ဘောလိဝုဒ် သရုပ်ဆောင်မင်းသားကြီး အမီတာဘာဂျန်း၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်လျှက်ရှိကြောင်း တွေ့ရှိ

အိန္ဒိယဘောလိဝုဒ်ရုပ်ရှင်လောက၏ အထင်ရှားဆုံး သရုပ်ဆောင်မင်းသားကြီးတစ်ဦးဖြစ်သူ အမီတာဘာဂျန်းမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်လျှက်ရှိကြောင်း စနေနေ့ ညနေပိုင်း၌ သတင်းကြားသိရသည်ဟု Dhaka Tribune က ယနေ့ရေးသားသည်။

Covid-19 ရောဂါကူးစက်ခြင်းခံရသဖြင့် မွန်ဘိုင်းရှိ နာနေ့ဝတီဆေးရုံ၌ တက်ရောက် ကုသမှုခံယူလျှက်ရှိကြောင်း အမီတာဘာဂျန်းက ၎င်း၏ Twitter စာမျက်နှာ၌ ရေးသားသည်။

ဆေးစစ်ရလာဒ်ကို သိရှိရပြီးနောက် အမီတာဘာဂျန်း၏ အလုပ်သမားဝန်ထမ်းများ၊ မိသားစုဝင်များအားလုံးတို့ကို ကိုရိုနာဗိုင်းရပ်စ်ရောဂါ စစ်ဆေးမှုခံယူထားကြောင်း၊ လွန်ခဲ့သည့် ၁၀-ရက်အတွင်း ၎င်းနှင့် အနီးကပ်ထိတွေ့ခဲ့သူအားလုံးတို့အနေဖြင့်လည်း အလားတူ စမ်းသပ်စစ်ဆေးမှုခံယူကြပါရန် အမီတာဘာဂျန်းက တိုက်တွန်းရေးသားထားသည်။

အိန္ဒိယ၏ လူသိအများဆုံး မင်းသားကြီးတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်လျှက်ရှိကြောင်းသတင်းမှာ အချိန်တိုအတွင်း တောမီးပမာ ပြန့်နှံ့လျှက် လူပြောအများဆုံးဖြစ်လျှက်ရှိသည်။

သို့သော် အမီတာဘာဂျန်း ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်ကောင်းမွန်လျှက်ရှိသည်ဟု ဆေးရုံသတင်းရင်း မြစ်များအရ သိရှိရသည်။

#ကိုရိုနာဗိုင်းရပ်စ်_အမီတာဘာဂျန်း

((( Dhaka Tribune., July 11th, 2020,” Amitabh Bachchan tests positive for coronavirus.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.dhakatribune.com/health/coronavirus/2020/07/11/amitabh-bachchan-tests-positive-for-coronavirus

0

Leave a Reply

Your email address will not be published.