ဂျော်ဒန်ဘုရင်၏ အဖေတူအမေကွဲညီ အိမ်ရှေ့မင်းသားဟောင်းဖြစ်သူ ပုန်ကန်ရန်ကြံစည်မှုဖြင့် နေအိမ်အကျယ်ချုပ်ချမှတ်ခံရ။ ပြည်ပအစိုးရနှင့် ပတ်သက်မှုရှိဟု နိုင်ငံခြားရေးဝန်ကြီး တရားဝင်အတည်ပြု။ မင်းသားဟမ်ဇား၏ဇနီးက တိုင်းပြည်မှ ထွက်ပြေးရန် နိုင်ငံခြားထောက်လှမ်းရေးထံ လေယာဉ်တောင်းခံဟုဆို


မင်းသား_ဟမ်ဇာဘင်ဟူစိန်အား ပြည်ပအဖွဲ့အစည်းများနှင့် ဆက်နွယ်၍ နိုင်ငံတော်လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ကြံစည်မှုဖြင့် တရားစွဲဆိုထားကြောင်း တနင်္ဂနွေနေ့ မီဒီယာတွေ့ဆုံပွဲ၌ ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီးက ရှင်းလင်းပြောဆိုသည်ဟု Russia Today က ယမန်နေ့ ရေးသားသည်။

…   
လွန်ခဲ့သည့် စနေနေ့တွင် မင်းသားဟမ်ဇားအပါအဝင် ၁၆-ဦးခန့်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။ မင်းသားဟမ်ဇားသည် #တမန်တော်မိုဟာမက်၏_တိုက်ရိုက်မျိုးဆက် ၄၀ မြောက်ဖြစ်သူ # ဂျော်ဒန်ဘုရင်_ဟူစိန်နှင့် ၎င်း၏ စတုတ္ထဇနီး အမေရိကန်ဇာတိဖွား မိဖုရားနူးရ်တို့၏ အကြီးဆုံးသားဖြစ်ပြီး အဖေတူအမေကွဲ လက်ရှိဘုရင် #ဒုတိယမြောက်_ အဗ္ဗဒူလာ၏ ထီးနန်းဆက်ခံမည့် အိမ်ရှေ့မင်းသားဖြစ်ခဲ့ဖူးသည်။ ၂၀၀၄-ခုနှစ်တွင် ဘုရင် အဗ္ဗဒူလာက သားဖြစ်သူ ဟူစိန်အား အိမ်ရှေ့အရာအပ်နှင်း၍ မင်းသားဟမ်ဇားအား ထီးနန်းအရိုက်အရာမှ ဖယ်ရှားခဲ့သည်။

…   
မင်းသားဟမ်ဇားနှင့် အပေါင်းပါများမှာ ပြည်ပတပ်ဖွဲ့များအကူအညီဖြင့် တော်ဝင်မိသားစုအား တိုက်ခိုက်ရန်ကြံစည်မှု စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဂျော်ဒန်နိုင်ငံဝန်ကြီးက အတည်ပြုသည်။ သို့သော် မင်းသားဟမ်ဇာ၏ နိုင်ငံတော်အကြည်ညိုပျက်စေကြောင်း စွပ်စွဲချက်မှာ လက်ရှိဘုရင်အား ဖြုတ်ချရန် အားထုတ်ခြင်း ဟုတ် မဟုတ် ရှင်းလင်းစွာ ဖော်ပြခြင်း မရှိပေ။

…   
ဂျော်ဒန်အာဏာပိုင်များသည် မင်းသားဟမ်ဇာ၏ သံသယဖြစ်ဖွယ် လှုပ်ရှားအားထုတ်မှုများကို ကာလကြာမြင့်စွာ စောင့်ကြည့်ခဲ့ပြီး ကြံစည်မှုအစီအစဉ်အား အခိုင်အမာအကောင်အထည်ဖော်မည့်အချိန်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ မင်းသားဟမ်ဇာ၏ဇနီးသည် ပြည်ပထောက်လှမ်းရေးအဖွဲ့အစည်းနှင့် အဆက်အသွယ်ရှိကြောင်း၊ ဂျော်ဒန်မှ ထွက်ပြေးရန် လေယာဉ်တစ်စီးကို ဟမ်ဇာ၏ဇနီးက တောင်းခံခဲ့ကြောင်း နိုင်ငံခြား ရေးဝန်ကြီးက ပြောဆိုသော်လည်း ကြံစည်မှုတွင် ပါဝင်ပတ်သက်ကြောင်း သံသယရှိသည်ဆိုသော နိုင်ငံခြားတိုင်းပြည်၏အမည်ကို ဖော်ပြခြင်း မရှိပေ။

…  
#တော်ဝင်_ဟာရှီမိုက်မင်းဆက်သည် ယခုနန်းတွင်းဖြစ်ရပ်အပေါ် သနားဂရုဏာထား၍ တရားဥပဒေနှင့်အညီ ဖြေရှင်းရန် ရည်ရွယ်ကြောင်း ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီးက ဆက်လက်ပြောဆိုသည်။

…   
တနင်္ဂနွေနေ့တွင် မင်းသားဟမ်ဇား၏ မိခင်ဖြစ်သူ မိဖုရားနူးရ်က ပြောဆိုရာ၌ မင်းသားဟမ်ဇားမှာ အပြစ်မရှိကြောင်း၊ စွပ်စွဲအပြစ်ရှာလိုသူများ၏ သားကောင်ဖြစ်ခဲ့ရကြောင်း၊ တရားမျှတစွာ ဖြေရှင်းနိုင်ရန် မျှော်လင့်ပါ ကြောင်း Twitter ၌ ပုဂ္ဂိုလ်ရေး စွပ်စွဲ ရေးသားကြောင်း တွေ့ရှိရသည်။ …   
((ယခုသတင်းနှင့် ပတ်သက်၍ ဆက်စပ်သတင်းများကို လက်လှမ်းမီသမျှ ရှာဖွေရာတွင် ဂျော်ဒန်နှင့် အစဉ်အလာအရ မသင့်တင့်ဆုံးနိုင်ငံမှာ အစ္စရေးုဖြစ်ကြောင်း တွေရှိရသည်။ ဂျော်ဒန်ုမြစ်အနောက်ဘက်ကမ်း သိမ်းပိုက်ခံနယ်မြေတွင် အစ္စရေးက လူနေရပ်ကွက်များဖော်ထုတ်လျှက်ရှိခြင်းနှင့် ပတ်သက်၍ ဂျော်ဒန်နှင့် အစ္စရေးအကြား မကြေလည်မှုများ မြင့်တက်လျှက်ရှိနေသည်။ ။သတင်းဘာသာပြန်သူ )))

(((Russia Today., 4 Apr, 2021,” Jordanian FM confirms accusations against ex-Crown Prince Hamzah, alleges foreign government involvement.” ကို #HtayOung, #OungMarine ဆီလျော် အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

#ဂျော်ဒန်အိမ်ရှေ့မင်းသားဟောင်းပြည်ပအင်အားစုများအကူအညီရယူ၍_ပုန်ကန်ရန်ကြံစည်မှုဖြင့်အဖမ်းခံရ

https://www.rt.com/news/520099-jordan-palace-plot-confirmed/
https://www.rt.com/news/520070-jordan-coup-attempt-arrests/

0

Leave a Reply

Your email address will not be published.