ စေတနာ့ဝန်ထမ်း ရာပေါင်းများစွာတို့က မီးသတ်သမားများနှင့် အတူပူးပေါင်း ငြိမ်းသတ်ခဲ့ကြပြီး၊ ဒုက္ခသည်ဘင်္ဂါလီများအား အနီးအနား စခန်းများသို့ ပို့ဆောင်ကူညီပေးခဲ့ကြသည်။

…    
၅-နာရီကျော် ကြိုးစားခဲ့ရပြီးနောက် ည ၉း၃၀ နာရီတွင် မီးညွန့်ကျိုးခဲ့ကြောင်း ကော့ခ်ဘဇားရဲစခန်းရဲမှူးက ပြောဆိုသည်။ မီးလောင်ကျွမ်းရာတွင် ဒုက္ခသည်ဘင်္ဂါလီတို့၏ တဲအိမ်များ၊ စာသင်ကျောင်းများ၊ NGO ရုံးများနှင့်အတူ ရဲတန်းလျားတစ်စိတ်တစ်ပိုင်းမှာလည်း ပျက်စီးဆုံးရှုံခဲ့ရကြောင်း အမှတ်-၈ ရဲသေနတ်ကိုင်တပ်ရင်းမှ တပ်ရင်းမှူးက အတည်ပြုသည်။

…   
မီးလောင်ကျွမ်းမှုသည် ဒုက္ခသည်ဘင်္ဂါလီစခန်း၏ အကြီးဆုံးဖြစ်သည့် #ဘိုလီဘဇားဈေးကြီးကိုလည်း ပြာကျ စေခဲ့ပြီး အမေရိကန်ဒေါ်လာ အနည်းဆုံး ၅.၉ သန်း တန်ဖိုးရှိပစ္စည်းများသည် မီးထဲပါသွားသည်ဟု ဒုက္ခသည်စခန်း၌နေထိုင်သည့် ဒေသခံတစ်ဦးက ရှင်းပြသည်။

…  
မီးလောင်မှုဖြစ်ပွားရာတွင် မိသားစုဝင်များ ပျောက်ဆုံးကြောင်း သတင်းကို ဒေသန္တရမီဒီယာများ၌ တွေ့ရှိရသည်။ ဒေသခံများသည် မီးလောင်ကျွမ်းလျှက်ရှိကြောင်း မီးသတ်ဋ္ဌာနသို့ အကြောင်းမကြားပဲ ၎င်းတို့ဖာသာ ငြိမ်းသတ်ခဲ့ကြကြောင်း၊ မွန်းလွဲပိုင်း စတင်လောင်ကျွမ်းသည့် မီးသည် မွန်းလွဲပိုင်းတွင် ဒုက္ခသည်စခန်းများသို့ အလွယ်တကူ ကူးစက်သွားခဲ့ကြောင်း၊ ကွက်သစ် ၂-ခုမှာ အတော်အသင့် မီးသင့်လောင်ခဲ့ပြီး စခန်းအမှတ် ၉ ရှိ ကွက်သစ် ၇-ခုတို့မှာ လုံး၀ မီးသင့်ပျက်စီးခဲ့ကြောင်း၊ စခန်းအမှတ် ၈ မှ စတင် မီးလောင်သည်ဟု သိရှိသူများ၏ ပြောသံကြားရကြောင်း ဒုက္ခသည်ဘင်္ဂါလီခေါင်းဆောင်တစ်ဦးဖြစ်သူ လာမူမဂျစ်က ပြောဆိုသည်။

သို့ရာတွင် အူခီယာရဲတပ်ဖွဲ့ စခန်းမှူး ဂါဇီဆလောက်ဒင်ကမူ မီးစတင်လောင်ကျွမ်းရခြင်းနှင့် ပတ်သက်၍ စိတ်ချယုံကြည်ရသည့် သတင်းရင်းမြစ် မရရှိသေးကြောင်း၊ မီးဘေးသင့်ရာတွင် ပါဝင်သူ ဒုက္ခသည်ဘင်္ဂါလီများသည် ထင်ကြေးအမျိုးမျိုး ပေးနေကြပြီး တစ်ယောက်နှင့်တစ်ယောက် အပြစ်တင်လျှက်ရှိကြောင်း၊ စုံစမ်းစစ်ဆေးပြီးနောက် မီးလောင်ရသည့် အကြောင်းရင်းကို ဆက်လက်ဖော်ထုတ်သွားမည်ဟု ဆိုပါသည်။

…   
ဒုက္ခသည်စခန်းမျာ မီးသင့်လောင်သည့်သတင်းကို သိရှိသော်လည်း ပျက်စီးဆုံးရှုံးရသည်ပမာဏကို မပြောနိုင်သေးကြောင်း ဘင်္ဂလားဒေ့ရှ် ကယ်ဆယ်ရေးနှင့် ဒုက္ခသည်များနေရပ်ပြန်ရေးဆိုင်ရာမဟာမင်းကြီးရုံး (RRRC)မှ တွဲဘက်ကော်မရှင်နာမင်းကြီး ရှမ်ဆွတ်ဒေါဇာက ပြောဆိုသည်။

…   
လွန်ခဲ့သည့် ဇန်နဝါရီလ စောစောပိုင်းတွင် ကော့ခ်ဘဇားခရိုင် တက္ကနဖ်နယ်မြေရှိ #နာရာပရာ စခန်း၌လည်း အလားတူ မီးသင့်လောင်ခဲ့ရာ ဒုက္ခသည်ဘင်္ဂါလီတို့၏ တဲအိမ်ပေါင်း ၅၀၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့ ရသည်။

((ကြီးမားသည့် ဖြစ်စဉ်များ ဖြစ်ပွားသည့်အခါတိုင်း သို့လော သို့လော ထင်ကြေးအမျိုးမျိုး ပါးစပ်စကားအဖုံဖုံနှင့် နောက်ဆက်တွဲ ကောလဟလများ ပေါ်ထွက်လေ့ရှိသည်မှာ ထုံးစံတစ်ရပ်ပမာ ဖြစ်လေ့ရှိသည်။

…  
ကော့ခ်ဘဇားဒုက္ခသည်စခန်းများ မီးသင့်လောင်ခြင်းသည် တစ်နှစ်ကျော်အတွင်း ၂-ကြိမ်ဖြစ်ပွားခဲ့ပြီး အတိုင်းအတာ ကြီးမားလှပါသည်။

…  
ယမန်နေ့ မွန်းလွဲပိုင်း ဘလွတ်ခါလီ ဒုက္ခသည်စခန်းမီးလောင်ပြီး များမကြာမီ အဆိုပါမီးလောင်မှုမှာ ရှို့မီးဖြစ်ကြောင်း ဓါတ်ဆီပုံးများနှင့်အတူ မီးရှို့သူတစ်စုကို ဖမ်းဆီးရမိသည်ဟု ဓါတ်ပုံနှင့်တကွ ဘင်္ဂလားအခြေစိုက် Ukhia News က ဘင်္ဂါလီဘာသာဖြင့် သတင်းဖော်ပြခဲ့သည်၊ သို့သော် နာရီအနည်းငယ်အကြာ၌ ပြန်လည်ဖြုတ်ချသွားသည်။

…  
အချို့ကလည်း ဒုက္ခသည်စခန်းမီးလောင်မှုကို အိန္ဒိယဝန်ကြီးချုပ်_နာရင်ဒြာမိုဒီနှင့် ဆွဲယူဆက်စပ်သည်။ ဘင်္ဂလာဒေ့ရှ်လွတ်လပ်ရေးနေ့ ရေ့ွှရတုသဘင်နှင့် နိုင်ငံထူထောင်သူအမျိုးသားဖခင်ကြီး #ရှိတ်မူဂျီဘူရာမန် ( ယခုဝန်ကြီးချုပ်_ရှိတ်ဟာစီနာ၏ဖခင် ) ၏ ရာစုနှစ်ပြည့် မွေးနေ့အခန်းအနားသို့ အခြား နိုင်ငံတကာခေါင်းဆောင်များနှင့်အတူ အိန္ဒိယဝန်ကြီးချုပ်မိုဒီလည်း မတ်-၂၆ မှ စတင်ကာ ၂-ရက်ကြာ လာရောက်မည်ဖြစ်သည်။

…   
ဘင်္ဂလားဒေ့ရှ်နိုင်ငံအဖြစ် သီးခြားခွဲထွက်ရန် ပါကစ္စတန်အား တော်လှန်ပုန်ခဲ့စဉ် အိန္ဒိယကလည်း ဘင်္ဂလားမျိုးချစ်များဘက်မှ ကူင်္ညီတိုက်ခိုက်ပေးခဲ့ခြင်း ကျေးဇူးရှိခဲ့သည်မှာ အမှန်ဖြစ်သည်။ သို့သော် အိန္ဒိယသည် ဘင်္ဂလားဒေ့ရှ်အပေါ် လွှမ်းမိုးလွန်းသည်ဟု ဘင်္ဂလားဒေ့ရှ်တွင် မှတ်ယူသူများ ရှိနေသည်။ ဘင်္ဂလားဒေ့ရှ်ပြည်တွင်းပြည်ပနေ ပါကစ္စတန်လိုလားသော ဘာသာရေးသဘောထားတင်းမာသူများ၊ လက်ဝဲယိမ်းကလည်း မိုဒီအား မလိုလားကြပါ။

…  
အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်ကြားတွင် မဖြေရှင်းနိုင်သေးသော ပြဿနာများစွာရှိ နေသည်။ ကက်ရှ် မီးယားနှင့် အရှေ့ဖျား ပြည်နယ်များမှ အထောက်အထားမဲ့ မွတ်စလင်များအား နှင်ထုတ်ရန် ပြင်ဆင်နေခြင်း၊ နှစ်နိုင်ငံနယ်စပ်တွင် အိန္ဒိယနယ်ခြားစောင့်တပ်က ပစ်သတ်လျှက်ရှိသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားအရေအတွက်မှာ တိုးပွားနေသည်သာမက ဟိန္ဒူအမျိုးသားရေးဝါဒီမိုဒီအစိုးရအနေဖြင့် အစ္စလာမ်ဘာသာဝင်များအား နှိပ်ကွပ်လျှက်ရှိသည်ဟု ယူဆကြသည်။ အထူးသဖြင့် ဒါကာတက္ကသိုလ်ကျောင်းသားများဦးဆောင်ကာ စုဝေး ချီတက် ကန့်ကွက်မှုများ ရှိနေသည်။

…   
သို့သော် အိန္ဒိယဝန်ကြီးချုပ်လာရောက်မည့်ကိစ္စနှင့် ပတ်သက်၍ လုံခြုံရေးခြိမ်းခြောက်မှုရှိသည်ဆိုခြင်းမှာ မဟုတ်မမှန်ကြောင်း ဘင်္ဂလားဒေ့ရှ်၏ နေ့ထူးနေ့မြတ်အခန်းအနားသို့ တက်ရောက်ရန် အိန္ဒိယဝန်ကြီးချုပ်အား ဖိတ်ကြားရသည့်အတွက် များစွာဂုဏ်ယူကြောင်း နိုင်ငံခြားရေးဝန်ကြီးအေကေအဗ္ဗဒူမိုမန်က ပြောဆိုသည်ဟု အိန္ဒိယအခြေစိုက် Business Standard (Mar.21,2021) က ဖော်ပြသည်။ ။ သတင်း ဘာသာပြန်သူ ))

(((Dhaka Tribune., 22 March 2021,” 5 killed in massive fire at Rohingya camp in Cox’s Bazar.By:Abdul Aziz, Cox’s Bazar ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာ ပြန်ဆိုသည်။)))

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမီးလောင်၍_၅-ဦးသေဆုံး

https://www.dhakatribune.com/bangladesh/nation/2021/03/22/massive-fire-at-rohingya-camp-in-cox-s-bazar
https://www.business-standard.com/article/current-affairs/bangladesh-dismisses-security-threat-to-pm-modi-s-visit-amid-protests-121032100459_1.html
https://www.firstpost.com/world/students-in-dhaka-protest-against-narendra-modis-visit-to-bangladesh-slam-sheikh-hasina-govt-9440181.html

0

Leave a Reply

Your email address will not be published.