ဒေါ်လာ ၉-ထောင်နီးပါးတန် ရိုးလက်ဇ်လက်ပတ်နာရီ ဝယ်ယူသူထံပေးပို့စဉ် ထူးဆန်းစွာ ပျောက်ဆုံး။ ခိုးယူခံရသည်ဆိုခြင်းကို ဆွစ်ဇာလန်စာပို့ဋ္ဌာန ငြင်းဆို။ ယေဘုယျအားဖြင့် ယုံကြည်စိတ်ချရသည့် ဆွစ်စာတိုက်ဋ္ဌာနနှင့် သမိုင်းဝင် ကာလီနမ်စိန်ကြီး၏ အံ့သြဖွယ် လန်ဒန်ခရီး


ဆွစ်ဇာလန်နိုင်ငံတွင် ဆွစ်ဖရန့်ငွေ ၈,၀၀၀ (ကန်ဒေါ်လာ ၈,၆၇၆ ခန့်) ခန့်ရှိ တန်ဖိုးကြီး #ရိုးလက်ဇ်လက်ပတ် နာရီတစ်လုံးမှာ ဝယ်ယူသူထံ စာတိုက်မှတဆင့် ပေးပို့စဉ် ထူးဆန်းစွာ ပျောက်ဆုံးလျှက်ရှိသည်။ စာပို့တိုက်ဋ္ဌာနက ခိုးယူခြင်းဖြစ်ကြောင်း နာရီဝါသနာအိုး ဝယ်ယူခဲ့သူက ပြောဆိုသော်လည်း အထောက်အထားပြသနိုင်ခြင်း မရှိကြောင်း Russia Today က ယမန်နေ့ရေးသားသည်။

…  
၂၀၂၀-ခုနှစ် ဒီဇင်ဘာလတွင် ဆွစ်ဇာလန်နိုင်ငံ ဆီဒန်မြို့နေ လက်ပတ်နာရီဝါသနာအိုးတစ်ဦးက အဆိုပါလက်ပတ်နာရီဟောင်းကို အွန်လိုင်းလေလံပွဲတစ်ခု၌ ကန်ဒေါ်လာ ၉-ထောင်နီးပါးပေးကာ ဝယ်ယူခဲ့ခြင်းဖြစ်သည်။ သို့သော် လူကြိုက်များသော တန်ဖိုးကြီး လက်ပတ်နာရီသည် ယခင်အခါများကဲ့သို့ ဆွစ်ဇာလန်အနောက်ပိုင်းမှ နိုင်ငံအတွင်းဖြတ်သန်းကာ ပိုင်ရှင်သစ်ထံ ရောက်ရှိမလာခဲ့ချေ။

…   
ရောင်းသူနှင့် ဝယ်သူနှစ်ဦးတို့အကြား ပစ္စည်းပေးပို့ရန် အကောင်းဆုံးနည်းလမ်းအဖြစ် ဈေးနှုန်းကြီး စာတိုက်စံနစ်အားအသုံးပြုရန် သဘောတူညီခဲ့ကြသည်။ သော့ခတ်ထားသည့် အဆင့်သေတ္တာ ၃-လုံးမှာ ဝယ်ယူသူထံရောက်ရှိလာသော်လည်း သပ်သပ်ယပ်ယပ် ထုတ်ပိုးထားသည်မှလွဲ၍ လက်ပတ်နာရီနှင့်တူသည့် ဘာအရာမျှ မပါရှိပါ။ ပိုင်ရှင်သစ်ထံ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့သည့် အဆင့် ၃-ခုပါ ပစ္စည်းထုပ်တွင် လက်ပတ်နာရီ မပါရှိချေ။ ထိုအစား မူလက ချိတ်ပိတ်ထားသည့် သေတ္တာအဆင့် ၃-လုံးစလုံးတွင် အထောက်အထား လက်မှတ်၊ ဆက်စပ်ပစ္စည်းများနှင့် ပစ္စည်းအစစ်အမှန်ဖြစ်ကြောင်း အမှတ်တံဆိပ်တို့ကိုသာလျှင် တွေ့ရှိရသည်။ ဒေါသထွက်နေသော ဝယ်ယူသူသည် ဒေသခံရဲတပ်ဖွဲ့အား တိုင်ကြားလိုက်သည်။

…  
ထိုမျှမက အဆက်အသွယ်တစ်ဦးမှတဆင့် ပါဆယ်ထုပ်နှင့် ပတ်သက်သော ပြည်တွင်းစာတိုက်ဝန်ဆောင်မှုဆိုင်ရာ စာရွက်စာတမ်းများကို ရရှိရန် ကြိုးစားသည်။ ဋ္ဌာနဆိုင်ရာ အတွင်းရေးစာရွက်စာတမ်းများအရ မူလက နာရီအလေးချိန် အတိအကျရှိသော ပါဆယ်ထုပ်သည် ခရီးစဉ်တစ်ဝက်အရောက်၌ ၁၂၀-ဂ၇မ်ခန့် ထူးဆန်းစွာ ရုတ်တရက် ပေါ့ပါးသွားကြောင်း တွေ့လိုက်ရသည်။

…  
ဝယ်ယူသူက စာပို့တိုက်ဌာနသို့ ဆက်သွယ်သောအခါ ဋ္ဌာနတွင်း လုံခြုံရေးဆိုင်ရာ စာရွက်စာတမ်းများဖြစ်နေကြောင်း သတိပေးခံရပြီး အထူးကျွမ်းကျင်သူများက ဌာနဆိုင်ရာအားလုံးတို့တွင် စစ်ဆေးတွေ့ရှိချက် ရယူခဲ့ရာ မမှန်မကန်ဖြစ်ပွားမှု မတွေ့ရှိခဲ့ရကြောင်း၊ ခိုးယူခံရသည်ဟု သက်သေအထောက်အထား မရှိကြောင်း ပြောဆိုသဖြင့် ဒေါသဖြစ်နေသော ဝယ်ယူသူအား စိတ်ပျက်စေခဲ့သည်။

…    
၃-ဆင့်ထပ်ထားသော ပါဆယ်ထုပ်သည် ထုပ်ပိုးပုံအရ အလွယ်တကူ ပေါက်ပြဲထွက်ကျရန် မဖြစ်နိုင်ပါ။ သေတ္တာများကို အသေအချာ ဖယ်၍ သေတ္တာတွင်းပါ နာရီကို အခံကူရှင်ပေါင်ပေါ်မှ ထုတ်ယူပြီး ပြန်လည်ထုပ်ပိုး၍ ပေးပို့ခြင်းဖြစ်သည်ဟု ထင်မြင်ကြောင်း ဝယ်ယူသူက ဒေသန္တရမီဒီယာအား ရှင်းပြသည်။ နာရီပျောက်ဆုံးမှုနှင့် ပတ်သက်၍ စာတိုက်ဋ္ဌာနတွင် ပစ္စည်းခိုးတတ်သည့် ဝန်ထမ်းတစ်ဦးဦး ရှိနေမည်ဖြစ်ပြီး စာတိုက်ဝန်ဆောင်မှု လုပ်ငန်းသည် ဆီလိုအပေါက်တစ်မျိုး ရှာနေပြန်ကြောင်း စွပ်စွဲသည်။

…   
ဆွစ်စာတိုက်ဋ္ဌာနကမူ ၎င်းအမှုအား ရဲတပ်ဖွဲ့သို့လွှဲပြောင်းပေးခဲ့သည်ဟု ပြောဆိုသည်။ ရဲတပ်ဖွဲ့ကလည်း စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်းနှင့် အသေးစိတ်အချက်အလက်များကို ပြောကြားရန် မရှိသေးကြောင်း ဒေသခံမီဒီယာများအား အတည်ပြုသည်။

…  
ယခုအတိုင်းဆိုလျှင် ဝယ်ယူသူအနေဖြင့် ပေးပို့သည့်အတွက် ပုံမှန်အာမခံကြေး အမေရိကန် ၁၆၂၈ ဒေါ်လာခန့်သာ ပြန်လည်ရရှိနိုင်မည်ဖြစ်သည်။ ပရီမီယံအရ ပြန်အမ်းငွေ ကန် ၅၄၂၉ ဒေါ်လာခန့်အထိ ရရှိနိုင်သော်လည်း ဆုံးရှုံးရသည့် ငွေပမာဏနှင့် မကာမိပေ။

…   
ယေဘုယျအားဖြင့် ဆွစ်စာတိုက်ဋ္ဌာနမှာ ယုံကြည်စိတ်ချရသည်။ သို့သော် လွန်ခဲ့သည့်နှစ် ဂူးဆောမြို့ ရှိ ကုန်ပစ္စည်းထောက်ပံ့ပို့ဆောင်ရေးဌာနတစ်ခုအတွင်း စာ ၆၀၀ ခန့်နှင့် ငွေသားများကို စာတိုက်ဝန်ထမ်းတစ်ဦးက ခိုးယူမှု ပေါ်ပေါက်ခဲ့ခြင်းကြောင့် ဆွစ်စာပို့တိုက်ဋ္ဌာနအတွက် အကြီးအကျယ် ကျော်မကောင်း ကြားမကောင်း ဖြစ်ခဲ့ရသည်။ ၎င်းနှစ်တွင် ရာဇဝတ်မှု့ခင်း ၂-ဆ တိုးခဲ့သော မြို့ကလေး၌ အတိုင်းအတာအလွန်ကြီးမားသည့် ပြစ်မှုဖြစ်သည်။

…    
((၁၉၀၅-ခုနှစ် ဇန်နဝါရီလတွင် #တောင်အာဖရိကနိုင်ငံ_ပရီမီယာမိုင်းတွင်း၌ အလွန်ကြီးမားသည့် စိန်တုံးကြီးတစ်တုံးကို တွေ့ရှိခဲ့သည်။ အလျှား ၄ လက်မခန့် အနံ၂.၅ လက်မခန့် အရွယ်ရှိ၍ အလေးချိန် ၃,၁၀၆ ကာရက်ရှိသဖြင့် တွေ့ဖူးသမျှ စိန်တုံးများတွင် အကြီးဆုံးဖြစ်သည်။ မိုင်းတွင်းအား စတင်ဖွင့်လှစ်ပေးခဲ့သူ #ဆာသောမတ်စ် _ကာလီနမ်အား ရည်ညွှန်း၍ #ကာလီနမ်စိန်ကြီး ဟု သတင်းစာများက ရေးသားကြသည်။

…   
ဧပြီလတွင် ကာလီနမ်စိန်ကြီးကို ပရီမီယာသတ္တုတွင်းကုမ္ပဏီလီမိတက်၏ လန်ဒန်အရောင်းအေးဂျင့်ဖြစ်သော အက်စ်နျူမန်နှင့်ကုမ္ပဏီထံ အပ်နှံသည်။ အလွန်တန်ဖိုးကြီးမားကြောင်း သတင်းထွက်ပေါ်နေသည့် စိန်တုံးကြီးကို ရေနွေးငွေ့ မီးသင်္ဘောခေတ်တွင် တောင်အာဖရိကမှ လန်ဒန်အရောက် သယ်ယူရမည်ဆိုခြင်းမှာ မလုံခြုံမှု များနှင့် ပြည့်နှက်နေသည်။ စိန်ပါဆယ်ထုပ်ကို လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့အပြင် လက်ရွေးစင်စုံထောက်များက အခန်းအနားဖြင့် စောင့်ကြပ်သယ်ယူသည်။ သင်္ဘောကပ္ပီတန်အခန်းရှိ မီးခံသေတ္တာတွင် ထည့်သွင်း၌ ခရီးစဉ် တစ်လျှောက်လုံး ၂၄-နာရီမလပ် အစောင့်ချထားခဲ့သည်။

…  
လန်ဒန်သို့ရောက်ရှိလာသောအခါ အက်စ်နျူမန်နှင့်ကုမ္ပဏီတာဝန်ခံက ပါဆယ်ထုပ်ကို ဖွင့်၍ အတွင်းမှ ကာလီနမ်အရွယ် ကျောက်မီးသွေးတုံးကို ထုတ်ယူကာ စာရွက်ဖိတုံးဖြင့် ထုချေလိုက်တော့သည်။

…   

အမှန်အားဖြင့် ကာလီနမ်စိန်ကြီးကို ဗြိတိန်နိုင်ငံသို့ သာမန်ပါဆယ်ဗူးဖြင့် စာတိုက်မှတဆင့် မှတ်ပုံတင်ပေးပို့ခဲ့ခြင်းဖြစ်သည်။ အစောင့်အကြပ်ထူထပ်စွာ သင်္ဘောဖြင့် သယ်ယူသည်ဆိုခြင်းမှာ လမ်းခရီး၌ ခိုးယူလိုသူများကို အာရုံလှည့်စားရန်သာ ဖြစ်လေသည်။ လန်ဒန်ရောက် ကူလီနမ်စိန်ကြီးကို #သတ္တမမြောက်အက်ဒွပ်ဘုရင်အား ဆက်သရန် #ဘက်ကင်ဟမ်_ နန်းတော်သို့ ပို့ဆောင်သည်။

…   
အလျဉ်းသင့်၍ ဖော်ပြရလျှင် #လက်ရှိဒုတိယမြောက်အယ်လစ်ဇက်ဘုရင်မကြီး၏ နန်းစဉ်သရဖူပါ စိန်ကြီးမှာ ကာလီနမ်အား ဖြတ်တောက်ထားသည့် စိန်ပွင့်များအနက် တစ်ခုဖြစ်သည်။ သရဖူတွင် မြင်တွေ့ရသော ပတ္တမြားကြီးမှာ #မြန်မာပြည်မှ_ပတ္တမြားငမောက် ဖြစ်သည်ဟု ဆိုသော်လည်း အထောက်အထား မတွေ့ရပါ။ ထို့ပြင် အစဉ်အလာပြောဆိုခဲ့ကြသော ပတ္တမြားငမောက်၏ အရည်အသွေးအရနှိုင်းယှဉ်လျှင် များစွာညံ့ဖျင်းကြောင်း ဖတ်မှတ်ရပါသည်။     ။သတင်းဘာသာပြန်သူ))

#တန်ဖိုးကြီးရိုးလက်ဇ်နာရီစာတိုက်မှပေးပို့စဉ်ထူးဆန်းစွာပျောက်ဆုံး #ကာလီနမ်စိန်ကြီးနှင့်ပတ္တမြားငမောက်

https://www.rt.com/news/520936-rolex-watch-swiss-post-service/
https://www.history.com/this-day-in-history/worlds-largest-diamond-found 

+1

Leave a Reply

Your email address will not be published.