တောင်ကိုရီးယားက ဂျပန်သံအမတ်အား ဆင့်ခေါ်၊ ဖူကူရှီးမားနျူကလီယာညစ်ညမ်းရေအား သမုဒ္ဒရာအတွင်း စွန့်ပစ်မည်ကို ကန့်ကွက်။ တရုတ်အပါအဝင် ပစိဖိတ်သမုဒ္ဒရာအပေါ် မှီခိုနေရသည့် စက်မှု လုပ်ငန်များက ဂျပန်ကို ကန့်ကွက်။ ၂၀၁၁ ငလျင်၏ ဆူနာမီလှိုင်းများက နျူဓါတ်ပေါင်းဖိုများကို အရည်ပျော်စေခဲ့


တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက #ဂျပန်သံအမတ်ကြီးအား ဆင့်ခေါ်၍ #ဖူကူရှီးမားနျူကလီယာစွမ်းအင်စက်ရုံမှ ညစ်ညမ်းရေ တစ်ချိန်တစ်သန်းကျော်ကို သမုဒ္ဒရာအတွင်း စွန့်ပစ်ရန် တိုကျိုက ဆုံးဖြတ်ကြောင်း သတင်းထွက်ပေါ်လာခြင်းအပေါ် ကန့်ကွက်လိုက်သည်ဟု Russia Today (Apr,13 2021) က ရေးသားသည်။

…   
#တောင်ကိုရီးယား_ဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံရာ၌ လွန်ခဲ့သော ၂ နှစ်တာ ကာလအတွင်း စုစည်းထားခဲ့သော ညစ်ညမ်းရေများကို စွန့်ပစ်ရန် #တိုကျိုအစိုးရအဖွဲ့က ဆုံးဖြတ်ခဲ့ခြင်း မှန်ကန်ကြောင်း ဂျပန်သံအမတ်ကြီးက အတည်ပြုသည်။

…   
ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ ညစ်ညမ်းရေကိုစွန့်ပစ်ခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်လာနိုင်သည့်အတွက် တောင်ကိုရီးယားနှင့်တရုတ်နိုင်ငံအပါအဝင် ပင်လယ်ရေအပေါ် မှီခိုရသည့် စက်မှုလုပ်ငန်းများက ဂျပန်၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်ခဲ့ကြသည်။

…    
ဖူကူရှီးမားမှ စွန့်ပစ်မည့် ရေတွင် ညစ်ညမ်းအရည်ပါဝင်မှု ပမာဏ၊ စွန့်ပစ်မည့်အစီအစဉ်အသေးစိတ်ကို ကြိုတင်ထုတ်ပြန်မှု လုံးဝမရှိခြင်း အပါအဝင် မည်သို့စွန်ပစ်မည်ကို အိမ်နီးချင်းနိုင်ငံများနှင့် ဆွေးနွေးမှု မရှိသည့်အတွက် စိတ်ပျက်မိကြောင်း၊ အများပြည်သူတို့၏ ကျန်းမာရေးနှင့် အဏ္ဏဝါပတ်ဝန်းကျင်အပေါ် မည်သို့အကျိုးသက်ရောက်မည်ကို ရှင်းလင်းစွာ အကဲဖြတ်ခြင်း မတိုင်မီ ယခုကဲ့သို့ ဆုံးဖြတ်ခြင်းကို ကန့်ကွက်ကြောင်း ဒုတိယ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုသည်ဟု သိရှိရသည်။

…   
တောင်ကိုရီးယား၏ စိုးရိမ်မှုနှင့် ပတ်သက်၍ ဂျပန်သံအမတ်ကြီးက ဒေသခံမီဒီယာများသို့ ထုတ်ပြန်သည့် ကြေညာချက်တွင် အိမ်နီးချင်းနိုင်ငံများ၏ ပင်လယ်ရေသဘာဝပတ်ဝန်းကျင်အား ဆိုးကျိုးသက်ရောက်မှု မရှိသည်ကို ပြသခြင်းဖြစ်ကြောင်း ဖော်ပြပါရှိသည်။

…   
ဝိုင်းဝန်းကန့်ကွက်မှုများ ထွက်ပေါ်နေသော်လည်း ဖူကူရှီးမား၏ ပတ်ဝန်းကျင်ဧရိယာကို ပြန်လည်ထူထောင်ခဲ့လျှင် လက်တွေ့ကျဆုံးနှင့် ရှောင်လွှဲ၍ မရနိုင်သော ဆုံးဖြတ်ချက်သည်ဟု #ဝန်ကြီးချုပ်_ယိုရှီဟီဒေးဆူဂါ ၏ ပြောဆိုသည့်အတိုင်း ဂျပန်က ဆက်လက်ဆောင်ရွက်လိမ့်မည်ဟု မျှော်လင့်ရသည်။

…  
တောင်ကိုရီးယားနှင့် ဂျပန်သံအမတ်ကြီးတို့ တွေ့ဆုံပြီးနောက် ညစ်ညမ်းရေစွန့်ပစ်မည့်ကိစ္စအတွက် တရုတ်နိုင်ငံနှင့်တိုင်ပင်ရန် တိုကျို၏ ပျက်ကွက်မှုကို ရှုတ်ချကြောင်း ပေကျင်းက သတင်းထုတ်ပြန်သည်။

…   
ဂျပန်၏ လုပ်ရပ်များမှာ တာဝန်မဲ့ရာ ရောက်လွန်းကြောင်း #တရုတ်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက အင်္ဂါနေ့တွင် ပြောကြားလိုက်ပြီး နိုင်ငံတကာ အများပြည်သူတို့၏ ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးကို အကြီးအကျယ် ပျက်စီးစေလိမ့်မည်ဖြစ်ကြောင်း သတိပေးသည်။

…  
၂၀၁၁ ခုနှစ် မတ်လတွင် ၉.၀ မဂ္ဂနီကျု့ဒ်ပြင်းအားရှိ ငလျင်လှုပ်ခတ်ပြီးနောက် ပေ ၅၀ ခန့် အမြင့်ရှိ #ဆူနာမီ_ ရေလှိုင်းလုံးကြီးများက #ဖူကူရှီးမား_ ဒိုင်အိချိ_နျူကလီးယားဓာတ်ပေါင်းဖိုများအား ရိုက်ခတ်ခဲ့သည်။ လျှပ်စစ်ဓါတ်အားလိုင်းများ ပိတ်ချရသည့်အတွက် ဓါတ်ပေါင်းဖို ၃-ခု၏ ဗဟိုအူတိုင်များမှာ ရက်ပိုင်းအတွင်း အရည်ပျော်ခဲ့ရပြီး ၁၉၈၆-ခုနှစ် #ရုရှား_ချာနိုဘိုင်းဖြစ်စဉ်နောက်ပိုင်း ကြုံခဲ့ရသမျှတို့တွင် အဆိုးရွားဆုံး #နျူကလီယာ_မတော်တဆမှု ပေါ်ပေါက်ခဲ့ရသည်။

…    
တိုကျိုအစိုးရကမူ တိုကျိုလျှပ်စစ်ဓာတ်အားကုမ္ပဏီ (TEPCO) ၏ သိုလှောင်ရန်နေရာတို့သည် ၂၀၂၂ ခုနှစ် စောစောပိုင်းတွင် ကုန်ဆုံးသွားလိမ့်မည်ဟု မျှော်လင့်ရကြောင်း။ ဖူကူရှီးမားရှိ သိုလှောင်ကန်များမှ #ရေဒီယိုသတ္တိကြွ_ဟိုက်ဒရိုဂျင်အိုင်ဆိုတုပ်_ထရီတီယမ် များပါဝင်သည့် အသုံးပြုပြီး ရေများကို တစ်နှစ် သို့မဟုတ် နှစ်နှစ်အတွင်း သမုဒ္ဒရာအတွင်း စွန့်ပစ်မည်ဖြစ်ကြောင်း၊ အဆိုပါရေသည် စထရွန်တီယမ်နှင့် စီဆီယမ် အပါအဝင် အခြားရေဒီယိုသတ္တိကြွပစ္စည်းများကို ဖယ်ရှားသည့်လုပ်ငန်းစဉ်တွင် အသုံးပြုထားခဲ့ခြင်း ဖြစ်ကြောင်း။ ၎င်းရေတွင်ပါဝင်သည့် ထရီတီယမ်များကို ဖယ်ရှားရန် ဂျပန်အနေဖြင့် လက်တွေ့အသုံးပြုနိုင်သည့် နည်းလမ်း မရှိကြောင်း။ သမုဒ္ဒရာအတွင်းသို့စွန့်ပစ်မည့် အစီအစဉ်ကို #နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ #IAEA ကလည်း ထောက်ခံကြောင်း ဧပြီ ၁၃-ရက်နေ့က ကြေညာခဲ့သည်။

((အမှန်အားဖြင့် ဂျပန်က ၎င်း၏ ဖူကူရှီးမားစွန့်ပစ်မည့် ရေကိစ္စအတွက် IAEA က စစ်ဆေး အကြံပြုရန် လွန်ခဲ့သည့် မတ်လ တတိယပတ်တွင် ဆက်သွယ်ဆောင်ရွက်နေကြောင်း သတင်းများ တွေ့ရှိရပြီးဖြစ်သည်။

…  
ထရီတီယမ်ဆိုသည်မှာ ဟိုက်ဒရိုဂျင်အိုင်ဆိုတုပ်ဖြစ်ပြီး သာမန်အိုင်ဆိုတုပ်များထက် ၃-ဆမျှ ပိုမိုရေဒီယိုသတ္တိ ကြွသည့် ပစ္စည်းဖြစ်သည်။ 

ဖူကူရှီးမား စွန့်ပစ်မည့်ရေတွင် လူသားတို့၏ မျိုးရိုးဗီဇ DNA ကို အဓိက ပျက်စီးစေနိုင်သော အန္တရာယ်အဆင့်ရှိသည့် ကာဗွန် -၁၄ ပါဝင်နေသည်ဟု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့အဆိုအရ သိရှိရပါသည်။     ။သတင်းဘာသာပြန်သူ))

(((Russia Today., 13 Apr, 2021.” South Korea calls in Japanese ambassador to protest decision to dump Fukushima water into ocean.” နှင့် အခြားအကြောင်းအရာတူ သတင်းများကို #HtayOung, #OungMarine ဆီလျော်အောင် ဘာသာပြန်ဆို ပေါင်းစပ်သည်။)))

#ဖူကူရှီးမားစွန့်ပစ်မည့်_ရေဒီယိုသတ္တိကြွ_ရေကိစ္စ

…  
https://www.rt.com/news/520881-south-korea-japanese-ambassador-fukushima/
https://www.rt.com/news/520860-china-fukushima-water-irresponsible/
https://www.rt.com/news/518936-nuclear-watchdog-radioactive-water/
https://www.rt.com/news/520856-fukushima-contaminated-water-release/ 

Leave a Reply

Your email address will not be published.