ကော့ဘဇားဒုက္ခသည်ဘင်္ဂါလီစခန်းဧရိယာ၌ ကိုဗစ်-၁၉ ကူးစက်ရောဂါအသိပညာပေး ရေးအတွက် အင်တာနက်လိုင်းများ ပြန်လည်ဖွင့်ပေးရန် တောင်းဆိုချက် ဘင်္ဂလားဒက်ရှ် ပြည်ထဲရေး ပယ်ချ။ ဒုက္ခသည်များနှင့် ဆက်စပ်နိုင်ငံသားတို့၏ ဘေးအန္တရာယ်နှင့် လုံခြုံရေးကြောင့် အင်တာနက်တားဆီး ရန်လိုအပ်ဟု ဆို။

ဘင်္ဂလားဒက်ရှ်နိုင်ငံအတွင်းရှိ ရက်စက်ဖိနှိပ်ခံ ဒုက္ခသည်ဘင်္ဂါလီစခန်းများနှင့် ဆက်စပ်ဧရိယာများတွင် ဘေးအန္တရာယ်ကင်းစင်ရေးနှင့် လုံခြုံရေးလိုအပ်ချက်များကြောင့် 3G, 4G မိုဘိုင်းဒေတာစံနစ်အင်တာနက် အသုံးပြု မှုများကို ဆက်လက်တားဆီးထားရမည်ဖြစ်ကြောင်း တနင်္လာနေ့ ညနေပိုင်းတွင် ပြည်ထဲရေးဝန်ကြီး အာဆက် ဒူဇမန်ခန်းက ပြောဆိုသည်ဟု Dhaka Tribune က ယမန်နေ့ရေးသားသည်။  


ဒုက္ခသည်ဘင်္ဂါလီတို့ ခိုလှုံရာစခန်းများတစ်ဝှိုက်တွင် မြန်နှုန်းမြင့် အင်တာနက်အသုံးပြုမှု ကန့်သတ်ထားခြင်းမှ ရုတ်သိမ်းပေးပါရန် လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းများ၏ အကြိမ်ကြိမ်တောင်းဆိုမှုများနှင့် ပတ်သက်၍ ဘင်္ဂလားဒက်ရှ် ပြည်ထဲရေးဝန်ကြီးက ယခုကဲ့သို့ တုန့်ပြန်မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။ လွန်ခဲ့သည့်နှစ် သြဂုတ်လ ၂၅-ရက်နေ့ ကော့ခ်ဘဇား ခိုလှုံရေးစခန်းများတွင် “ ( ရခိုင်မြောက်ဖျားမှ ) အစုအပုံလိုက် ထွက်ခွာခြင်း ဒုတိယအကြိမ်မြောက် နှစ်ပတ်လည်နေ့ “ အခန်းအနားအဖြစ် ဒုက္ခသည်ဘင်္ဂါလီတို့က လူထုအစည်းအဝေးပြု လုပ်ခဲ့သည်။ အဆိုပါစုဝေးမှုအပြီး စက်တင်ဘာလတွင် လုံခြုံရေးအကြောင်းပြချဖြင့် ဒုက္ခသည်စခန်းအားလုံးနှင့် ဧရိယာတစ်ဝှိုက်၌ 3G နှင့် 4G မိုဘိုင်းဒေတာအင်တာနက်အသုံးပြုမှုကို ဘင်္ဂလားဒက်ရှ်အစိုးရက တားမြစ်ခဲ့သည်။ 

လတ်တလော ကမ္ဘာအရပ်ရပ်နှင့် ဘင်္ဂလားဒက်ရှ်တွင် ကိုဗစ်-နိုင်တင်း ကူးစက်ရောဂါကပ် ကျရောက်လျှက်ရှိသည်။ ဒုက္ခသည်များတွင် ရောဂါပျံ့နှံ့မှုကာကွယ်တိုက်ဖျက်ရေးနှင့် အသိပညာပေးရေးအတွက် မြန်နှုန်းမြင့် အင်တာနက်လိုင်းများ ပြန်လည်ဖွင့်လှစ်ပေးရန် တောင်းဆိုကြရာ ကော့ခ်ဘဇားခရိုင်အုပ်ချုပ်ရေးမှလည်း ရုပ်သိမ်းသင့်ကြောင်း အကြံပြုခဲ့သည်။ 

အကြမ်းဖက်မှုနှင့် စိတ်ကြွဆေး တရားမဝင်ရောင်းဝယ်မှုတို့အား ထိန်းချုပ်ရန်အတွက် အင်တာနက်အသုံးပြုမှု ကန့်သတ်ထားရခြင်းဖြစ်ကြောင်း၊ ဒုက္ခသည်စခန်းများ ခိုလှုံနေထိုင်သူတို့နှင့် ဘင်္ဂလားဒက်ရှ်နိုင်ငံသား ရပ်ရွာ-လူ့အသိုင်းအဝိုင်း၏ ဘေးအန္တရာယ်နှင့် လုံခြုံရေးအတွက် ဆက်လက်တားမြစ်ထားရန် လိုအပ်ကြောင်း၊ သို့သော်လည်း အခြေအနေ တိုးတက်မှုအရပ်ရပ်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်တွေ့ဆုံဆွေးနွေးပြီးနောက် ကန့်သတ်ချက် ဖြေလျော့ရန် ပြန်လည်သုံးသပ်မည်ဖြစ်ကြောင်း သတင်းထောက်များနှင့် တွေ့ဆုံရာ၌ ဘင်္ဂလားဒက်ရှ်ဝန်ကြီးက ပြောဆိုသည်။ 

ထို့ပြင် ယခုကဲ့သို့ ဆက်လက်တား မြစ်ချက်မှာ ဘင်္ဂလားဒက်ရှ်အစိုးရနှင့် အခြားအင်တာနက်ဝန်ဆောင်မှု ပေးအပ်သူတို့၏ ကိုရိုနာဗိုင်းရပ်စ်စွဲကူးစက် ကပ်ရောဂါကာကွယ်တိုက်ဖျက်ရေးနှင့် လိုအပ်ချက်များ ဖြည့်ဆည်းရေး အပေါ်တွင် အကျိုးသက်ရောက်မှုရှိသည်ဟု မိမိမထင်ကြောင်း၊ ရှိတ်ဟာစီနာအစိုးရအနေဖြင့် နိုင်ငံသားတို့နှင့် ဆက်စပ်လူ့အဖွဲ့အစည်းတို့၏ လိုအပ်ချက်နှင့် ဝန်ဆောင်မှုများ မဆုံးရှုံးစေရန် သေချာဆောင်ရွက်ပေးမည်သာ ဖြစ်ကြောင်း ဝန်ကြီးက ဆက်လက်ပြောဆိုသည်။ 

  
ကိုဗစ်-နိုင်တင်း ကူးစက်ကပ်ရောဂါကျရောက်လျှက်ရှိစဉ် ဒုက္ခသည်ဘင်္ဂါလီတို့ ခိုလှုံရာနှင့် ဆက်စပ်ဧရိယာများ ၌ မိုဘိုင်းအဆက်အသွယ် ကန့်သတ်ခြင်းနှင့် အင်တာနက်အသုံးပြုမှု့တားဆီးထားခြင်းတို့ကို ပယ်ဖျက်ပေးရန် ကမ္ဘာ့ကုလသမဂ္ဂအေဂျင်စီများ၏ အဖွဲ့အစည်းများအချင်းကြား ညှိနှိုင်းဆောင်ရွက်ရေးအုပ်စု( ISCG )၊ ဒေသန္တရ နှင့် နိုင်ငံတကာ NGO တို့က တောင်းဆိုခဲ့ကြသည်။ ထို့ပြင် မကြာမီ မုန်တိုင်းကာလနှင့် မုတ်သုန်ရာသီနီးကပ်လာပြီဖြစ်ရာ ဒုက္ခသည်မိသားစုအချင်းချင်းအကြား ကြိုတင်ပြင်ဆင်မှုနှင့် အသက်ကယ်ဆယ်ရေးအတွက် အင်တာနက်အသွယ်ကို မရှိမဖြစ်လိုအပ်ကြောင်း ထောက်ပြဝေဖန်ခဲ့ကြသည်။ 

  
(( ကမ္ဘာပေါ်တွင် ဒေသတစ်ခုအတွင်း ကာလအရှည်ဆုံး အင်တာနက်ပိတ်ဆို့ခံရခြင်းမှာ ဘင်္ဂလားဒက်ရှ်နိုင်ငံ၌ ဖြစ်ပေါ်လျှက်ရှိရာ ၂၀၁၉-စက်တင်ဘာ ၁၁-ရက်မှ ယခုတိုင်အောင်ဖြစ်သည်။ 

အထက်သတင်းပါ “ ‘`ဒုက္ခသည်ဘင်္ဂါလီများ မြန်မာနိုင်ငံမှ အစုအပုံလိုက်ထွက်ခွာခြင်း ၂-နှစ်ပြည့် လူထုအစည်းအဝေးပွဲ” ဆိုသည်ကို လွန်ခဲ့သည့် သြဂုတ်လ ၂၅-ရက်နေ့ ဘင်္ဂလားဒက်ရှ်နိုင်ငံ ကော့ခ်ဘဇားခရိုင်၊ အူခီယာ ဒုက္ခသယ်စခန်း ကူတူပါလောင် မိုဒ်ချင်ဒရာ ကွင်းပြင်တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။ ဒေသန္တရ ဒုက္ခသယ်ဘင်္ဂါလီခေါင်းဆောင်များအုပ်စု၊ RRRC၊ ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အာရကန် ဒုက္ခသယ်ဘင်္ဂါလီအသင်း ( ARSPH )၊ “ ဒုက္ခသယ်ဘင်္ဂါလီများ အသံအဖွဲ့ “ နှင့် NGO အဖွဲ့အစည်းဖြစ်သော ADRA ….. တို့က အခန်းအနား ကျင်းပရန် ကမကထပြုခဲ့ကြသည်။ 

၎င်းစုဝေးမှုနောက်ကွယ်တွင် ပါကစ္စတန်ပြည်တွင်းထောက်လှမ်းရေး ( ISI ) နှင့် ပါကစ္စတန် အခြေစိုက် အယ်လ်ခစ်မက်ဖောင်ဒေးရှင်း Al-Khidmat Foundation က ကြိုးကိုင်စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း၊ ၎င်း ဖောင်ဒေးရှင်းသည် အယ်လ်ကိုင်ဒါဘာသာရေးအစွန်းရောက်အကြမ်းဖက်အဖွဲ့ကို ငွေကြေးထောက်ပံ့ပေးသူဖြစ်ကြောင်း၊ ARSPH အသင်း ဥက္ကဋ္ဌ မိုဟာမက်မိုဟီဘူလာမှာလည်း ပါကစ္စတန်နှင့် ဆက်နွယ်သည့် အစွန်းရောက် အကြမ်းဖက်သမားအဖြစ် အိန္ဒိယသတင်းစာများက စွပ်စွဲရေးသားခဲ့သည်။ 

၎င်းသတင်းကို ဘင်္ဂလားဒက်ရှ်မီဒီယာတို့က ကူးယူဖော်ပြရာတွင် ARDA နှင့် အခြား NGO အဖွဲ့အစည်းဖြစ်သော အယ်လ်မာကာဂျူလ်အစ္စလာမ်မီဆန်သာတို့က လူထုအစည်းအဝေးတွင် စုဝေးသူများအား တီရှပ်များ ဝေငှခြင်းနှင့် ကြွေးကြော်သံဆိုင်းဘုတ်များဖြန့်ဝေခြင်းတို့ ပြုလုပ်ခဲ့ကြကြောင်း၊ ARSPH မိုဟီဘူလာသည် အခန်းအနားကျင်းပရန် လာဘ်ငွေလက်ခံခဲ့ကြောင်း၊ ရခိုင်မြောက်ဖျားမှ ညှင်းပန်းနှိပ်စက်မှုများကြောင့် ထွက်ပြေးလာပြီး ကော့ဘဇားတွင် ဒုက္ခသည်အဖြစ် ခိုလှုံနေသူ ARSPH မိုဟီဘူလာက ပြည်ပသို့ တရားဝင် နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထွက်ခွာယုံမက၊ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံနိုင်သည်အထိ အခွင့်အရေးရရှိခဲ့ခြင်းမှာ အံ့သြဖွယ်ဖြစ်ကြောင်း၊ ထိုအခန်းအနားကျင်းပရန် ဘင်္ဂလားဒက်ရှ်အစိုးရ၏ သက်ဆိုင်ရာအဖွဲ့အစည်းများ ထံ ကြိုတင်ခွင့်ပြုချက်တောင်းခံခြင်းမရှိကြောင်း ရေးသားကြသည်။ 


ထိုအတွက် ဘင်္ဂလားဒက်ရှ်အစိုးရက အဖွဲ့ဝင် ၃-ဦးပါ စုံစမ်းရေးကော်မတီဖွဲ့စည်း စုံစမ်းပြီးနောက် NGO အဖွဲ့အစည်းအချို့အား လုင်ငန်းဆောင်ရွက်ခွင့် ရုတ်သိမ်းခဲ့သည်။ အခြား NGO နှင့် အကူအညီပေးရေးအဖွဲ့စည်း ၄၀-ကျော်တို့မှာလည်း ဘင်္ဂလားဒက်ရှ်မှ ထွက်ခွာသွားခဲ့ရသည်။ 
ဒုက္ခသည်စခန်းများအတွင်း၊ လူကုန်ကူးခြင်း၊ စိတ်ကြွေဆေး သယ်ပို့ရောင်းဝယ်ခြင်း၊ လူသတ်မှု- ညှင်းပန်းနှိပ်စက်မှုစသည့်တို့ဖြစ်ပွားလျှက်ရှိပြီး ဒေသခံနိုင်ငံသားတို့အပေါ် ဒုစရိုက်မှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်လျှက် ရှိကြောင်း၊ ပြည်ပနှင့် ဘင်္ဂလားဒက်ရှ်အစိုးရက တရားမဝင်ကြေညာထားသည့် အဖွဲ့အစည်းတို့က အစွန်းရောက်-အကြမ်းဖက်အယူအဆများ သွတ်သွင်းရန် ဒုက္ခသည်များအား ပစ်မှတ်ထားစည်းရုံးလျှက်ရှိကြောင်း 
ဘင်္ဂလားအခြေစိုက် မီဒီယာတို့က အသေးစိတ် ဖော်ပြခဲ့ကြသည်။ ။ သတင်းဘာသာပြန်သူ )) 

((( Dhaka Tribune., March 30th, 2020,” Home minister: Restrictions on 3G, 4G internet to continue in Rohingya camps.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ် ဘာသာပြန်ဆိုသည်။ ဆက်စပ် သတင်းများမှာ ပေးထားပါ Link များအတိုင်းဖြစ်ပြီး လွှင့်တင်ရန်အခက် အခဲကြောင့် အတူမဖော်ပြနိုင်သည့် Links များကို https://m.vk.com/ounghtay နှင့် https://h2oupdatenews.com/ တွင်ရှ့ပါရန် ))) 

#ကိုဗစ်-နိုင်တင်းရောဂါကော့ခ်ဘဇားဒုက္ခသည်စခန်းအင်တာနက်ဆက်သွယ်ရေး 

https://www.dhakatribune.com/bangladesh/rohingya-crisis/2020/03/30/home-minister-restrictions-on-3g-4g-internet-to-continue-in-rohingya-camps 
https://www.thedailystar.net/rohingya-crisis/news/launch-coronavirus-awareness-campaign-rohingya-camps-lift-curbs-mobile-internet-1887802 
https://zeenews.india.com/india/pakistans-isi-backed-jem-radicalising-rohingya-muslims-to-carry-out-attacks-in-india-warns-bsf-2230187.html 

http://www.ntvbd.com/bangladesh/269455/%e0%a6%b0%e0%a7%8b%e0%a6%b9%e0%a6%bf%e0%a6%99%e0%a7%8d%e0%a6%97%e0%a6%be%e0%a6%a6%e0%a7%87%e0%a6%b0-%e0%a6%ac%e0%a6%bf%e0%a6%b6%e0%a6%be%e0%a6%b2-%e0%a6%b8%e0%a6%ae%e0%a6%be%e0%a6%ac%e0%a7%87%e0%a6%b6%e0%a7%87%e0%a6%b0-%e0%a6%a8%e0%a7%87%e0%a6%aa%e0%a6%a5%e0%a7%8d%e0%a6%af%e0%a7%87-%e0%a6%aa%e0%a6%be%e0%a6%95%e0%a6%bf%e0%a6%b8%e0%a7%8d%e0%a6%a4%e0%a6%be%e0%a6%a8%e0%a7%87%e0%a6%b0-%e0%a6%86%e0%a6%b2-%e0%a6%96%e0%a6%bf%e0%a6%a6%e0%a6%ae%e0%a6%be%e0%a6%a4-%e0%a6%ab%e0%a6%be%e0%a6%89%e0%a6%a8%e0%a7%8d%e0%a6%a1%e0%a7%87%e0%a6%b6%e0%a6%a8 

https://www.youtube.com/watch?v=HNOUkDSYwrc&feature=youtu.be&fbclid=IwAR3lJZzXJz46ZZOtIz6tj5W-oNCVjbpO2d9vxdJnXToxZrx_8qCD9x_bFKg&app=desktop 

http://www.ukhiyanews.com/%e0%a6%b0%e0%a7%8b%e0%a6%b9%e0%a6%bf%e0%a6%99%e0%a7%8d%e0%a6%97%e0%a6%be%e0%a6%a6%e0%a7%87%e0%a6%b0-%e0%a6%b8%e0%a6%ae%e0%a6%be%e0%a6%ac%e0%a7%87%e0%a6%b6%e0%a7%87%e0%a6%b0-%e0%a6%a8%e0%a7%87%e0%a6%aa/?fbclid=IwAR3NDq-vrBAL9aPxNJPBkkeWbKelK0_xL3LVBHeEVegVekJkiRIGCDit81U 

http://www.uniindia.com/pakistan-based-al-khidmat-foundation-mastermind-behind-rohingya-rally-in-cox-s-bazar/world/news/1711940.html 

https://economictimes.indiatimes.com/news/politics-and-nation/bangladesh-accuses-pakistan-of-interfering-in-its-internal-affairs/articleshow/70899944.cms 

https://www.dhakatribune.com/bangladesh/rohingya-crisis/2019/09/09/probe-report-instigators-of-rohingya-mass-rally-in-ukhiya-identified 

0

Leave a Reply

Your email address will not be published.