(မေ-၁၈၊ ၂၀၂၁) ဘယ်တော်လှန်ရေးသမားမှ စာသင်ကျောင်းကို မီးမရှို့ဘူး၊ ဗုံးမခွဲဘူး၊ စာသင်ပေးတဲ့ ကျောင်းဆရာ ဆရာမတွေကို ရန်မရှာဘူး

တကယ်တော့ ကျောင်းကိစ္စနဲ့ ပတ်သက်ပြီး ဦးရဲထွဋ်ပြောတာ မှန်နေတာပဲဟာ။ မင်းတို့ဟာ သိပ်ခက်တယ်။ ဦးရဲထွဋ် ဘာပြောပြော မှားတယ်ဆိုတာလည်း မဟုတ်သေးသလို ဟိုပဒီးပဒါးအဘွားကြီး ပြောစကားတွေကျ ဗုဒ္ဓတရားထက်တောင် မှန်တယ်ထင်နေတာကတော့ ပိုပြီးတော့တောင် မဟုတ်တာပဲ။

ဦးရဲထွဋ်ကို စမတ်ကျတဲ့ နိုင်ငံရေးသမားလို့ ထင်မိတဲ့အခါ ရှိပေမဲ့ သူဟာ ငါ သဘောတွေ့တဲ့ လူတော့ မဟုတ်ပါဘူး။ ထားပါ၊ ငါ့သဘောကတော့ ဥပမာ။ ဘီလူးက ဗုဒ္ဓတရားတော်တွေ ရွတ်ပြတဲ့အခါ ဘီလူးကို မယုံပေမဲ့ တရားတော်တွေကိုတော့ ယုံသင့်တယ်ဆိုတာပဲ။

ငါ လက်နက်ကိုင်တိုင်းရင်းသားတွေနဲ့အတူ လေးငါးနှစ် နေခဲ့ဖူးတယ်။

ဘယ်အဖွဲ့ကမှ စာသင်ကျောင်းတွေ မီးမရှို့ ဗုံးမခွဲဘူးဆိုတာ အမှန်ပဲ။

ကေအင်ယူရဲ့ တပ်မဟာ ၆ နယ်မြေ၊ ဒူးပလာခရိုင်ထဲမှာ ဖားပြရွာဆိုတာ ရှိတယ်။ အခု ကေအင်ယူရဲ့ ဒူးပလာ ခရိုင်က္ကဌ ဖဒိုရွှေမောင်းရဲ့ ဇာတိရွာပဲ။ (ဖဒိုရွှေမောင်းရဲ့ တူမကိုလည်း ငါ စာသင်ပေးဖူးတာပဲ) ဖားပြရွာဟာ ကေအင်ယူရဲ့ အမာခံရွာတွေထဲ ပါခဲ့တယ်။ ငါတို့ ကေအင်ယူရဲဘော်တွေနဲ့အတူ စစ်ကြောင်းထွက်တဲ့အခါ အဲ့ဒီရွာမှာ စတည်းချလေ့ရှိတယ်။

ဖားပြနဲ့ ကပ်လျက်က ကျုံခွန်ရွာမှာတော့ စစ်တပ်စခန်း ရှိတယ်။

ငါတို့ တစ်ခါတစ်ရံ သွားပြီး ပစ်ခတ်တာမျိုး လုပ်ဖူးတယ်။

ဒါပေမဲ့ ဖားပြရွာမှာ အစိုးရအလယ်တန်းကျောင်း ရှိတယ်။ ဒါကို ကေအင်ယူက ခွင့်ပြုထားတယ်။ ကျောင်းကို ရန်မရှာပါဘူး။

အဲ့ဒီကျောင်းမှာ ဆရာက နှစ်ယောက်တည်း ရှိတယ်။ ကျောင်းအုပ်ကလည်း တစ်ခါ မြို့ပြန်သွားပြီးရင် အကြာကြီး ပြန်မလာဘူး။ ရွာက အကူအညီတောင်းလို့ ငါ သူပုန်ဘဝနဲ့ အဲ့ဒီကျောင်းမှာ ခြောက်လ တစ်နှစ်လောက် စာဝင်သင်ပေးဖူးတယ်။ အတန်းအားလုံးကို အင်္ဂလိပ်စာ သင်ပေးတာ။

နှစ် ၃၀ လောက်ကြာပြီး ဟိုတစ်လောကမှ ငါ ဖားပြကို သွားလည်တာ။ တော်တော်များများ သေကုန်ပြီ။ ကျန်သေးတဲ့သူအကုန်နီးပါး ငါ့ကို မှတ်မိတယ်။ အထူးသဖြင့် ငါ့တပည့်ဟောင်းတွေပေါ့။ ငါ စာသင်ပေးဖူးတဲ့ ခြောက်တန်းက ငါ့တပည့်မဟာ အခု အဲ့ဒီကျောင်းမှာပဲ ဆရာမကြီး ဖြစ်နေပြီ။

ပြောချင်တာက အဲ့ဒီရွာဟာ ကေအင်ယူကို ရိက္ခာထောက်ပံ့နေတဲ့ အမာခံရွာ ဖြစ်ပေမဲ့ သူတို့သားသမီးတွေကို အဲ့ဒီအစိုးရကျောင်းမှာ ထားတယ်။ ငါက ကေအင်ယူက လက်နက်ကိုင်တွေနဲ့ စစ်ကြောင်းလိုက်နေတဲ့ သူပုန်ဖြစ် ပေမဲ့ အဲ့ဒီအစိုးရကျောင်းမှာ စာဝင်သင်ပေးတယ်။

ဒါပဲ.. တော်လှန်ရေးသမားမှန်ရင် လူထုကို အခြေပြုရတာမို့ လူထုဆန္ဒနဲ့ အကျိုးစီးပွားကို ဆန့်ကျင်လို့ မရဘူး။ နိုင်ငံရေး အသေခံလို့မရဘူး။

နောက်ပြီး ပညာရေးဟာ ပညာရေးပဲ။ အဲ့ဒီဝေးလံသီခေါင်ပြီး အရင်တုန်းက ကားလမ်းမပေါက်ခဲ့တဲ့ အဲ့ဒီရွာက လူတိုင်းဟာ သူတို့ကလေးတွေကို ပညာတတ်စေချင်တယ်၊ ပင်ပန်းဆင်းရဲ ကြီးစွာ လုပ်ကိုင်စားသောက်ရတာမျိုး မဖြစ်စေချင်ဘူး။

ပညာမပြောနဲ့၊ စာကို ရေးတတ်ဖတ်တတ်ရင်တောင် စာမတတ်တဲ့ သူတို့ဘဝထက် သာတယ်လို့ မြင်တာပဲ။ ဒါကြောင့် နိဂုံးချူပ်ရရင် …

#ဘယ်တော်လှန်ရေးသမားမှ_စာသင်ကျောင်းကို_မီးမရှို့ဘူး၊ #ဗုံးမခွဲဘူး၊ #စာသင်ပေးတဲ့_ကျောင်းဆရာ_ဆရာမတွေကို #ရန်မရှာဘူးဆိုတာပဲ..

Credit: Min Lwin ( နဒီမင်း )

..

ယခုနောက်ပိုင်း စာသင်ကျောင်းများ ပညာရေးမှူးရုံးခန်းများအား လက်သရမ်းဖျက်ဆီးခံရခြင်း၊ ဗုံးထောင် ဗုံးဖောက် မီးရှို့ခံရခြင်း၊ ကျောင်း မတက်ရန် ကျောင်းသား/ကျောင်းသူနှင့် ဆရာ/ဆရာမတို့အား အသက်ဘေး ခြိမ်ခြောက် ခြင်း များဖြစ်ပေါ်လျှက်ရှိပါသည်။

ထိုသို့ လုပ်ရန် စင်ပြိုင်အစိုးရဆိုသူတိုနှှင့် လော်ဘီတို့က လှုံ့ဆော်လျှက်ရှိသည်။ မီဒီယာလွတ်လပ်ခွင့်ကို တောင်း ဆိုလျှက်ရှိသည်ဆိုသူတို့သည် ကျောင်းမတက်ရန် ခြိမ်းခြောက်ခြင်းများကို သတင်းလုပ်ကာ ဖော်ပြသော်လည်း လက်သရမ်း/မီးရှို့ဖျက်ဆီးနေခြင်းများကိုမူ ထိန်ချန်လျှက်ရှိသည်။

အစွန်းရောက် အကြမ်းဖက် တာလီဘန်တို့နှင့် မခြား လူကြားမကောင်း ဖြစ်ချင်တိုင်း ဖြစ်နေသည်တို့ကို နိုင်ငံတကာ သိအောင် ပြောပြရန် တာဝန်ရှိသူတို့မှာ အာဏာထိန်းသည်ဆိုသော နစက ပင်ဖြစ်လေသည်။

သို့သော် Global Fire Power အရ ကမ္ဘာ့နိုင်ငံပေါင်း ၁၄၀ တွင် အဆင့် ၃၈ ရှိ၍ အင်အား ၅-သိန်းကျော်ခန့် ရှိသည်ဆိုသော မြန်မာ့တပ်မတော်ကြီးတွင် အမ်းဂလိတ်စာတတ်သူ တစ်ယောက်မှ ရှိပုံမရပေ ..

လူမှူကွန်ယက်တွင် အမ်းဂလိတ်ဘာသာဖြင့် ချောက်ဖောင်းထုခြင်း မရှု့ မလှခံနေရသည် ပုခုံးတွင် အပွင့်ကြီး ပြူးနေအောင် တင်ထားသူတို့မှာလည်း သည်လိုသတင်းမျိုးကို နိုင်ငံတကာအဖွဲ့အစည်းများသို့ အသိပေး၍ ဖြေရှင်းထိုက်ကြောင်း ဉာဏ်ပညာ ရှိပုံ မရပေ။

အစဉ်လေးစားစွာဖြင့်

#HtayOung, #OungMarine

https://www.globalfirepower.com/country-military-strength-detail.php?country_id=myanmar

+1

Leave a Reply

Your email address will not be published.