ဒေါ်နယ်ထရမ့်၏ အမေရိကန်အစိုးရက အပြည်ပြည်ဆိုင်ရာကျန်းမာရေးအဖွဲ့ WHO နှင့် အဆက်ဖြတ်။ ကိုရိုနာဗိုင်းရပ်စ် စတင်တွေ့ရှိချိန်၌ WHO သို့ စံနစ်တကျအစီရင်ခံရန်တာဝန်ကို တရုတ်တို့က လစ်လျှု့ရှ့ခြင်းဖြင့် အဖွဲ့ကြီးအတွက် နိုင်ငံတကာအား လွဲမှားစွာ ဦးဆောင်စေရန် လှည့်ဖျားခဲ့ဟု ဆို။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကပ်ကျရောက်လျှက်ရှိသည့်ကာလအတောအတွင်း အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးအဖွဲ့ WHO နှင့် သမ္မတဒေါ်နယ်ထရမ့်တို့အကြား တစ်ဖက်နှင့်တစ်ဖက် အလျှင်အမြန် စွပ်စွဲခြင်းများ ဖြစ်ပေါ်ခဲ့သည်။ သောကြာနေ့တွင် အမေရိကန်ပြည်ထောင်စုအနေဖြင့်WHO နှင့် အဆက်ဖြတ်မည်ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာသည်ဟု CNN က ယနေ့ရေးသားသည်။

တောင်းဆိုထားသည့်အတိုင်း လိုအပ်သော အရေးပါသည့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် ပျက်ကွက်ခြင်းကြောင့် WHO နှင့် အဆက်အသွယ်အားလုံးကို ယနေ့တွင် ရပ်ဆိုင်းမည်ဖြစ်ကြောင်း၊ ၎င်းအဖွဲ့ကြီးသို့ ထောက်ပံ့လျှက်ရှိသော ရန်ပုံငွေများအား လူထုကျန်းမာရေးဆိုင်ရာ အရေးတကြီးအကူအညီလိုအပ်နေသည့် အခြားကမ္ဘာ့နိုင်ငံများအား ပြောင်းလဲပေးအပ်မည်ဖြစ်ကြောင်း၊ ကျွနု်ပ်တို့အနေဖြင့် ပွင့်လင်းမြင်သာမှုရှိရမည်ဖြစ်ပြီး ကမ္ဘာကြီးက လိုအပ်နေသည်မှာ ဗိုင်းရပ်စ်နှင့် ပတ်သက်၍ တရုတ်ထံမှအဖြေဖြစ်ကြောင်း သမ္မတထရမ့်က ပြောဆိုသည်။

အမေရိကန်သမ္မတ၏ စောစောပိုင်း ပြောကြားချက်များတွင် တရုတ်အာဏာပိုင်တို့သည် ကိုရိုနာဗိုင်းရပ်စ် စတင်တွေ့ရှိချိန်၌ WHO သို့ စံနစ်တကျအစီရင်ခံရန်တာဝန်ကို လစ်လျှု့ရှု့ခဲ့ကြောင်း၊ တရုတ်၏ အပြုအမူမှာ WHO အတွက် နိုင်ငံတကာအား ဦးဆောင်မှု လွဲမှားစေရန် လှည့်ဖျားခဲ့ကြောင်း၊ ထိုအတွက် ကမ္ဘာတစ်ဝှမ်းလုံး၌ အရေမတွက်နိုင်သောလူ့အသက်များ ထိခိုက်ခဲ့ရပြီး စီးပွားရေးကြပ်တည်းမှု့ ဒါဏ်ကို နက်ရှိုင်းစွာခံစားခဲ့ရကြောင်း ပါရှိသည်။

ယခင်က WHO သို့ ထောက်ပံ့မှုများ ယာယီရပ်ဆိုင်းထားကြောင်း အမေရိကန်သမ္မတက ကြေညာခဲ့သည်။ မေလ စောစောပိုင်း WHO သို့ ပေးပို့သည့်စာ၌ လာမည့်ရက်ပေါင်း ၃၀ အတွင်း အဖွဲ့ကြီးအတွင်း ထင်ရှားသိသာသော ပြောင်းလဲမှုများ လုပ်ဆောင်ရန် ကတိပြုခြင်းမရှိပါက အမေရိကန်အနေဖြင့် အဖွဲ့ကြီးအား ထည့်ဝင်နေသည့် ရန်ပုံငွေကို အမြဲတမ်းရုပ်သိမ်းသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်ဆို၏။

၎င်းစာပါ အမေရိကန်သမ္မတ၏ ဗိုင်းရပ်စ်နှင့် ပတ်သက်၍ လွဲမှားစွာ တင်ပြထားသည်တို့ကို သက်တမ်းအရင့်ဆုံး ကမ္ဘာကျော် The Lancet “ လန်းဆက်ဆေးသိပ္ပံပညာဂျာနယ် “ က ကူးယူဖော်ပြသည့်အခါ လူသိရှင်ကြား ပြင်းထန်သော အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ရသည်။

ကမ္ဘာ့ကုလသမဂ္ဂနှင့် နေတိုးစစ်စာချုပ်အဖွဲ့သို့ အမေရိကန်၏ ထည့်ဝင်ငွေများနှင့် ပတ်သက်၍ မေးခွန်းထုတ်ခဲ့သော သမ္မတဒေါ်နယ်ထရမ့်၏ ယခုလုပ်ဆောင်ချက်မှာ နှစ်ပေါင်းများစွာ ရပ်တည်ခဲ့သည့် နိုင်ငံတကာအဖွဲ့အစည်းများအပေါ် သံသယဖြစ်စေခဲ့ရသည်။

သောကြာနေ့ ဒေါ်နယ်ထရမ့်၏ အပြုအမူမှာ တရုတ်နိုင်ငံအပေါ် ပြင်းထန်သော ထိုးနှက်မှုတစ်ခုဖြစ်ပြီး နှစ်နိုင်ငံအကြား ပိုမိုနက်ရှိုင်းသော လက်တုန့်ပြန်မှုများ ဖြစ် ပေါ်ဖွယ်ရှိကြောင်း CNN က ရေးသားသည်။ အမေရိကန်အစိုးရ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ လောလောဆယ် မှတ်ချက်ပြုရန်မရှိကြောင်း WHO မှပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက CNN သို့ ယနေ့ အကြောင်းပြန်ကြားသည်။

((( CNN., May 29, 2020, “Trump announces end of US relationship with World Health Organization. By Jason Hoffman and Maegan Vazquez” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#WHOနှင့်အမေရိကန် အဆက်ဖြတ်။

https://edition.cnn.com/2020/05/29/politics/donald-trump-world-health-organization/index.html

0

Leave a Reply

Your email address will not be published.