ဆော်ဒီအာရမ်ကို ရေနံကုမ္ပဏီ၏ အနာဂတ်ငွေချေးစာချုပ်များကို တရုတ်ယွမ်ငွေဖြင့် ထားရှိမည်ဖြစ်ကြောင်း အရိပ်အယောင်ပြ။ အာရှဝယ်လိုအားကြီးထွားလာချိန်တွင် အမေရိကန်၏ အရင်းနှီးဆုံးနှင့် ကမ္ဘာ့အကြီးဆုံး ရေနံကုမ္ပဏီက ဒေါ်လာမှ ပြောင်းလဲရန်တံခါးဖွင့်

ရီယာ့ဒ်အစိုးရထိန်းချုပ်ထားသော ” ဆော်ဒီအာရမ်ကို “ ရေနံကုမ္ပဏီက ၎င်း၏အရေးပါသော ငွေချေးစာချုပ်များတွင် တရုတ်ယွမ်ငွေဖြင့် အရှင်ချိတ်ဆက်ထားနိုင်ခြေရှိကြောင်း တိုးမြှင့်ပြသခြင်းဖြင့် ” ဒေါ်လာလွှမ်းမိုးသော အစဉ်အလာ ” မှ ထွက်ခွာရန် ပြင်ဆင်လိုက်သည်ဟု Nikkei Asia က ယနေ့ဖော်ပြသည်။

ကမ္ဘာ့အကြီးဆုံးရေနံကုမ္ပဏီ၏ ယခုလအတွင်း သတင်းထုတ်ပြန်ချက်အရ “ ရင်မင်ဘီ “ ငွေစက္ကူများကို ၎င်း၏ ငွေချေးစာချုပ်အစီအစဉ်တွင် “သုံးစွဲနိုင်သည်” ဟု ဆိုသော်လည်း အဆိုပါ ကမ်းလှမ်းမှု၏ ပမာဏ၊ အချိန်နှင့်ပတ်သက်၍ အသေးစိတ် ဖော်ပြခြင်း မရှိချေ။

၎င်းသတင်းထုတ်ပြန်ချက်၌ တရုတ်ယွမ်ငွေ ချိတ်ဆက်ခြင်းနှင့် ပတ်သက် ၍ ငွေပေါ်လွယ်မှုအပါအဝင် တရုတ်နိုင်ငံပြင်ပတွင် ဖြစ်ပေါ်နိုင်သည့် ငွေကြေးကန့်သတ်မှု အန္တရာယ်များ၊ ငွေထုတ်ချေးမှုဆိုင်ရာစိုးရိမ်မှုများကို ဖော်ပြထားသည်။အာရမ်ကိုအနေဖြင့် စီးပွားရေးရှု့ဒေါင့်မှကြည့်လျှင် အာရှ၏ ကြီးထွားလာနေသော ဝယ်လိုအားမှာ ၎င်းအတွက် အရေးပါယုံမက ရေနံထုတ်လုပ်သောနိုင်ငံများ၏ တရုတ်နှင့် ငွေကြေးပိုင်းဆိုင်ရာ ဆက်ဆံရေးများ ပိုမိုနက်ရှိုင်းလာခြင်းကို ဖော်ပြသကဲ့သို့ ရှိသည်။ ရေနံရောင်းဝယ်ကြရာတွင် များသောအားဖြင့် ဒေါ်လာငွေဖြင့် နေသားတကျရှိပြီးဖြစ်သောကြောင့် များစွာသော ရေနံထုတ်လုပ်သည့် နိုင်ငံများမှာ သူတို့၏ ကိုယ်ပိုင်ငွေကြေးများကို ဒေါ်လာဖြင့်သာ အမျးဆုံး နောက်ခံ ထားရှိကြသည်။

တရုတ်နိုင်ငံကလည်း နိုင်ငံတကာ၌ ၎င်း၏ ယွမ်ငွေကို အသုံးပြုရေး မြှင့်တင်နိုင်ရန် ကြိုးပမ်းနေသည်။ “ ရေနံယွမ် “ကို မျိုးစေ့ချရန်မှာ တရုတ်၏ငွေကြေးဆိုင်ရာ မဟာဗျူဟာတွင် အဓိကအစိတ်အပိုင်းတစ်ခုဖြစ်ပြီး ရှန်ဟိုင်းတွင် ယွမ်ငွေလွှမ်းမိုးသော အနာဂါတ်ရေနံဈေးကွက်တစ်ခု တည်ထောင်ခဲ့သည်။

ယွမ်ငွေချေးစာချုပ်များနှင့်ပတ်သက်၍.အာရမ်ကို၏ အာမခံမှုမှာ ငွေကြေးသုံးစွဲမှု ပမာဏကို သိသိသာသာ တိုးမြှင့်စေနိုင်ပြီး ကုမ္ပဏီအများစု ပိုင်ဆိုင်သော အာရမ်ကို နှင့် နှင့်ဆော်ဒီအစိုးရ၏ ဘဏ္ဍာငွေကြေးဆိုင်ရာ အမြင်ကွဲပြားမှုကို ပေါ်လွင်စေသည်။

အင်္ဂါနေ့တွင် အာရမ်ကိုသည် ၂၀၁၉ ခုနှစ်မှကတည်း ထုတ်ပေးခဲ့သော ၎င်း၏ အမေရိကန်ဒေါ်လာဖြစ်ပုံရသည့် ပထမနိုင်ငံခြားသုံးငွေချေးစာချုပ်အား ဒေါ်လာ ၈ ဘီလီယံ မြှင့်တင်ခဲ့သည်။ ၎င်းစာချုပ်များမှာ လွန်ခဲ့သည့်နှစ်က အာရမ်ကို၏ စတော့ရှယ်ယာဈေးကွက်သို့ လာရောက်ရင်းနှီးမြှုပ်နှံခဲ့သူများအား အမြတ်အစွန်းပိုမို ရရှိလိမ့်မည်ဟု ဆွဲဆောင်ရန် မျှော်လင့်နေသည်။

ဈေးကွက်ကစားသမားများကမူ ကုမ္ပဏီ၏ဖောင်းပွလျှက်ရှိသော ကြွေးမြီများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်ပြောကြားကြသည်။ အခြေအနေနှင့်အကျွမ်းတဝင်ရှိသည့် သတင်းရင်းမြစ်တစ်ခုက ပြောဆိုရာတွင် ယခုကမ်းလှမ်းမှုမှာ ပြီးခဲ့သည့်နှစ်ကထက် အနည်းငယ်မျှသာ အကျိုးသက်ရောက်မှုရှိလိမ့်မည်ဖြစ်ကြောင်း ခန့်မှန်းသည်။

((( ဒုတိယကမ္ဘာစစ်အပြီးတွင် တရုတ်နိုင်ငံတွင် ဒုက္ခိတနှင့် မိဘမဲ့များ၊ ပြည့်တန်ဆာများ၊ သူခိုးများ၊ ဘိန်းစား အများစုသာ ကျန်ရစ်သည်။ စစ်ကြီးနှင့်အတူ ပြည်တွင်းစစ်နှင့်လည်း ကြုံတွေ့ခဲ့ရာ တရုတ်ပြည်သူတို့မှာ ဆန်ပြုတ်ပင် နပ်မမှန်အောင်ရှိခဲ့သည်။ မော်စီတုန်းအာဏာရရှိလာပြီးနောက်ပိုင်းတွင်လည်း အစာရေစာငတ်မွတ်၍ သေဆုံးသူ သန်းချီရှိခဲ့သည်။

ယနေ့တရုတ်ပြည်သည် အမေရိကန်အား စစ်ရေး၊ စီးပွားရေးတို့၌ ပုခုံးချင်းယှဉ်နေပြီဖြစ်သည်။ ဒီမိုကရေစီရရှိမှ တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးနိုင်မည်ဆိုရအောင်လည်း တရုတ်သည် တစ်ပါတီအာဏာရှင် ကွန်မြူနစ်တိုင်းပြည်ဖြစ်နေသည်။

ထိုသို့ဆိုလျှင် တစ်ပါတီအာဏာရှင်စံနစ်တည်ဆောက်လျှင် ကောင်းမည်လားဟု ပြောင်းပြန်တွေးကြည့်မိပါသည်။ လူထုမဲဖြင့် တက်လာသော ဟစ်တလာသည် ပြိုင်ဘက်နိုင်ငံရေးပါတီ-နိုင်ငံရေးသမားဟူသမျှ အပုတ်ချ-အပြောင်ရှင်းလျှက် တစ်ပါတီအာဏာရှင်စံနစ်တည်ဆောက်ခဲ့သည်။ ဂျာမနီပြည်ကြီးလည်း ၄.၃-သန်း သေသူသေ ပျောက်သူပျောက်ကုန်သည်။ တိုင်းပြည်လည်း ထောင်းလမောင်းကြေ၍ ဥရောပနှင့် အခြားကမ္ဘာအရပ်ရပ်သို့ စစ်မီးကူးစက်ခဲ့သည်။အစဉ်အလာကောင်း၍ ဖွံ့ဖြိုးတိုးတက်သော တိုင်းပြည်ကြီးတွင် ထိုသို့ဖြစ်ရသည်မှာ ဟစ်တလာအား ပြန်ပြောဝံ့သူ – ပြန်ပြောနိုင်သူ မရှိခြင်းဖြစ်သည်။ ထိုသို့သော လူစားမျိုးကိုလည်း ဟစ်တလာက အရှင်မထားတတ်ပါ။ နာဇီပါတီထောက်ခံသူတို့ကလည်း ပြိုင်ဖက်တို့ကို နှိပ်ကွပ်ရာတွင် ညစ်ပတ်လုံးသာမက အလွန်လက်သံပြောင်လှသည်။

တစ်ဦးတစ်ဖွဲ့လက်တွင်းသို့ အာဏာကို ပုံနှင်းခြင်းအတူတူ ဒုတိယကမ္ဘာစစ်မတိုင်မီ ဂျာမနီနှင့် လက်ရှိတရုတ်တို့ ကွာခြားရပုံမှာ ခေါင်းဆောင်များ အရည်အချင်းနှင့် စိတ်နေသဘောထားအရ ဖြစ်ပါမည်။ စိတ်နေသဘောထားမှာ အတွင်းသိလူများက အမှန်အတိုင်း ပြောပြမှ သို့မဟုတ် အချိန်တန်လျှင် သူ့အလိုလို သိသာနိုင်သည့် ကိစ္စမျိုးဖြစ်သည်။ အရည်အချင်းမှာကား ၅-နှစ်လောက်နှင့် ဗူးပေါ်သလို ဖုံးမရ ဖိမရ ပေါ်နိုင်သည်။ ။ သတင်းဘာသာပြန်သူ ))

#ဆော်ဒီအာရမ်ကို #ရေနံကုမ္ပဏီ၏အနာဂတ်ငွေချေးစာချုပ်များကိုတရုတ်ယွမ်ငွေဖြင့်ချိတ်ဆက်မည်

((( Nikkei Asia., November 21, 2020, “Saudi Aramco hints at future yuan bonds in potential coup for ChinaWorld’s largest oil company opens door to shift from dollar as Asia demand grows.By: HIDEMITSU KIBE” ကို ဆီလျော်အောင် #HtayOung #OungMarine ကောက်နှုတ်ဘာသာ ပြန်ဆိုသည်။ )))

https://asia.nikkei.com/Business/Markets/Saudi-Aramco-hints-at-future-yuan-bonds-in-potential-coup-for-China?fbclid=IwAR3x9u-JWfccB4KUvyO1mW8xKCu1XLPrgnPhGqKzxHqOzoUoGf77K4RO764

0

Leave a Reply

Your email address will not be published.