ဂျေရုဆလင်မြို့ဟောင်းတွင် ပါလက်စတိုင်းနှင့် အစ္စရေးရဲတပ်ဖွဲ့ဝင်များ အဓိကရုန်းဖြစ်။ အစ္စလာမ်တို့၏ တတိယမြောက်အမြင့်မြတ်ဆုံး အယ်လ်-အက္ကဆာဗလီအတွင်း မျက်ရည်ယိုကျည်နှင့် အသံဗုံးများ ကျရောက်။ ပါလက်စတိုင်းမိသားစုများအား အတင်းအဓမ္မနှင်ထုတ်၍ ဂျူးအခြေချသူများအား နေရာချထားမည်


တနင်္လာနေ့တွင် ဂျေရုဆလင်မြို့ရှိ အယ်လ်-အက္ကဆာဗလီအပြင်ဘက်၌ ကျောက်ခဲများဖြင့် ပစ်ပေါက်သူ ပါလက်စတိုင်းတို့နှင့် ပဋိပက္ခဖြစ်ပွားစဉ် အစ္စရေးရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဓါတ်ငွေ့၊ အသံဗုံး၊ ရာဘာကျည်များဖြင့် ပစ်ခတ်သည်ဟု RT က ယနေ့ရေးသားသည်။

…   
အခင်းဖြစ်ပွားစဉ် မျက်ရည်ယိုကျည်နှင့် အသံဗုံး ၁၂-ခုကျော်တို့မှာ အစ္စလာမ်ဘာသာဝင်ဝင်တို့၏ တတိယမြောက် အမြင့်မြတ်ဆုံးဖြစ်သော အယ်လ်-အက္ကဆာဗလီအတွင်း ကျရောက်ခဲ့သည်ဟု AP ဓါတ်ပုံသတင်းထောက်က ဖော်ပြသည်။

…   
အကြမ်းဖက်မှုကြောင့် အနည်းဆုံး ပါလက်စတိုင်း ၂၁၅-ဦးကျော် ဒဏ်ရာရရှိခဲ့ပြီး၊ ဆေးရုံတင်ထားရသူ ၁၅၃ ဦးအနက် ၄-ဦးမှာ စိုးရိမ်ရသော အခြေအနေ၌ ရှိကြောင်း ပါလက်စတိုင်း ဆေးအကူသူနာပြုများ၏ အဆိုအရ သိရှိရသည်။ အစ္စရေးရဲတပ်ဖွဲ့က ပြောဆိုရာတွင်မူ ဆေးရုံတင်ထားရသူ ၁-ဦးအပါအဝင် ဒဏ်ရာရရှိသည့် ရဲတပ်ဖွဲ့ဝင် ၉-ဦး ရှိကြောင်း အတည်ပြုသည်။

…   
မွတ်စလင်တို့၏ နေရပ်ဖြစ်သော မြို့တော်ဟောင်း တံတိုင်း၊ ဂျူးနှင့် ခရစ်ယာန်တို့၏ မြင့်မြတ်သော နေရာများ ပါဝင်သည့် အရှေဂျေရုဆလင်အား အစ္စရေးတို့က သိမ်းပိုက်ခြင်း နှစ်ပတ်လည်အခမ်းအနားအဖြစ် #ဂျေရုစလင်နေ့ သတ်မှတ်သည့် နောက်ပိုင်း ဂျေရုဆလင်မြို့ဟောင်းရှိ သန့်ရှင်းသော ပရဝုဏ်အတွင်း ပါလက်စတိုင်းနှင့် အစ္စရေးတပ်ဖွဲ့တို့အကြား တင်းမာမှုမြင့်တက်လာပြီးနောက် ယခုနောက်ဆုံး ထိပ်တိုက်တွေ့ကြခြင်းဖြစ်သည်ဆို၏။

…    
အရှေ့ဂျေရုစလင်ပိုင်နက်အတွင်း သွတ်သွင်းခြင်းခံရသည့် နယ်မြေနေ ပါလက်စတိုင်းမိသားစုတို့အား အတင်းအဓမ္မနှင်ထုတ်ရန် ရည်ရွယ်သည့်အတွက် ဒေါသတကြီးဖြစ်လျှက်ရှိကြစဉ် တင်းမာမှုများမှာ ပိုမိုဆိုးရွားလာရသည်။ အစ္စရေးတို့က အဆိုပါမြေကို ဂျူးအခြေချသူများအား ပေးအပ်ရန် ရည်ရွယ်ထားကြောင်း သိရှိရသည်။

…   
အကြမ်းဖက် ပဋိပက္ခဖြစ်ပွားခဲ့သဖြင့် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း  ရာပေါင်းများစွာသော ပါလက်စတိုင်းများနှင့် အစ္စရေးရဲတပ်ဖွဲ့ဝင် နှစ်ဆယ်ခန့် ဒဏ်ရာရရှိခဲ့ကြပြီးဖြစ်သည်။

(( ယခုသတင်းကို ပြန်လည်ရေးသားစဉ် ကျွန်တော့်အနေဖြင့် #Leon_Uris ရေးသား၍ ဆရာမောင်ပေါ်ထွန်း ဘာသာပြန်သော #The_Haj ( အကြီးအကဲ ) ဝတ္ထုအား စိတ်မကောင်းစွာ ပြန်လည် အမှတ်ရမိပါသည်။

အဆိုပါဝတ္ထုမှာ #နိုင်ငံတစ်ခု_ပျက်သုဉ်းခြင်း တစ်နည်းအားဖြင့် #ပါလက်စတိုင်းနိုင်ငံတော်_ပျက်သုဉ်းခြင်း ဖြစ်ရပ်မှန်ကို အခြေခံ ရေးဖွဲ့ထားခြင်းဖြစ်သည်။

မိမိတို့၏ ဘိုးဘွားပိုင်မြေပေါ်တွင် နေထိုင်သူအချင်းချင်း မသင့်မြတ်မှု၊ လေတစ်လုံး မိုးတစ်လုံး စကားကြီး စကားပြောတတ်ခြင်းမှတစ်ပါး အသိအမြင်ခေတ်နောက်ကျမှု၊ ရန်သူအစ္စရေးတို့ပေါ် အထင်သေးစွာ လျှော့တွက်မှု၊ အာဏာရရှိရန်အတွက် မိမိတို့နှင့် မျိုးနွယ်တူ အာရပ်အချင်းချင်း ကောက်ကျစ်စွာ ကလိမ်ကျမှု တို့ဖြင့် ပါလက်စတိုင်း တစ်မျိုးသားလုံး နိုင်ငံပျောက်ကာ ဒုက္ခသည်ဘဝသက်ဆင်းရပုံ၊

နောက်ဆုံး ကမ္ဘာတည်သရွေ့ အဖြေမရှိသော ပြဿနာကြီး တစ်ရပ်အား အစဆွဲထုတ်မိပုံတို့ကို စိတ်ဝင်စားဖွယ် ရေးဖွဲ့ထားသဖြင့် လူငယ်တိုင်း လက်မလွတ်တမ်း ဖတ်ရှုသင့်ပါသည်။

…  
ပါလက်စတိုင်းမြေ ငြိမ်းချမ်းပါစေ၊ ရှေးအတီတေ တည်ရှိခဲ့သည့်အတိုင်း ဂျူးနှင့် ပါလက်စတိုင်းတို့ ပြန်လည် သင့်မြတ်နိုင်ကြပါစေ။       ။ သတင်း ဘာသာပြန်သူ))


..



(((RT., May 10,2021, “ Hundreds injured during clashs at Al – Aqsa Mosque compound.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.rt.com/news/523222-jerusalem-israeli-palestinian-clashes-injured/ 

+2

Leave a Reply

Your email address will not be published.