ရောဂါခြေချုပ် ချထားသည်။ မြို့နေများအား ကာကွယ်ခြင်းဖြင့် ဂုဏ်ယူပါ။

Quarantine ဆိုသည်မှာ ရောဂါခြေချုပ်ဖြစ်ပါသည်။ လူတစ်စု လက်တည့်စမ်းရာမှ ပေါ်ပေါက်လာခဲ့သော ဝေါ ဟာရမဟုတ်ပဲ ဆေးဘက်ဆိုင်ရာတက္ကသိုလ်များအပါအဝင် တက္ကသိုလ်-ကောလိပ်တို့၏ ဘာသာရပ်အသီး သီးမှ ပညာရှင်များ၊ ပြင်ပ ရဟန်းပညာရှိ- လူပညာရှိတို့ကိုယ်စားပြုသော ဝေါဟာရပြုစုရေး ကော်မတီက တရားဝင် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ဥပဒေတစ်ရပ်သဖွယ် လိုက်နာရန် ဖြစ်လာသည့် ဝေါဟာရကို မနှစ်သက်- မဆီလျော်- မပြည့်စုံဟု ထင်မှတ်ပါက နည်းလမ်းတကျ ပြင်ဆင်နိုင်ပါသည်။

 ယခုကဲ့သို့ ကမ္ဘာအရပ်ရပ်၌ ကူးစက်ရောဂါကပ်ဆိုး ကျရောက်နေချိန်တွင် သံသယရှိသူအား Incubation ဗိုင်းရပ်စ်ပိုးအားယူချိန် ၁၄-ရက်အတွင်း တစ်နေရာတည်း၌သာ သီးခြားနေစေရန် ပြတ်ပြတ်သားသား သတ် မှတ်ခြင်း Quarantine ကို “ ရောဂါခြေချုပ် “ ဟု မြန်မာမှုပြုသည်မှာ ဆီလျော်ကြောင်း တဖြည်းဖြည်း သိ သာနိုင်ပါသည်။

ဝေါဟာရတစ်ခုအနက်ဖွင့်လျှင် အခြားရှိနှင့်ပြီး ဝေါဟာရများနှင့် ဆင်တူရိုးမှား မသဲမကွဲမဖြစ်လေ ကောင်းလေ ဖြစ်ပါသည်။ အမည်ကြားယုံနှင့် အလွယ်တကူနားလည်နိုင်ရပါမည်။

လွန်ခဲ့သည့် မတ်- ၁၅ ရက်တွင် အိန္ဒိယနိုင်ငံ မွန်ဘိုင်းစည်ပင်သာယာ ( BMC ) က ရောဂါခြေချုပ် ချထား ကြောင်း ခန္ဓာကိုယ်အသားပေါ်တွင် တံဆိပ်ရိုက်ခြင်းကို စတင်ကျင့်သုံးသည်။ မပျက်နိုင်သော မင်အမျိုး အစား သုံး၍ တံဆိပ်ရိုက်ခံရသူ ၅၂၈ ယောက် တို့သည် ကိုရိုနာဗိုင်းရပ်စ်စွဲကပ်လျှက်ရှိကြောင်း လက္ခဏာ ပြသခြင်း မရှိပါ။ ကူးစက် ရောဂါအကြီး အကျယ်ဖြစ်ပွား လျှက်ရှိသော တိုင်းပြည်-နယ်မြေတို့မှ ဝင်ရောက် လာသူများ ဖြစ်၍ ရောဂါပိုးအား ယူချိန်ရက်ပိုင်းအတွင်း သီးခြား နေထိုင်ပေးရန် သတ်မှတ်ခြင်းခံရသူများဖြစ်သည်။

ထိုနည်းလမ်းကို မတ်-၁၉ ရက်နေ့တွင် ဘင်္ဂလားဒက်ရှ်က စတင်စမ်းသပ်ခဲ့ပြီး ၂၁-ရက်နေ့တွင် တရားဝင် ကျင့်သုံးကြောင်း ကြေညာပါသည်။

လူအများအပြား ရောဂါကူးစက်ခဲ့လျှင် ဖျားနာ-သေဆုံးနိုင်သည့်ကိစ္စတွင် “ သီးခြားခွဲထားစောင့်ကြည့်သည်“ “ သံသယရှိသည် “ ဟု နားလည်လွဲမှားအောင် မခို့တရို့ လေးလုပ်မနေပဲ  “ .. ရက်နေ့အထိ ရောဂါခြေချုပ် ချထား သည်။ မွန်ဘိုင်းမြို့သားများအား ကာကွယ်ခြင်းဖြင့် ဂုဏ်ယူပါ။” ဟု အသားပေါ်တွင် တံဆိပ်ရိုက်ခြင်းဖြစ်တော့ သည်။

သတ်မည့်နွား၊ ပိုင်ရှင်ရှိသော တိရစ္ဆာန်ပမာ ခန္ဓာကိုယ်ပေါ်တွင် တံဆိပ်ရိုက်ခြင်းနှင့် မတူကြောင်း ကာယကံ ရှင်နားလည်လက်ခံရန် အရေးကြီးပါသည်။ အမှန်စင်စစ် မပျက်နိုင်သော မင်ကိုသုံး၍ ရိုက်နှိပ်သော တံဆိပ် ဖြစ်သည့်တိုင် ပျက်ကောင်း ပျက်နိုင်ပါသေးသည်။ ကူးစက်ရောဂါအကြီးအကျယ်ဖြစ်ပွားသော နိုင်ငံမှ ဝင် ရောက်လာသူဖြစ်သော်လည်း ရောဂါပိုးစွဲကပ်နေသူဟု တစ်ထစ်ချသတ်မှတ်နိုင်ခြင်းမရှိပါ။ သို့သော် လျှင်မြန်စွာ ကူးစက်နိုင်ပြီး ဖျား-နာသေဆုံးနိုင်သော ရောဂါပျံ့နှံ့လျှက်ရှိရာတွင် ကိုယ်တိုင်လည်း ဂရုတစ်စိုက်ပူးပေါင်း သင့်သည်ဆိုခြင်းမှာ အရေးကြီးဆုံး ပညာပေးခြင်းဖြစ်ပါသည်။

သည်လောက် တံဆိပ်ရိုက်ရသည့်အဖြစ်မျိုး ကြုံလာရသည်ကို လွန်လွန်းသည် မထင်ပါနှင့်၊ လွန်ခဲ့သော ရက်ပိုင်းအတွင်း ရောဂါကူးစက်ပျံံ့ပွားမှုအမြင့်ဆုံးဖြစ်နေသော အီတလီနှင့် နိုင်ငံကြီးဟု သတ်မှတ်ကြသည့် အမေရိကန်ကဲ့သို့သောနိုင်ငံမျိုးတွင် Lock-down နှင့် Quarantine ကို လေးစားလိုက်နာခြင်းမရှိပဲ တားဆီး-ကန့်သတ်မှုကို စည်းကမ်းချိုးဖောက်ကြသဖြင့် စစ်တပ်ချထားရန် ချိန်ဆလျှက်ရှိပါသည်။

((( The Hindu., Mar.17,2020, “Coronavirus| Mumbai Corporation begins stamping hands of those under home quarantine.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ် ဘာသာပြန်ဆိုသည်။ အကြောင်းအရာတူဖော်ပြချက်များမှာ ပေးထားပါ Link များအတိုင်းဖြစ်သည်။ )))

#ကိုရိုနာဗိုင်းရပ်စ်အသားပေါ်တံဆိပ်ရိုက်ခြင်း #ကိုရိုနာဗိုင်းရပ်စ်အိန္ဒိယဘင်္ဂလားဒက်ရှ်

https://www.scmp.com/news/world/united-states-canada/article/3076295/coronavirus-nearly-one-billion-people-are-confined

https://www.thehindu.com/news/cities/mumbai/covid-19-mumbai-corporation-begins-stamping-hands-of-those-under-home-quarantine/article31089073.ece

https://nypost.com/2020/03/18/india-is-stamping-hands-of-people-under-coronavirus-quarantine/

https://m.bdnews24.com/en/detail/bangladesh/1737056?fbclid=IwAR2TK7f2LweVMlHKQPd7heQGLnAZybWma1oCq-YFGpnoq3xS02rHM-h3Ics

https://www.dhakatribune.com/bangladesh/dhaka/2020/03/20/immigration-authorities-mark-returnees-with-quarantine-date?fbclid=IwAR3gfATyaKJP4lBYZ6Igh30nUYA4hkUXNhN5eKV_wSNfXEDiL0Y7qC8q91Q

https://nypost.com/2020/03/21/army-plans-to-turn-nyc-hotel-dorm-rooms-into-coronavirus-hospitals/

0

Leave a Reply

Your email address will not be published.