ဒေါ်အောင်ဆန်းစုကြည် အတု-အစစ် ပြဿနာ


Facebook တွင် သတင်းအတုဖြန့်လွှင့်ရာ၍ အချို့သူများမှာ အစဉ်အလာ နာမည်ရှိသူများဖြစ်ပါသည်။
ယခုလည်း ဆက်လက်လိမ်နေဆဲဖြစ်ပြီး အတု အလိမ်ကိုမှ သည်းခြေကြိုက်တတ်သူများကလည်း အားရပါးရ ရှယ်နေဆဲဖြစ်ပါသည်။

ကျွန်တော်နှင့် မကြာခဏ အပြန်အလှန် မန့်ခဲ့ဖူးသူများဖြစ်လျှင် သတင်းအတုဖြစ်ကြောင်း တစ်နည်းနည်းဖြင့် သတိပေးခဲ့ရာ အများစုမှာ ၎င်းတို့၏ ရေးသားချက်အား ဖယ်ရှားပေးကြသည်ချည့် ဖြစ်ပါ၏။

သို့သော် ရက်ပိုင်းမျှသာ ဆင်ခြင်၍ သတင်းအတုများကို ရှယ်ကောင်းနေသူ တစ်ဦးစ နှစ်ဦးစ ဆက်လက် တွေ့မြင်နေရဆဲ ဖြစ်သည်။

ယခု ဒေါ်အောင်ဆန်းစုကြည်မှာ အစစ်မဟုတ်ပဲ ဒေါ်အေစီယာဖြစ်သည်ဟု အွန်လိုင်းတွင် Live လွှင့် ပြောဆိုသူရှိခဲ့သည်။

 ဒေါ်စုအစစ်မှာ တရုတ်အကူအညီဖြင့် ကမ္ဘောဒီးယားတွင် ရောက်ရှိနေသေည်ဟု ကြံကြံဖန်ဖန်တွေ ပြောနေသည်။ နိုင်ငံတကာ မီဒီယာကြီးများတွင် ရေးသားနေကြပြီး ကျွန်တော်တို့ဆီက တာဇံငပိန်းများဖြစ်ကြ၍ ထို အဖြစ်မှန်ကို မသိကြခြင်းဖြစ်သည်ဟု မီးရထားပေါ်မှ ၉၆-ပါးပျောက် လျှက်ဆားသယ် လေသံမျိုးဖြင့် အပီ ထည့်သည်။

များသောအားဖြင့် ပြည်ပတွင် ရှိနေသူများက ဂျင်းထည့်ခြင်းဖြစ်သည်။


ထိုသို့သော သတင်းကို ထပ်ဆင့်ရှယ်သူများအား အကျိုးအကြောင်း မေးကြည့်သောအခါ …

DNA ပဲ စစ်တော့ မယောင်ယောင် …

အထူးလျှို့ဝှက်အရေးကြီး အချက်အလက်များကို သိနိုင်သော အတွင်းလူ ထံမှလိုလို ခပ်ဝါးဝါး ဖြေဆိုကြသည်ချည့် ဖြစ်ပါ၏။

ကျွန်တော် ဉာဏ်မီသမျှ စဉ်းစားကြည့်သောအခါ

ကာပု၏ အတွင်းကျကျ လျှို့ဝှက်နေရာဆိုလျှင် ဂွေးလဥ သာ ဖြစ်ဖွယ်ရှိသည်။

DNA တွေ ဘာတွေ ကျွန်တော် မပြောတတ်ပါ။

အသေချာဆုံးမှာ

ဒေါ်စု မဟုတ်သော ဒေါ်အေစီယာကြီးကို ထိန်းသိမ်းကာ ရုံးတင်စစ်ဆေးလျှက်ရှိသည့် စစ်ဗိုလ်ချုပ်ကြီးများမှာ နပေါကြီးတွေလုံးလုံး ဖြစ်တန်ရာသည်။

ထိုအခါ သတင်းတုဖြန့်သူ၏ မူလရည်ရွယ်ချက်ကို ခပ်ဝါးဝါး တွေ့မြင်လိုက်ရသည်။

ထို သတင်းတုကို အုပ်စု တစ်စုအတွင်း တမင်ရည်ရွယ် ဖြန့်ဝေနေသည်ဆိုလျှင် ..


နိုင်ငံတော်နှင့် နိုင်ငံသားများ ရေတိမ်နစ်ရသည်မှာ သတင်းအတုများကြောင့် ဖြစ်ပါ၍ ကျွန်တော်၏ သတင်းတု မုန်းတီးမှုတွင် ကျား-မ ကြီးငယ် ခွဲခြားခြင်း မရှိပါ။

ဘယ်သူ ဘယ်ဝါ လိမ်နေကြောင်း Public တင်၍ ဖော်ထုတ်ရန်လည်း ဝန်မလေးပါ။



အစဉ်လေးစားစွာဖြင့်

#HtayOung, #OungMarine 

+1

Leave a Reply

Your email address will not be published.