ထောင်ဖောက်ထွက်ပြေးနေသော လူကုန်ကူးမှု တရုတ်အကျဉ်းသားအား ကျောက်ဂူတစ်ခုတွင် ၁၇-နှစ်ကြာ ပုန်းအောင်းနေပြီးမှ ရဲတပ်ဖွဲ့က ဒရုန်းဖြင့် ရှာဖွေဖမ်းဆီးနိုင်

အသက် ၆၃-နှစ်အရွယ် အကျဉ်းသားတစ်ဦးသည် ထောင်ဖောက်ထွက်ပြေးပြီးနောက် ၁၇ နှစ်ကြာ လွတ်မြောက်နေခဲ့ရာ ဝရမ်းပြေးပုန်းအောင်းနေသည့် ကျောက်ဂူကို ရဲတပ်ဖွဲ့ဝင်များက ဒရုန်းအသုံးပြု ရှာဖွေပြီး ဖမ်းဆီးနိုင်ခဲ့သည်ဟု Russia Today က ယနေ့ရေးသားသည်။ 

တရုတ်နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ်တွင် ဆွန်ဂျန်းအမည်ရှိ ဝရမ်းပြေးအကျဉ်းသား ပုန်းအောင်းနေသော တောတောင်ထူထပ်သည့်နေရာကို စက်တင်ဘာ ၁၉ ရက်နေ့တွင် ယုန်ရှန်းရဲတပ်ဖွဲ့က ဒရုန်းဖြင့်ရှာဖွေပြီး လက်ရဖမ်းဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။ 

ဆွန်ဂျန်းသည် အမျိုးသမီးနှင့် ကလေးများကို လူကုန်ကူးရာတွင် ပြစ်မှုကျူးလွန်ကြောင်းထင်ရှားသဖြင့် ထောင်ဒါဏ်ကျခံနေရခြင်းဖြစ်ပြီး ၂၀၀၂-ခုနှစ်တွင် ထောင်ဖောက်လွတ်မြောက်နေသူဖြစ်သည်။ ယခုနှစ်စက်တင်ဘာလစောစောပိုင်းတွင် ဆွန်ဂျန်း ပုန်းအောင်းရာနေရာအတိအကျကို ရဲတပ်ဖွဲ့က စတင်ရှာဖွေခဲ့သည်။ 



အမှန်တကယ် ဖမ်းဆီးမည်ပြုသောအခါ မအောင်မမြင်ဖြစ်ခဲ့ရပြီး ဒရုန်းအရေအတွက်တိုးမြှင့်ကာ ၅ နာရီကြာ မနားတမ်းဆက်တိုက်ရှာဖွေမှ နေရာအတိအကျဖော်ထုတ်နိုင်ခဲ့သည်ဆို၏။ 

မတ်စောက်သောတောင်စောင်းတစ်နေရာ၏ အမှိုက်သရိုက်များ ဖုံးလွှမ်းနေသော ကျောက်ဂူငယ်လေးသို့ ရဲတပ်ဖွဲ့ဝင်များ ခြေလျှင်တက်ရောက်ပြီး စိတ်ချလုံခြုံစွာ ပုန်းအောင်းနေသည့် ဆွန်ဂျန်းကို ဖမ်းဆီးခဲ့ရသည်။ 

( စက်တင်ဘာ – ၃၀၊ ၂၀၁၉ ) ((( Russia Today., 30 Sep, 2019, “Human trafficker, on the run for 17 years after prison break, found in Chinese cave by police drone (PHOTOS).” ကို #HtayOung, #OungMarine ဆီလျှော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 

https://www.rt.com/news/469922-fugitive-china-cave-drone/ 

0

Leave a Reply

Your email address will not be published.