ဂျော့ဖလွိုက်အတွက် တရားမျှတမှု တောင်းဆိုဆန္ဒပြသူများ အမေရိကန်သမ္မတ အိမ်ဖြူ တော်ဝင်းအတွင်းသို့ ချိုးဖောက်ဝင်ရောက်သွားပြီလား ။ သမ္မတဒေါ်နယ်ထရမ့်နှင့် မိသားစုတို့ ထွက်ပြေးသွားကြောင်း သတင်းများ လူမှုကွန်ယက်၌ ပြန့်နှံ့နေ

အမေရိကန်လူမည်း ဂျော့ဖလွိုက်သေဆုံးရခြင်းအတွက် ဆန္ဒပြကန့်ကွက်သူများသည် အိမ်ဖြူတော်ဝင်း၏ အကာအရံတံတိုင်းအား ချိုးဖျက်ဝင်ရောက်သွားနိုင်ခဲ့ပြီး၊ သမ္မတအိမ်တော်အား ဝိုင်းဝန်းတိုက်ခိုက်လျှက်ရှိကြောင်း ဗွီဒီယိုရုပ်သံမှာ ယနေ့ လူမှုကွန်ရက်အသုံးပြုများအချင်းချင်း ဖြန့်ဝေခြင်းဖြင့် ပြန့်နှံ့လျှက်ရှိကြောင်း အင်တာနက် သတင်းအမှားများကို စိစစ်လျှက်ရှိသည့် Fact Check က ယနေ့ရေးသားသည်။

ဗွီဒီယို၌ “ ဆန္ဒပြကန့်ကွက်သူများသည် အိမ်ဖြူတော်ဝင်းအတွင်းသို့ ချိုးဖျက်ဝင်ရောက်သွားနိုင်ခဲ့ရာ အမေရိကန်နိုင်ငံသမိုင်းတွင် ပထမဆုံးအကြိမ်ဖြစ်ကြောင်း၊ အိမ်ဖြူတော်ဝင်း အရှေ့ဖက်တွင် သေနတ်ပစ်ခတ်မှုများ ဖြစ်ပွားလျှက်ရှိပြီး၊ သတင်းရင်းမြစ်အချို့အရ သမ္မတဒေါ်နယ်ထရမ့်နှင့် ၎င်း၏ မိသားစုများမှာ ကင်ဆပ်ပြည်နယ်သို့ ထွက်ပြေးသွားပြီဖြစ်ကြောင်း၊ CIA အနေဖြင့် ၁-နာရီအတွင်း အရေးပေါ်အစည်းဝေးကျင်းပရန် ခေါ်ယူထားကြောင်း “ စသည်ဖြင့် စာရေးထိုးထားသည်။

၎င်း ဗွီဒီယိုသည် အချက် ၄- ချက်ကို သတိထားကြည့်မိလျှင် သတင်းအတုဖြစ်ကြောင်း အလွယ်တကူ သေချာစွာသိရှိနိုင်သဖြင့် ဆက်လက်မျှဝေခြင်းမပြုသင့်ကြောင်း Fact Check က တိုက်တွန်းသည်။


#အဆိုပါအဆောက်အအုံမှာအိမ်ဖြူတော်မဟုတ်ပါ


ဂျော့ဖလွိုက်အရေး ကန့်ကွက်ဆန္ဒပြသူများသည် အိမ်ဖြူတော်အနီး စုရုံးလျှက်ရှိသည်မှာ သတင်းအမှန် ဖြစ်သည်။ သို့သော် အိမ်ဖြူတော်၏ ခြံစည်းရိုးတံတိုင်းအနီး မည်သူမျှ မကပ်နိုင်စေရန် အတားအဆီးများ ချထားသည်။

#အိမ်ဖြူတော်အနီးအထိမည်သူမျှဝင်ရောက်နိုင်ခြင်းမရှိပါ။


ဗွီဒီယိုတွင် အိမ်ဖြူတော်အဖြစ်ဖော်ပြထားသည်မှာ အမေရိကန်သမ္မတအိမ်တော်အား မမြင်ဖူးသူများအား ပုံမှားရိုက်ရန် တရုတ်စစ်တပ်၏ ငပိန်းဖမ်းခြင်းသာဖြစ်ကြောင်း

ပုံ၏ လက်ဝဲအစွန်တွင် အဆောက်အအုံ ၂-ခု ကို အလွယ်တကူ မြင်တွေ့နိုင်ပြီး ၎င်းမှာ KeyBank and Chase အဆောက်အအုံဖြစ်ကြောင်း ဆိုင်းဘုတ်ကြီးကို တွေ့နေရသည်၊ အိမ်ဖြူတော်အဖြစ်ပြသထားသည့် အဆောက်အအုံ၏ အဝင်မျက်နှာစာမှာ အဝိုင်းမဟုတ်သည့်အပြင် အပေါ်ထိပ်ပိုင်းတွင် မျှော်စင်ကဲ့သို့ အမိုးခုံးကြီးပါဝင်နေသည်။

#အဆိုပါအဆောက်အအုံမှာအိုဟိုင်းယိုးပြည်နယ်အစိုးရရုံးဖြစ်သည်။

လူမှုကွန်ရက်၌ ဖြန့်ဝေနေကြသော ပုံမှာ အိုဟိုင်းယိုးပြည်နယ်အစိုးရရုံးအား ကန့်ကွက်ဆန္ဒပြသူတို့က လက်သရမ်းဖျက်ဆီးခိုက်ဖြစ်သည်။


ကျိုးပဲ့နေသော သစ်သားဘောင်ပြတင်းပေါက်များ၊ တံခါးပေါက် ၂-ခု၊ မီးတိုင် ၅-ခုကို တွေ့ရပြီး


#မေ-၂၈၊၂၀၂၀ရက်၌ရိုက်ကူးခဲ့သောဗွီဒီယိုဖြစ်သည်


#အိမ်ဖြူတော်အထိကျူးကျော်ဝင်ရောက်သွားပြီဖြစ်ကြောင်းမည်သည့်တရားဝင်သတင်းမီဒီယာမျှဖော်ပြခြင်းမရှိပါ

သမ္မတဒေါ်နယ်ထရမ့်၏အမြတ်နိုးဆုံးနေအိမ်မှာဖလော်ရီဒါ၌တည်ရှိသည်။

#ကင်ဆပ်ပြည်နယ်သို့ ဒေါ်နယ်ထရမ့်နှင့်မိသားစုတို့ထွက်ပြေးရန်ယုတ္တိမရှိပါ

CIA သည် ပြည်ပထောက်လှမ်းရေးနှင့်သာ သက်ဆိုင်သောအဖွဲ့အစည်းဖြစ်သည်။ ပြည်ပမှရရှိသော သတင်းအချက်အလက်များကို ခွဲခြားစိတ်ဖြာလေ့လာသည်။

ကန့်ကွက်ဆန္ဒပြစဉ် ရာဇဝတ်မှုခင်းများဖြစ်ပွားခဲ့လျှင် FBI ကသာ တာဝန်ယူရန်ဖြစ်သည်။ ဖက်ဒရယ်တရားဥပဒေစိုးမိုးရေးဋ္ဌာနနှင့် တိုက်ရိုက်မသက်ဆိုင်ချေ။ ယေဘူယျအားဖြင့် ပြည်နယ်ရဲတပ်ဖွဲ့တို့ကသာ ကိုင်တွယ်သည်။


#CIAသည်ပြည်တွင်းရေးရာများတွင် ပါဝင်ပတ်သက်ခြင်းမရှိ

((( Fact Check., 31 May, 2020 , “Fact Check : George Floyd Protestors Broke Into White House! By; Dr. Adrian Wong ” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာ ပြန်ဆို သည်။ )))


#ဂျော့ဖလွိုက်အတွက်ဆန္ဒပြသူများအိမ်ဖြူတော်ဝင်းအတွင်းသို့ပထမဆုံးအကြိမ် ချိုးဖောက်ဝင်ရောက်သွားကြောင်းသတင်းတု

#သမ္မတဒေါ်နယ်ထရမ့် ထွက်ပြေးသွားကြောင်း သတင်းအမှား

0

Leave a Reply

Your email address will not be published.