ဒေါ်အောင်ဆန်းစုကြည် လာဘ်ယူကြောင်း တပ်မတော်အစိုးရ ရုပ်သံပြသ။ ငွေသား၊ ရွှေတုံးနှင့် ပိုးထည်များ လက်ခံရယူကြောင်း ရန်ကုန်ဝန်ကြီးချုပ်ဟောင်း သက်သေခံ။ အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိပြီး မြန်မာအားတည်ငြိမ်စေလိုသည့် မည်သည့်နိုင်ငံပြောစကားကိုမဆို တန်ဖိုးထား လေးစားဟု ဆို


[ဘန်ကောက်။ REUTERS]  ဖြုတ်ချခြင်းခံရသည့် အစိုးရအဖွဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လာဘ်ယူကြောင်း ယခင် ရန်ကုန်တိုင်းအစိုးရ ထိပ်တန်းအရာရှိတစ်ဦး၏ ထုတ်ဖော်ပြောဆိုချက်ကို မြန်မာနိုင်ငံအား အုပ်ချုပ်လျှက်ရှိသည့် မြန်မာ့တပ်မတော်က အင်္ဂါနေ့ (မတ်-၂၃) တွင် ကျင်းပသည့် သတင်းစာကွန်ဖရင့်၌ ထုတ်လွှင့်ပြသလိုက်ရာ ငွေသား၊ ရွှေတုံးနှင့် ပိုးထည်များ လက်ခံရယူကြောင်း ပါဝင်သည်ဟု Reuters က ယနေ့ရေးသားသည်။

…   
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ၎င်းအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ထံ အကြိမ်ပေါင်းများစွာ လည်ပတ်ခဲ့ပြီး ဒေါ်စု အလိုရှိသလို အသုံးပြုရန် လာဘ်များ ပေးအပ်ခဲ့ကြောင်း သက်သေခံချက် ဗွီဒီယိုကို မြန်မာ့တပ်မတော်က ထုတ်လွှင့် ပြသလိုက်ခြင်းဖြစ်သည်။

…  
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက မြို့နယ်တစ်ခုတွင် အရေအတွက် သုံးဆတိုးခြင်း အပါအဝင် မဲဆန္ဒရှင်များ ဖန်တီးခြင်းဖြင့် ရွေးကောက်ဆိုင်ရာ မသမာမှုပြုလုပ်သည်ဟု နေပြည်တော်မြို့တော်ဝန်က စွပ်စွဲသည်ကိုလည်း ထုတ်ဖော်ပြသသည်။

…  
မြန်မာနိုင်ငံအား အုပ်ချုပ်လျှက်ရှိသော တပ်မတော်အစိုးရသည် အိမ်နီးချင်း ၅-နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်း၊ အိမ်နီးချင်းနိုင်ငံများသာမက မြန်မာနိုင်ငံအား တည်ငြိမ်စေလိုသည့် မည်သည့်နိုင်ငံတို့၏ ပြောဆိုချက်များကိုမဆို လေးစားတန်ဖိုးထားပါကြောင်း တပ်မတော်အစိုးရက အင်္ဂါနေ့(မတ်-၂၃) ၌ ပြောဆိုသည်ဟု Reuters ၏ အခြားသတင်းတစ်ပုဒ်၌ တွေ့ရှိရသည်။

…   
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ မိတ်ဆွေဖြစ်ကြောင်း တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုသော်လည်း အခြားအချက်အလက်များနှင့် ပူးပေါင်းဆောင်ရွက်မှုအတိုင်းအတာကို ဖော်ပြခြင်း မရှိပေ။ တပ်မတော်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် နိုင်ငံတကာအသိုင်းဝန်းနှင့် ဆက်လက်၍ မိတ်ဆွေများဖြစ်ရန် လိုလားကြောင်း မိန့်ကြားသည်ဟု သတင်းစာ ကွန်ဖရင့်၌ ဗိုလ်ချုပ်ဇော်မင်းထွန်းက အတည်ပြုသည်။
….
((( Reuters., 23 Mar 2021, “ Myanmar military airs allegations of bribery against Suu Kyi on TV.” နှင့် “ Myanmar military cooperating with 5 neighbours, respects and values them, says junta.” တို့ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#ဒေါ်အောင်ဆန်းစုကြည်လာဘ်ယူကြောင်း_ဦးဖြိုးမင်းသိမ်းသက်သေခံ #နေပြည်တော်မြို့တော်ဝန်  #မြန်မာအားတည်ငြိမ်စေလိုသည့်မည်သည့်နိုင်ငံပြောစကားမဆို_တန်ဖိုးထားလေးစား

https://www.straitstimes.com/asia/se-asia/myanmar-military-cooperating-with-5-neighbours-respects-and-values-them

..  
https://www.straitstimes.com/asia/se-asia/myanmar-military-airs-on-tv-allegations-of-bribery-against-suu-kyi
..

0

Leave a Reply

Your email address will not be published.