တွေ့ရင် ပြောကြပါခင်ဗျ ၊ ကျေးဇူးဆပ်ပါမည်

၂၀၁၉-ခုနှစ် ဒီဇင်ဘာလ တရုတ်နိုင်ငံမှာ လူအများ ဖျားနာလျှက်ရှိကြောင်းမှ WHO က Covid-19 ကမ္ဘာ့ကူးစက်ကပ်ရောဂါကျရောက်ကြောင်း ကြေညာပြီးနောက်ပိုင်း နိုင်ငံတကာသတင်းတွေကို နေ့စဉ် အနည်းဆုံး ၁-ပုဒ်တော့ မူရင်းအတိုင်း ကျွန်တော် ဘာသာပြန်တင်ပြခဲ့တာ ဒီနေ့အထိပါ။

ကူးစက်ကပ်ရောဂါ တားဆီးကာကွယ်ဖို့ နိုင်ငံတကာမှာ ဆောင်ရွက်နေကြတာ များများစစ်- မြန်မြန်စစ်- အရည်အသွေးပြည့် စစ်ကြဖို့ဖြစ်ပါတယ်။ အထူးသဖြင့် ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင် အကန့်အသတ်ရှိပြီး၊ ဆေးဝါးမလုံလောက်၊ သိပ်အများကြီး အကုန်အကျမခံနိုင်တဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် အဲ့ဒီနည်းဟာ ကပ်ရောဂါတိုက်ဖျက်ရေး လက်နက်တစ်ခုပါ။

အိမ်နီးချင်း LDC နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒက်ရှ်ဟာ တစ်နိုင်ငံလုံး ဌာနခွဲ ၃၅ ခုဖွင့်လှစ်ပြီး နေ့စဉ် လူပေါင်း ၆,၅၀၀ ကျော်ကို ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိ-မရှိ စစ်ဆေးပေးနေပါတယ်။

အဲ့ဒါအပြင် မျက်မှောက်ကမ္ဘာကြီးမှာ Mask ဟာ လူတိုင်းအတွက် မရှိ မဖြစ် အရေးပါလာပါတယ်။ ဘင်္ဂလားဒက်ရှ်ဆေးဝါးကုမ္ပဏီ JMI Hospital Requisite Manufacturing Ltd ဟာ တရုတ် Liz Fashion နဲ့ ပူးပေါင်းပြီး KN 95 စံသတ်မှတ်ချက်အဆင့် mask များ ထုတ်လုပ်နေပါတယ်။ လောလောဆယ် နေ့စဉ် ခုရေ ၄-သောင်း ထုတ်လုပ်ပြီး ပြည်တွင်းမှာ ၃.၅၃ အမေရိကန်ဒေါ်လာလောက်နဲ့ ရောင်း၊ နောင်ပိုမိုထုတ်လုပ်၍ ပြည်ပကိုပါ တင်ပို့ ရောင်းချမှာဖြစ်ကြောင်း ဒီနေ့ Dhaka Tribune သတင်းစာ မှာ တွေ့ရပါတယ်။

Asymptomatic ဆိုတာ ရောဂါလက္ခဏာမပေါ်ပဲ ရောဂါပိုးရှိနေခြင်းပါ။ အဲဒီလို ကံမကောင်း အကြောင်းမလှသူ တွေကို အမြန်ဆုံးဖော်ထုတ်နိုင်မှ Lockdown ဆိုတာ အဓိပ္ပါယ်ရှိတယ်၊ မလိုရင် လျှော့ပေါ့- ပယ်ဖျက် ပေးနိုင်လို့ ဆင်းရဲသားတစ်နေ့လုပ် တစ်နေ့စားများ ဘဝရပ်တည်ရေး အသက်ရှူချောင်စေပါတယ်။

ကပ်ရောဂါဆိုရာမှာ ” ကမ္ဘာ့ကူးစက်ကပ်ရောဂါ” ကျရောက်နေချိန် သုတေသနလုပ်သလိုမျိုး သံသယရှိတဲ့နေရာ တစ်နေ့ ရာဂဏန်းသာသာ ကွက်ကွက်လေး လိုက်စစ်နေရင် တစ်ရက်ဆို ဆိုသလောက် Asymptomatic တွေ ရှင်သန်ခွင့် ပေးသလို ဖြစ်နေပါတယ်။

ဘယ်တိုင်းပြည် ဘယ်နိုင်ငံမှ ဒီလိုမျိုးလုပ်ပါတယ်လို့ ကျွန်တော်တော့ မတွေ့ဖူးပါ .. ကျွန်တော်က ပိန်း တယ် လေ .. မိတ်ဆွေများလဲ တွေ့ဖူးကြပါသလားခင်ဗျာ..

အစဉ်လေးစားစွာဖြင့်

#HtayOung, #OungMarine

====

Credit: Maung Maung Kyi

ရုရှားမှာပြည်သူ ၅.၂ သန်းကို covid test လုပ်ခဲ့ပြီးလူပေါင်း ၂၄၂,၀၀၀ ကိုစောင့်ကြည့်ကုသ ပေးလျက်ရှိသည်ဆို၏။

များများစစ်တော့ များများတွေ့ပြီး မြန်မြန်ကုနေသည့်သဘောဖြစ်မည်။

နည်းနည်းစစ် – နည်းနည်းတွေ့- သေသွားလဲမသိလိုက် မဖြစ်တော့ဘူးပေါ့။

Sayar Kyi

https://tass.com/society/1154675

https://www.dhakatribune.com/health/coronavirus/2020/05/09/bangladesh-ready-to-manufacture-kn-95-standard-masks

0

Leave a Reply

Your email address will not be published.