ဂျော့ဆိုးရော့စ်နှင့် တွေ့ဆုံခဲ့သော ဝန်ကြီးချုပ်အား “ ဂျူးသူလျှို၊ ပြည်ပနိုင်ငံရေးကစားသမားများ ရုပ်သေးရုပ် “ အဖြစ် ပါကစ္စတန်အစ္စလာမ်ခေါင်းဆောင်များ စွပ်စွဲ။ ခန်းဖယ်ရှားရေးတိုက်ပွဲ စတင်ဟုဆို

ဘီလျှံနာသူဋ္ဌေးကြီး ဂျော့ဆိုးရော့စ်နှင့် ပါကစ္စတန်ဝန်ကြီးချုပ်အင်မရန်ခန်းတို့ တွေ့ဆုံခဲ့မှု့သည် ခန်းအား ဂျူးနှင့် ချိတ်ဆက်ရှိကြောင်း နိုင်ငံအဝှမ်းအစ္စလာမ်မစ်များအတွက် သက်သေပြစရာဖြစ်ခဲ့ရပြီး ဝန်ကြီးချုပ်ဖြုတ်ချရေးအဖြစ် ပြောင်းပြန်ရလာဒ်ထွက်ပေါ်ခဲ့ရသည်ဟု Russia Today က ယမန်နေ့ရေးသားသည်။ 

  
အစ္စလာမ်မစ်သဘောထားတင်းမာသူများနှင့် လက်ယာပါတီ ၅-ခု၏ ဦးဆောင်မဟာမိတ် “ ဂျမီယတ်အူလ်မာအီး အစ္စလာမ်ဖာဇူးလ်“ ( JUI-F ) ပါတီခေါင်းဆောင် ဖာဇူလာရာမန်က “ ခန်းဖယ်ရှားရေးတိုက်ပွဲ “ စတင်ကြောင်း ကြေညာလိုက်သည်ဟု သိရှိရသည်။။ 


လူသိရှင်ကြား ကန့်ကွက်သည့်အနေဖြင့် အောက်တိုဘာ ၂၇ ရက်နေ့တွင် “ လွတ်လပ်ရေးချီတက်ပွဲ “ကို ကျင်းပရန်ရည်ရွယ်ထားရာ အာဏာပိုင်များနှင့် ၎င်းတို့ကို ထောက်ခံသူများက ပျက်ပြားအောင်လုပ်ဆောင်ခဲ့လျှင် အစိုးရပြုတ်ကျသည်အထိ တိုက်ပွဲဝင်မည်ဖြစ်ကြောင်း သတိပေးထားသည်။ အခြားအတိုက်အခံ MMA ပါတီ ကလည်း လွန်ခဲ့သည့်နှစ်တွင် ရွေးကောက်ပွဲအတု မဲရလာဒ်အတုဖြင့် အင်မရန်ခန်းက ဝန်ကြီးချုပ်ဖြစ်လာသည်ဟု ထပ်မံ စွပ်စွဲလိုက်ပြီး ရာထူးမှနှုတ်ထွက်ပေးရန် တောင်းဆိုလိုက်သည်။ 

  
အတိုက်အခံတို့က စွပ်စွဲရာတွင် ရွေးကောက်ပွဲမသမာမှုကို မကြာခဏ ထုတ်သုံးလေ့ရှိသည်။ ယခုနောက်ဆုံး အင်မရန်ခန်းနှင့် “ ပွင့်လင်းလူအဖွဲ့အစည်း “ တည်ထောင်သူ ဘီလျှံနာသူဋ္ဌေးကြီး ဂျော့ဆိုးရော့စ်တို့ စက်တင်ဘာလ ကုလသမဂ္ဂအထွေထွေညီလာခံကျင်းပစဉ် ပြင်ပ၌ တွေ့ဆုံခဲ့ခြင်းဆီသို့ ရောက်ရှိသွားသည်ဆို၏။ 


ထိုသို့တွေ့ဆုံခြင်းမှာ ပါကစ္စတန်အစ္စလာမ်များအတွက် ယမ်းပုံမီးကျဖြစ်ခဲ့ရသည်။ ဝန်ကြီးချုပ်အား “ ဂျူးသူလျှို၊ ပြည်ပနိုင်ငံရေးကစားသမားများအလိုကျ ပါကစ္စတန်နိုင်ငံအား မွှေနှောက်သူအဖြစ် စွပ်စွဲကြသည်။ နာမည်ပျက် ဂျူးအား လက်ခံတွေ့ဆုံခြင်းဖြင့် ဘာသာရေးဆိုင်ရာ ပညာရေးစံနစ် ပြောင်းလဲရန် ခန်းအစိုးရတွင် ဆန္ဒမရှိပုံကို ထင်ဟပ်ပေါ်လွင်စေကြောင်း၊ ပါကစ္စတန်ပညာရေးစံနစ်အား အနောက်နိုင်ငံလက်ဝေခံဖြစ်အောင် သွတ်သွင်းလျှက်ရှိကြောင်း ရာမန်က ပြောဆိုသည်။ 

မွတ်စလင်အစစ်အမှန်တို့အနေဖြင့် ( PTI ) ပါတီအား မဲပေးခြင်းသည် “ဟာရမ် “ ( တားမြစ်ချက်ကိုကျူးလွန် ) ရာရောက်ကြောင်း ရာမန်က ၂၀၁၃-ခုနှစ်တွင် “ ဖတ္တဝါ “ ဘာသာရေးပြန်တမ်း ကြေညာခဲ့ဖူးသည်။ ယခု ဆိုးရော့စ်နှင့် အင်မရာခန်းတို့တွေ့ဆုံခြင်းမှာ ရာမန်အတွက် ထိုးနှက်ရန် အကွက်ကောင်း ဖြစ်လာသည်။ 
၂၀၁၈-ခုနှစ် သြဂုတ်လရွေးကောက်ပွဲတွင်  PTI က ပါလီမန်၌ ၁၅၆ နေရာအတွက် အနိုင်ရရှိခဲ့ပြီး ပါတီဥက္ကဋ္ဌ အင်မရန်ခန်း ဝန်ကြီးချုပ်လာခဲ့သည်။ ရာမန်၏ ၅ ပါတီညွန့်ပေါင်းက ၁၆ နေရာ၊ လက်ယာယိမ်းပါကစ္စတန် မွတ်စလင်အဖွဲ့ချုပ်က ၈၄-နေရာရရှိခဲ့သည်။ 

((( အောက်တိုဘာ – ၀၈၊ ၂၀၁၉။ Russia Today, 7 Oct, 2019,” PM Khan branded ‘Jewish agent’ after meeting Soros as Islamist leader declares ‘WAR’ on govt.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 

https://www.rt.com/news/470380-khan-soros-jewish-agent/ 

0

Leave a Reply

Your email address will not be published.