ရွေးကောက်ပွဲအပြီး ယှဉ်ပြိုင်ဘက်ပါတီထောက်ခံသူချင်း တိုက်ခိုက်ကြ၍ လူ ၁၂-ဦး ထက်မနည်း သေဆုံး။ အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်တွင် နှစ်ဘက်နိုင်ငံရေးပါတီထောက်ခံသူများအကြား နေအိမ်နှင့် ဈေးဆိုင်များ အပြန်အလှန် ရမ်းကားဖျက်ဆီး


အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်တွင် ရွေးကောက်ပွဲအပြီး၌ လက်ရှိအာဏာရ #ထရီနာမူးကွန်ဂရက် (#TMC) နှင့် #ဘာရတ်တီရာ_ဂျာနတ်တာ_ပါတီ (#BJP) တို့မှ ထောက်ခံသူအချင်းချင်း လမ်းများပေါ်တွင် ရိုက်နှက်သတ်ပုတ်ကြရာ အနည်းဆုံး လူ ၁၂-ဦးသေဆုံးကြောင်း သတင်းရရှိသည်ဟု Sputnik က ယနေ့ ရေးသားသည်။…  
ထိုပြင် နှစ်ဘက်နိုင်ငံရေးထောက်ခံသူများအကြား နေအိမ်နှင့် ဈေးဆိုင်များ အပြန်အလှန် ရမ်းကားဖျက်ဆီးကြသည်ဆို၏။…   
အိန္ဒိယနိုင်ငံ ပြည်နယ် ၅-ခုတွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲများသည် မေ ၂-ရက် ရလဒ်ထုတ်ပြန်ချိန်တိုင်အောင် တစ်လမျှ ကြာမြင့်ခဲ့သည်။ အနောက်ဘင်္ဂလားတွင် TMC ပါတီက နေရာ ၂၉၄ နေရာအနက် ၂၁၃ နေရာဖြင့် သောင်ပြိုကမ်းပြို အနိုင်ရရှိပြီး နာရင်ဒြာမိုဒီ၏ BJP ကမူ ၇၇-နေရာသာ ရရှိသည်။…   
အာသံပြည်နယ်တွင် ၁၂၀ နေရာရှိသည့်အနက် BJP က ၆၀ နေရာဖြင့် ဒုတိယသက်တမ်းအဖြစ် ဆက်လက် အနိုင်ရရှိသည်။…  
တမီလ်နာဒူးတွင် DMK က ၂၃၄ နေရာအနက် ၁၃၃ နေရာဖြင့်၎င်း၊…   
ကီရာလာတွင် LDF က နှစ်ပေါင်း ၄၀ အတွင်း ဒုတိယဆက်တိုက်သက်တမ်းအဖြစ် UDF ကို အနိုင်ရရှိသည်။…   
ပူဒူချယ်ရီတွင်မူ AINRC က အစိုးရဖွဲ့နိုင်ရန်အတွက် BJP နှင့် မဟာမိတ်ဖွဲ့ရမည်ဖြစ်ကြောင်း Times of India က ယနေ့ ရေးသားသည်။

#ရွေးကောက်ပွဲအပြီး_အိန္ဒိယအနောက်ဘင်္ဂလား #ပြိုင်ဘက်ပါတီနှစ်ခုအကြား_တိုက်ခိုက်

(((Sputnik News., May 04, 2021,” At least 12 Killed in post-election clashes in west Bengal.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))  
…https://t.me/sputniknewsindia/1055?fbclid=IwAR2qEwKIxfbOQJptzXJ_VfFbG2e2nOsX4FKlm4LVOqcbqYaP_pDrOTUOjWw
https://timesofindia.indiatimes.com/india/west-bengal-violence-news-live-updates-j-p-nadda-on-two-day-visit-to-west-bengal/liveblog/82381095.cms 

+2

Leave a Reply

Your email address will not be published.