နောက်ဆုံးတွေ့ရှိရသော ကိုရိုနာဗိုင်းရပ်စ်လူနာတွင် ကူးစက်ခံရခြင်း အကြောင်းရင်း မသိရသဖြင့် စင်္ကာပူနေထိုင်သူများ စားစရာများ စိုးရိမ်တကြီးဝယ်ယူစုဆောင်းနေကြ

ဒီနေ့ စင်္ကာပူ လူစည်ကားတဲ့နေရာမှာ လူတစ်ယောက် လဲပြိုကျတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဟုတ်မဟုတ် မသေချာပါ။


သို့သော် ဒီနေ့ ဗိုင်းရပ်စ်ကူးက်ခံရကြောင်း ထပ်မံအတည်ပြုနိုင်သူ ၃ ဦးမှာ လွန်ခဲ့တဲ့ရက်ပိုင်း တရုတ်ပြည်ကို သွားရောက်ဖူးခြင်းမရှိ။ ရောဂါသံသယရှိသူနဲ့လဲ ထိတွေ့ နီးစပ်ခဲ့သူမဟုတ်ထာကြောင့် စင်္ကာပူကျန်းမာရေးဝန်ကြီးဌာန အကြပ်ရိုက်သွားတယ်။

ဗိုင်းရပ်စ်ကူးစက်ခံထားရသော်လည်း ရောဂါလက္ခဏာမပြသူရှိလိမ့်မယ် အဲဒီလူတွေဆီက ထပ်ဆင့် ကူးစက်သလားပေါ့။


ဆိုတော့ကာ ‌ရောဂါကူးစက်ပျံ့ပွားမှု သတိပေးချက်ကို လိမ္မော်ရောင်အဆင့်သို့ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း ကြေညာလိုက်ရတယ်။ ယခုသတိပေးချက်ဟာ ” နေရာအနှံ့ ထိန်းချုပ်မရသော ကူးစက်ရောဂါပြန့်နှံ့မှု ( အနီရောင် ) အဆင့်အောက်” ဖြစ်ပါတယ်။

လူတစ်ယောက် လဲကျ ဘာမှန်းညာမှန်းမသိရသေးပေမဲ့ အစိုးရကျန်းမာရေးသတိပေးချက် အဆင့်မြှင့်တာ ပေါင်းစပ်ပြီး စိုးရိမ်စိတ်နဲ့ စင်္ကာပူနေထိုင်သူတွေ စားစရာ အခြောက်အခြမ်း လက်လှမ်းမီသမျှ အပြေးအလွှား ဝယ်လိုက်ကြတာ

အကုန် ပြောင်တေးရှင်း ပဲ .. တဲ့

အစဉ်လေးစားစွာဖြင့်


#HtayOung . #OungMarine

(( ဓါတ်ပုံများ မူရင်းတင်သူကို မသိ၍ Credit ပေးနိုင်ခြင်းမရှိပါ။ သိရှိခဲ့လျှင် ပြန်လည်ဖော်ပြပေးပါမည်။ )

0

Leave a Reply

Your email address will not be published.