ကော့ဇ်ဘဇား ဒုက္ခသည်စခန်း ၃၄-ခုအနက် ၁-ခုကို ပိတ်သိမ်းရန် ဘင်္ဂဘားဒေ့ရှ် အစိုးရ စီစဉ်။ စခန်းနေ လူ ၂,၀၀၀ ကို ဘာဆန်ချာကျွန်းသို့ ပို့ရန် ဟုတ်-မဟုတ် ဖြေကြားခြင်းမရှိ၊ စခန်းတစ်ခုလုံးကို သံဆူးကြိုးခတ်ရန်နှင့် ဒေသခံတို့နှင့် တင်းမာမှုကြီးထွားလာခြင်းကြောင့် ပိတ်သိမ်းခြင်းဖြစ်ဟု ပြောဆိုနေ


ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် ကော့ဇ်ဘဇားတွင် ခိုလှုံလျှက်ရှိသော ဒုက္ခသည်ဘင်္ဂါလီ ( မူရင်း ရိုဟင်ဂျာဟု ဖော်ပြ ) စခန်းပေါင်း ၃၄ -ခုအနက် စခန်းအမှတ် ၂၃ ကို ပိတ် သိမ်းရန် စီစဉ်လျှက်ရှိကြောင်း အစိုးရ၏ဒုက္ခသည်များ အကူအညီပေးရေးနှင့် နေရပ်ပြန်ရေးဆိုင်ရာ မဟာမင်းကြီးရုံး RRRC ၏ တွဲဖက် မင်းကြီးဖြစ်သူ မိုဟာမက်ရှမ်ဆွတ်ဒိုဇာက ပြောဆိုသည်ဟု Dhaka Tribune က ယမန်နေ့ ရေးသားသည်။

..   
ယခုကဲ့သို ပိတ်သိမ်းဖြစ်လျှင် မြန်မာနိုင်ငံမှ ဒုက္ခသည် ဘင်္ဂါလီများ အစုအပုံလိုက် ထွက်ပြေးလာသော လွန်ခဲ့သည့် ၂၀၁၇-ခုနှစ် သြဂုတ်လနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ပထမဆုံး ပိတ်သိမ်းခြင်းခံရသည့် ဒုက္ခသည်စခန်း ဖြစ်လာဖွယ်ရှိနေသည်။

..  
စခန်းအမှတ် ၂၃ မှာ အခြားစခန်း ၃၃ ခုနှင့် အနည်းငယ်ကွာဝေးလျှက် သီးခြားသဖွယ် ရှိနေကြောင်း၊ လုပ်ငန်းaဆာင်ရွက်မှုများ လွယ်ကူချောမွေ့လည်ပတ်စေရန်အတွက် ပိတ်သိမ်းရန် ဆုံးဖြတ်ရခြင်းဖြစ်သည်ဟု RRRC မဟာမင်းကြီးက ရှင်းပြသည်။

..    
ဘင်္ဂလားဒေ့ရှ်အစိုးရ၏ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့ ်ကယ်ဆယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ကော့ခ်ဘဇားခြေစိုက် RRRC ရုံးသည် ဒုက္ခသည်ဘင်္ဂလီရေးရာနှင့် ပတ်သက်၍ ကိုင်တွယ်ဖြေရှင်းလျှက်ရှိသည် အဆင့်အမြင့်ဆုံး အစိုးရအဖွဲ့ဖြစ်သည်။

..  
စခန်းအမှတ် ၂၃ တွင် ခိုလှုံနေဆဲဖြစ်သည့် ဒုက္ခသည် ၂,၀၀၀ ကျော်ကို အခြားစခန်းများဆီသို့ ပြောင်းရွှေ့ပြီးaနာက် ၎င်းစခန်းကို ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း RRRC မဟာမင်းကြီးက ပြောဆိုသော်လည်း ယခုကဲ့သို့ စခန်းအား ပိတ်သိမ်းရခြင်းမှာ ဘာဆန်ချာကျွန်းသို့ ဒုက္ခသည်များအား ရွှေ့ပြောင်းနေရာချထားလျှက်ရှိခြင်းနှင့် ဆက်စပ်မှု ရှိ-မရှိ ဖြေကြားရန်ကိုမူ မဟာမင်းကြီးက ထည့်သွင်း ပြောဆိုခြင်း မရှိချေ။

..   
စခန်း အမှတ် ၂၃ ၏ တာဝန်ခံအရာရှိအပါအဝင် အခြားအရာရှိ ၂-ဦး တို့လည်း RRRC မင်းကြီးနည်းတူ ဖြေဆို ရန် ငြင်းပယ်ခဲ့သည်။

..   
မည်သို့ပင်ဆိုစေ အခြား သတင်းမြစ် ၂-ခုကမူ စခန်းအားယခုကဲ့သို့ ပိတ်ပစ်ရခြင်းတွင် အကြောင်းရင်းအများအပြား ရှိနေကြောင်း ဖော်ပြခဲ့သည်။ ဒုက္ခသည်စခန်းတစ်ခုလုံးကို သံဆူးကြိုး ကာရံသည့်အခါ ပိုမိုလွယ်ကူစရန် ယခုကဲ့သို့ ပြောင်းရွှေ့ခြင်းဖြစ်သည်ဟု အရာရှိတစ်ဦးက ပြောဆိုသည်။ 

..

အခြားတစ်ဦးကမူ ဒုက္ခသည် ဘင်္ဂါလီများနှင့် ဒေသခံ အိမ်ရှင်အသိုင်းအဝိုင်းတို့အကြား တင်းမာမှုများကြီးထွားလာခြင်းကြောင့် စခန်းအား ပိတ်သိမ်းရသည်ဟု ရှင်းပြခဲ့သည်။

..   
အဆိုပါ ပြောဆိုမှု ၂-ခုလုံးအတွက် သီးခြား လွတ်လပ်စွာသည့် အတည်ပြုနိုင်ခြင်း မရှိချေ။
..

(( လွန်ခဲ့သည် ၁၉၁၇-ခုနှစ် နိုဝင်ဘာ ၂၈-ရက်နေ့ Al Jazeera နှင့် နိုင်ငံတကာ အဖွဲအစည်းများ ပူးတွဲကောက်ယူသည်ဆိုသော မြန်မာနိုင်ငံတွင် ဖိနှိပ်ရက်စက်မှုေကြောင့် ထွက်ပြေးလာကြသည်ဆိုသည့် ဒုက္ခသည် ဘင်္ဂါလီဦးရေမှာ ဒေသတွင်း၌ပင် ၂-သန်းခွဲရှိနေကြောင်း တွေ့ပါသည်။ ရခိုင်ကမ်းရိုးတန်းသည် ဒုက္ခသည်ဘင်္ဂါလီတို့၏ ဇာတိမြေဖြစ်ပြီး ရခိုင်တို့မှာ နောက်မှဝင်ရောက်လာသူများဖြစ်သည်ဟု လည်း ရေးသားထားသည်။

..

နော်ဝေးနိုင်ငံ NGO အဖွဲ့အစည်းတစ်ခုကမူ ကမ္ဘအရပ်ရပ် ပြန်နှံ့နေသူမျာ ပေါင်းလျှင် ၄သန်းရှိသည်ဟု စာရင်း ထုတ်ပြန်ခဲ့ဖူးသည်။     ။ သတင်းဘာသာပြန်သူ ))

— 

#ကော့ခ်ဘဇားဒုက္ခသည်စခန်းးတစ်ခုကိုဘင်္ဂလားဒေ့ရှ်အစိုးရဖျက်သိမ်းမည်။

..

.. 
((( Dhaka Tribune., January 31st, 2021” Govt plans to close one Rohingya camp.By: Humayun Kabir Bhuiyan” ကို #HtayOung, #OungMarine ဆီလျော်ေအောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))
..
https://www.dhakatribune.com/bangladesh/rohingya-crisis/2021/01/31/govt-plans-to-close-one-rohingya-camp
https://www.aljazeera.com/news/2017/10/28/rohingya-crisis-explained-in-maps 

0

Leave a Reply

Your email address will not be published.