ဒေါ်လာ ၁၉,၀၀၀ တန်ဖိုးရှိ COVID-19 ကုဆေး Remdesivir အတု ၄၄၁-ပုလင်းနှင့်အတူ အိန္ဒိယနိုင်ငံသားကို နယ်စပ်ဒေသ မဏိပူရ်ရဲတပ်ဖွဲ့ဖမ်းဆီး။ ဆေးဝါးအတု လုပ်ငန်းအကြောင်း အသေးစိတ် မသိရသေးသော်လည်း မြန်မာနိုင်ငံ၌ ဝယ်လိုအား အလွန်မြင့်မားနေဟုဆို။


တနင်္လာနေ့ မွန်းလွဲပိုင်းတွင် မြန်မာနယ်စပ်ဒေသ မဏိပူရ်ပြည်နယ် အင်ဖာမြို့၌ အိန္ဒိယနိုင်ငံသားတစ်ဦးကို အမေရိကန်ဒေါ်လာ ၁၉,၀၀၀ ခန့်တန်ဖိုးရှိ COVID-19 ရောဂါကုသဆေး Remdesivir အတုဟု ယူဆရသည့် ဆေးပုလင်းများနှင့် အတူ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိကြောင်း၊ အမှု စုံစမ်းစစ်ဆေးစဉ်ကာလအတွင်း ဘီဟာပြည်နယ် ဆမ်မတ်စတီပူရ်ခရိုင် ဆာဆမ်ရွာနေ ၎င်းအမျိုးသားအား ၈-ရက်ကြာ ချုပ်နှောင်ထားရန် အင်္ဂါနေ့တွင် ရမန်ချအပ်လိုက်သည်ဟု Indian Express က ယနေ့ရေးသားသည်။

…   
အသက် ၅၅-နှစ်အရွယ် လာလိုရှားအမည်ရှိသူသည် ဆေးပုလင်းများအား လျှို့ဝှက်စွာ သယ်ဆောင်လာစဉ် ကိုရိုနာဗိုင်းရပ်စ်ရောဂါဟန့်တားကာကွယ်ရေး သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရ အမိန့်အရ ယာဉ်နှင့်လူအသွား အလာများကို ကြပ်မတ်သည့် အင်ဖာမြို့အရှေ့ပိုင်း ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ခိုင်လုံသော စာရွက်စာတမ်းပြသနိုင်ခြင်း မရှိပဲ Remdesivir အမည်ပါ COVID-19 ရောဂါကုသရာတွင် အသုံးပြုသည့် သွေးကြောထိုးဆေး ၄၄၁-ပုလင်းကို အိတ် ၂-လုံးတွင် ထည့်သွင်းသယ်ဆောင်လာကြောင်း ရှာဖွေတွေ့ရှိရသဖြင့် လာလိုရှားအား အရေးယူထားကြောင်း အင်ဖာရဲတပ်ဖွဲ့အင်စပက်တာက ပြောဆိုသည်။

…       
ကျန်းမာရေးဌာန၏ ကနဦး တွေ့ရှိချက်များအရ ဖမ်းဆီးရမိသော ထိုးဆေးများမှာ အတုဖြစ်နိုင်သည်ဟု သိရှိရကြောင်း၊

…   
အစိုးရ ကျန်းမာရေးဌာနတွင် ထိန်းသိမ်းထားသည့် Remdesivir ဆေးအစစ်တို့၏ အမှတ်တံဆိပ်နှင့် နှိုင်းယှဉ်ကြည့်ရာတွင် ကွဲလွဲချက်များ တွေ့ရှိရကြောင်း၊ ထို့ပြင် #အဆိုပါ_ဆေးဝါးများမှာ_လုံလောက်သည့် #အထောက်အထား_မပါရှိပဲ #ပုဂ္ဂလိက_မည်သူတစ်ဦးတစ်ယောက်မျှ_ဝယ်ယူပိုင်ဆိုင်နိုင်ခြင်း_မရှိကြောင်း၊ 

ယခု ဆေးဝါးအတု တရားမဝင် လုပ်ငန်းအကြောင်း အသေးစိတ် မသိရှိရသေးသော်လည်း မြန်မာနိုင်ငံ၌ ဝယ်လိုအား အထူးမြင့်မားနေသည်ဟု သိရှိရကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါကုသဆေးအတုလုပ်ငန်းနှင့် ဆက်စပ်သည်တို့ကို ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းဖော်ထုတ်လျှက်ရှိကြောင်း အင်ဖာရဲတပ်ဖွဲ့အင်စပက်တာက ရှင်းပြသည်။

#COVID-19_ကုဆေး_Remdesivir_အတုများ_အိန္ဒိယ_မဏိပူရ်၌ဖမ်းဆီးရမိ

(((Indian Express., August 3, 2021,” Imphal: Man from Bihar held with ‘fake’ Remdesivir vials worth Rs 14 lakh.” By: Jimmy Leivon ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ် ဘာသာပြန်ဆိုသည်။)))

https://indianexpress.com/article/north-east-india/manipur/imphal-man-from-bihar-held-with-fake-remdesivir-vials-worth-rs-14-lakh-7436883/?fbclid=IwAR1Yiw0v-cx20i8wu62abvK-nulWrjOhox1P2yvdZ6wYsUFxzXFZPfn8N-M 

Leave a Reply

Your email address will not be published.