ဆော်ဒီက ၎င်းနိုင်ငံရောက် မပြန်နိုင်သေးသည့် ဘင်္ဂလားဒေ့ရှ်များအတွက် နေထိုင်ခွင့်သက်တမ်း တိုးပေးထားရန် ဆုံးဖြတ်ဟု ဆို။ ဆော်ဒီလေယာဉ်များ အကန့်အသတ် မရှိ ပျံသန်းရန် ဒါကာ အစိုးရ ခွင့်ပြုပေးရ။

ဆော်ဒီအာရေးဗီးယားက ၎င်းနိုင်ငံ၌ ရောက်ရှိနေပြီး ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဖြစ်ပွားနေစဉ် လေယာဉ်အခက်အခဲကြောင့် လောလောဆယ်ပြန်ရန် မဖြစ်နိုင်သေးသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများအတွက် ဗီဇာသက်တမ်း တိုးထားပေးရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အေကေအဗ္ဗဒူမိုမန်က ဗုဒ္ဓဟူးနေ့တွင် ပြောဆိုသည်ဟု Dhaka Tribune က ယမန်နေ့ရေးသားသည်။ 

  
ဆော်ဒီက ဘင်္ဂလားဒေ့ရှ်များအတွက် “ အိုင်ခန်မာ “ ခေါ် နေထိုင်ခွင့် သက်တမ်းကို ရက်တိုးပေးမြှင့်ပေးထားမည်ဖြစ်ပြီး၊ ဘင်္ဂလားဒေ့ရှ်ရွှေ့ပြောင်းအလုပ်သမားများ ပြန်လာလျှင် အဆင်ပြေချောမွေ့စေရေးအတွက် ဖြစ်ဟန်တူသော ဆော်ဒီလေယာဉ်များကို ဒါကာအစိုးရက ခွင့်ပြုပေးခဲ့ရကြောင်း၊ အပြန်အလှန်အားဖြင့် ဘင်္ဂလားဒေ့ရှ် လေယာဉ်များကိုလည်း ဆော်ဒီက ဝင်ထွက်ခွင့် ပြုလိမ့်မည်ဟု ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးက ဆက်လက် ပြောဆိုသည်။ 

  
ဘင်္ဂလားဒေ့ရှ်များအတွက် နေထိုင်ခွင့် သက်တမ်းတိုးပေးရန် ဆော်ဒီအစိုးရက ဆုံးဖြတ်ကြောင်းသတင်းကို ရီယာ့ဒ်ရှိ ဆော်ဒီနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရ်ှသံအမတ်ကြီးမှတဆင့် ညနေပိုင်းတွင် မိမိတို့ ကြားသိရကြောင်း။ အသစ်တစ်ဖန် ထုတ်ပြန်မည့် “ အိုင်ခန်မာ “ နေထိုင်ခွင့် သက်တမ်းကို ဆော်ဒီသို့ ရောက်လာဖွယ်ရှိသည့် ဘင်္ဂလားဒေ့ရှ်များအတွက် အစ္စလာမ်ပြက္ခဒိန် ၂၄-ရက် ထပ်မံတိုးမြှင့်သွားမည်ဟု ဆိုကြောင်း၊ ဆော်ဒီရောက် ဘင်္ဂလားဒေ့ရှ်များ အမြန် ပြန်လာနိုင်ရေးအတွက် ဒါကာအစိုးရက ဆော်ဒီလေယာဉ်များကို ဝင်ထွက်ခွင့် ပြုခဲ့ကြောင်း၊ ဆော်ဒီလေကြောင်းလိုင်း များစွာရှိလိမ့်မည်ဖြစ်ကြောင်း မိုမန်က ရှင်းပြသည်။ 


ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး မင်းသား ဖိုင်ဆယ်ဘင်ဖာဟန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ အေကေအဗ္ဗဒူမိုမန်တို့သည် လာမည့်တနင်္ဂနွေနေ့တွင် နှစ်နိုင်ငံအကျိုးတူအရေး ဆွေးနွေးကြမည်ဖြစ်ပြီး အထက်ပါကိစ္စကိုလည်း ထည့်သွင်းပြောဆိုဖွယ်ရှိကြောင်း ယခုနောက်ဆုံးသတင်းရရှိသည်ဟု Dhaka Tribune ၏ အခြားသတင်းတစ်ပုဒ်တွင် တွေ့ရှိရသည်။ 


(( ယခုကိစ္စမှာ လွန်ခဲ့သည့် နှစ်ဆန်းပိုင်းကလည်း အလားတူ ဖြစ်ပွားခဲ့ဖူးကြောင်း တွေ့ရှိရပါသည်။ အကယ်၍ ဒုက္ခသည်ဘင်္ဂါလီ ( သတင်းမူရင်းတွင် ရိုဟင်ဂျာဟု ဖော်ပြ ) များအား အတင်းအကြပ် ပြန်ပို့ခဲ့လျှင် ၎င်းတို့ကို ဘင်္ဂလားဒေ့ရှ်အစိုးရက ကော့ခ်ဘဇားရှိ ဒုက္ခသည်စခန်းများသို့ ပို့ဆောင်ဖွယ်ရှိကြောင်း လူ့အခွင့်ရေးအဖွဲ့များက ဆော်ဒီအား ဝိုင်းဝန်းဖိအားပေးခဲ့ကြပါသည်။ 

  
ဘင်္ဂလားဒေ့ရှ်သည် ကုလသမဂ္ဂက ဒုက္ခသည်များဖြစ်ကြောင်း အသိအမှတ်ပြုလက်မှတ်ကိုင်ဆောင်ထားသူများ ခိုလှုံရာစခန်းပတ်လည်တွင် လုံခြုံရေးအကြောင်းပြချက်ဖြင့် သံဆူးကြိုး ကာရံထားပြီး သွားလာလှုပ်ရှားမှုများကိုလည်း ကန့်သတ်ထားသည်။ ကိုရိုနာဗိုင်းရပ်စ်ကပ် ရောဂါကျရောက်နေသည့်တိုင် အင်တာနက် အဆက်အသွယ်များကို ( စက်တင်ဘာ ၃-ရက် ၂၀၁၉ မှ သြဂုတ် ၂၈-ရက် ၂၀၂၀ အထိ ) တစ်နှစ်နီးပါး ပိတ်ပင်ထားခဲ့သည်။ 

  
ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများအား ရိုဟင်ဂျာဆိုသူများနှင့် လက်ထပ်ထိမ်းမြားခွင့်ကိုလည်း တားမြစ်ထားပြီး၊ ကော့ခ်ဘဇားဒုက္ခသည်စခန်းမှ ထွက်ခွာသွားသည့် လှေစီးပြေးဒုက္ခသည်များကို ပြန်လည်လက်ခံရန် ငြင်းပယ်နေဆဲဖြစ်သည်။ အသက်ဆုံးရှုံးနိုင်ခြေရှိကြောင်း လူ့အခွင့်အရေးအဖွဲ့များက ဖိအားပေးသဖြင့် လူသားချင်းစာနာမှုအရ မလွှဲမရှောင်သာ ကယ်ဆယ်ခဲ့ရသော ဒုက္ခသည်များကိုလည်း ဝေးလံခေါင်ဖျား ဘာဆန်ချာ ကျွန်းသို့ ပို့ဆောင်ခဲ့ကြောင်း တွေ့ရှိရသည်။       ။ သတင်းဘာသာပြန်သူ )) 

#ဆော်ဒီနှင့်ဘင်္ဂလားဒက်ရှ်ရွှေ့ပြောင်းအလုပ်သမားများ #ကော့ခ်ဘဇားဒုက္ခသည်စခန်း 

((( Dhaka Tribune., September 23rd, 2020,” Momen: Saudi Arabia decides to extend visas, renew iqamas for Bangladeshi expats.By: Humayun Kabir Bhuiyan. “ ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 

https://www.dhakatribune.com/bangladesh/foreign-affairs/2020/09/23/fm-saudi-govt-agrees-to-extend-visas-for-bangladeshis 


https://www.dhakatribune.com/bangladesh/foreign-affairs/2020/09/23/bangladesh-saudi-fms-likely-to-talk-over-phone-sunday 


https://www.licas.news/2020/09/01/bangladesh-restores-internet-access-in-rohingya-refugee-camps/ 


https://www.frontiermyanmar.net/en/bangladesh-starts-fencing-rohingya-camps/ 


https://www.dhakatribune.com/opinion/special/2018/01/02/ban-bangladeshis-marrying-rohingya-justified-human-rights-violation 

0

Leave a Reply

Your email address will not be published.