မော်ဝါဒီ ပြောက်ကျားတိုက်ခိုက်ရေးသမားများအား စီးနင်းစဉ် အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ဝင် ၂၂-ဦး ကျဆုံး ၃၀-ကျော် ဒဏ်ရာရရှိ။ အိန္ဒိယတွင် ၁၉၆၀-ပြည့်တစ်ဝှိုက်မှစ၍ လက်ဝဲဝါဒီ ပြောက်ကျားအုပ်စုများ လက်နက်ကိုင်ထကြွခဲ့၊ ပြောက်ကျား ၂၀၀-ကျော်အသေဖမ်းဆီးရမိ ၉၀၀ ကျော်လက်နက်ချ


အိန္ဒိယနိုင်ငံတွင် မော်ဝါဒီ ပြောက်ကျားများက ခြုံခိုတိုက်ခိုက်သဖြင့် တပ်ဖွဲ့ဝင် ၂၀ ကျော် ကျဆုံးခဲ့ရကြောင်း အိန္ဒိယနိုင်ငံ၌ တားမြစ်ထားသည့် အဆိုပါအုပ်စုကို ဆက်လက်ထိုးစစ်ဆင်သွားမည်ဖြစ်ကြောင်း #နာရင်ဒြာမိုဒီ အစိုးရက ကတိပြုသည်ဟု Russia Today က ယနေ့ရေးသားသည်။…  
အိန္ဒိယနိုင်ငံ အလယ်ပိုင်း ဆတ္တီဂါရ်ပြည်နယ်၌ ဖြစ်ပွားသော တိုက်ပွဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင် ၂၂-ဦးကျဆုံး၍ ၃၁-ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောဆိုသည်။ အိန္ဒိယသတင်းစာ Times of India က ဖော်ပြရာတွင်မူ တိုက်ပွဲဖြစ်ပွားပြီးနောက် ၃၂-ဦး ဒဏ်ရာရရှိ၍ တပ်ဖွဲ့ဝင်တစ်ဦး ပျောက်ဆုံးလျှက်ရှိကြောင်း၊ သောကြာနေ့ ညပိုင်း မော်ဝါဒီတိုက်ဖျက်ရေး စီးနင်းရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင် ၂,၀၀၀ ကျော်ပါဝင်ကြောင်း၊ အစိုးရတပ်များနှင့်အတူ အိန္ဒိယရဲတပ်ဖွဲ့၏ CoBRA တောတွင်းအထူးတိုက်ခိုက်ရေးယူနစ်လည်း ပါဝင်ကြောင်း ဖော်ပြသည်။…  
၎င်းဒေသတွင် ကင်းလှည့်နေသော လုံခြုံရေးယူနစ်တစ်ခုကို မော်ဝါဒီအုပ်စုတစ်စုက ခြုံခိုတိုက်ခိုက်ခြင်းဖြစ်ပြီး တိုက်ပွဲမှာ ၃-နာရီခန့်ကြာမြင့်သည်ဟု သတင်းရရှိကြောင်း PTI သတင်းအေဂျင်ဟီက ရေးသားသည်။…   
ကျဆုံးတပ်ဖွဲ့ဝင်များအား အိန္ဒိယနိုင်ငံက အစဉ်ထာဝရ သတိရနေလိမ့်မည်ဖြစ်ကြောင်း #ဝန်ကြီးချုပ်နာရင်ဒြာမိုဒီက လူမှုကွန်ယက်တွင် စနေနေ့၌ ရေးသားသည်။ ပြည်ထဲရေးဝန်ကြီး အမစ်ရှားကမူ အိန္ဒိယနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအပေါ် ဖျက်ဆီးနေသည့် ရန်သူများအား ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ဖော်ပြသည်။…  
လက်ဝဲအယူအဆ ပြောက်ကျားအုပ်စုများသည် အိန္ဒိယနိုင်ငံတွင် ၁၉၆၀ ပြည့်နှစ်တစ်ဝှိုက်၌ လက်နက်ကိုင်ထကြွခဲ့ကြခြင်းဖြစ်ပြီး လုံခြုံရေးဝန်ထမ်းများအား ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် အဖျက်အမှောက်လုပ်ငန်းများ ပြုလုပ်ခဲ့ကြသည်။ လွန်ခဲ့သည့်လ ဆတ္တီဂါရ်တွင် ရဲတပ်ဖွဲ့ပိုင် ဘတ်စ်ကားတစ်စီးကို မော်ဝါဒီ ပြောက်ကျားတို့က ဗုံးခွဲတိုက်ခိုက်သဖြင့် ရဲတပ်ဖွဲ့ဝင် ၅-ဦး သေဆုံးခဲ့ရသည်။…  
၂၀၂၀-ပြည့်နှစ် မတ်လ ဆူကမာခရိုင်တွင် မော်ဝါဒီတိုက်ဖျက်ရေး လုံခြုံရေးကင်းလှည်လည်စဉ် ခြုံခိုတိုက်ခိုက်ခံရခြင်းကြောင့် တပ်ဖွဲ့ဝင် ၁၇-ဦး သေဆုံးသည်။…    
ပြည်နယ်အတွင်း မော်ဝါဒီတိုက်ခိုက်ရေးသမား ၂၁၆-ယောက်ကို အသေဖမ်းဆီးရမိခဲ့ပြီး ၃-နှစ်အတွင်း လက်နက်ချအလင်းဝင်သူ ၉၆၆-ဦးရှိကြောင်း ၎င်းနှစ် ဒီဇင်ဘာလ၌ ဆတ္တီဂါပြည်နယ်အစိုးရက အစီရင်ခံခဲ့သည်။

(((Russia Today., 4 Apr, 2021, “22 police officers killed, 30+ wounded by guerilla fighters during anti-Maoist raid in India.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာ သာပြန်ဆိုသည်။ )))

#အိန္ဒိယမော်ဝါဒီပြောက်ကျားများခြုံခိုတိုက်ခိုက်၍_လုံခြုံရေးတပ်ဖွဲ့ဝင်_၂၀ကျော်သေဆုံး၊

https://www.rt.com/news/520085-india-police-ambushed-guerilla/
https://timesofindia.indiatimes.com/india/chhattisgarh-maoist-attack-live-update-sukma-bijapur-district-april-4/liveblog/81895442.cms
https://www.hindustantimes.com/india-news 

0

Leave a Reply

Your email address will not be published.