၂၀၂၀ အထွေထွေရွေးကောက်ပွဲကျင်းပရန် လပိုင်းမျှသာ လိုပါတော့သည်။
ကျွန်တော်တစ်ဦးတစ်ယောက်တည်း၏ အမြင်တွင် လွန်ခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲအကြိုကာလတွင် ထူးခြားသည့် တိုက်ဆိုင်မှုများဖြစ်ပွားခဲ့ပြီး ယခု ၂၀၂၀ ရွေးကောက်ပွဲအကြိုကာလတွင်လည်း ထပ်တူဖြစ်ပွားနေသည်ဟု ဆိုချင်ပါသည်။ သို့သော် ဖြစ်ပုံဖြစ်နည်း ပို၍ပြင်းထန်လာပြီး အမျိုးအစား ပိုမိုစုံလင်လာသည်ကို တွေ့ရသည်။
မြန်မာနိုင်ငံပြည်တွင်းစစ်သည် ၁၉၄၈ လွတ်လပ်ရေးရပြီး ၈၃-ရက်အကြာတွင် စတင်သည်။ ရာစုနှစ် ထက်ဝက်ကျော်ပြီးအခါ ပြည်တွင်းစစ်အနေအထားမှာ အရှေ့-အရှေ့မြောက်၍သာ ကွက်ကွက်လေးဖြစ်ပွားနေသည်။ ယခင်က တိုက်ပွဲများအနေအထားမှာ နယ်စပ်ဒေသများ၌သာ ဖြစ်ပွားနေပြီး မြန်မာ့တပ်မတော်သည် နိုင်ငံ့မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်း၌သာ သီးသန့်ဖြစ်အောင် ထိန်းထားနိုင်ကြောင်းတွေ့ရသည်။ ယခုမူ မြို့ကြီးအချို့သို့ ကူးစက်လာဟန် ပြသနေသည်။
၂၀၁၅ -ခုနှစ်တွင် ထူးခြားသည်မှာ အနောက်တံခါး ပဋိပက္ခများဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲ အကြိုကာလ နိုင်ငံရေးပါတီများမဲဆွယ်စည်းရုံးနေစဉ် အိန္ဒိယသမုဒ္ဒရာရေပြင်၌ ထောင်နှင့်ချီသော လှေစီးပြေးများ ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် နော်ဝေးနိုင်ငံ အော်စလိုမြို့၌ “ မြန်မာနိုင်ငံ ရိုဟင်ဂျာ မွတ်စလင်များအပေါ် ဂျီနိုဆိုက်ကျူးလွန်မှုရပ်တန့်ရေး အော်စလိုကွန်ဖရင့် “Oslo Conference to stop genocide of Rohingya Muslims in Burma/Myanmar ကျင်းပခြင်းဖြစ်သည်။ မေ ၂၆ မှ ၂၈ ရက်နေ့အထိ ( ၃ ) ရက်ကြာဆွေးနွေးပွဲတွင် တက်ရောက်သူများအနက် #မောင်ဇာနည်၊ #မြန်မာနိုင်ငံဆိုင်ရာကုလအထူးသံတမန်ဟောင်း(၂၀၁၈-၂၀၁၄)ကင်တားနား စသည်တို့မှာ မြန်မာတို့ သိပြီးဖြစ်ပါသည်။ ထို့ပြင် ဒီမိုကရေစီထွန်းကားရေး “ ပွင့်လင်းလူ့အဖွဲ့အစည်း “ #ဘီလျံနာသူဌေးကြီးဂျော့ဆိုရော့စ်။ #မလေးရှားဝန်ကြီးချုပ်ဟောင်းမဟာသီယာ၊ #အရှေ့တီမောသမ္မတဟောင်းဂျိုဆေရာမို့စ်ဟော်တာ တို့က Video ကွန်ဖရင့်မှတဆင့် ဝင်ရောက်ဆွေးနွေးခဲ့သည်။
မှတ်သားဖွယ်ရာများမှာ အရှေ့ တီမောသမ္မတဟောင်းဂျိုဆေရာမို့စ်ဟော်တာက ပြောကြားရာတွင် ၎င်းအရှေ့တီမော၌ သမ္မတရာထူး ( ၂၀၀၇-၂၀၁၂ ခုနှစ် ) မတိုင်မီ “ အရှေ့တီမောလွတ်လပ်ရေး တော်လှန်ရေးတပ်ဦး “Fretilin ၌ ရှိစဉ် ထိုင်း-မြန်မာနယ်စပ်၊ အိန္ဒိယ-မြန်မာနယ်စပ်သို့ ရောက်ခဲ့ဖူးကြောင်း၊ မြန်မာဒီမိုကရေစီ လှုပ်ရှားသူများအား လွတ်မြောက်ရေးအတွက် ဟောပြောပို့ချပေးခဲ့ရာ ၎င်းသင်တန်းတက်ရောက်ခဲ့သူအချို့မှာ ယခုအခါ မြန်မာနိုင်ငံမြို့ကြီးများ၌ အမာခံများအဖြစ် အခြေခိုင်လျှက်ရှိကြောင်း ပြောကြားသည်။
အခြားထူးခြားချက်မှာ ထိုစဉ်က ဘာသာရေးခွဲခြားဆက်ဆံခြင်းနှင့် ရက်စက်ဖိနှိပ်ခြင်းကြောင့် နိုင်ငံစွန့်ခွာလာရပါသည်ဆိုသည့် ထောင်ပေါင်းများစွာသော လှေစီးပြေးများတွင် ၆၀ မှ ၇၀ ရာခိုင်နှုန်းမှာ ဘင်္ဂလားဒက်ရှ် မှဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခြင်းဖြစ်သည်။ လူဝင်မှုကြီးကြပ်ရေးအားကိုးကားလျှက် သြစတေးလျနိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့ပ်၏ မှတ်ချက်ကို အင်ဒိုနီးရှား The Jakarta Post ( May 23,2015 ) နှင့် နိုင်ငံတကာမီဒီယာများ၌ ဖော်ပြသည်။
လူကုန်ကူးပွဲစားများ သွေးဆောင်ကောင်းမှုဖြင့် ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားရောက် ဘင်္ဂါလီများနှင့် ဘင်္ဂလားဒက်ရှ်နိုင်ငံသားတို့သည် လှေစီးပြေးအဖြစ် သြစတေးလျှနှင့် နယူးဇီလန်သို့ ဥၤီးတည်ထွက်ခွာခဲ့ကြရာ လမ်းခုလတ်တွင် သေကြေပျက်စီးသူအများအပြားရှိခဲ့သည်ဟု သိရှိရသည်။ ထိုဂယက်မှာ မြန်မာနှင့် ဘင်္ဂလားဒက်ရှ်အပေါ် ရိုက်ခတ်ခဲ့သည်။
ကောင်းမွန်စွာ လုပ်ကိုင်စားသောက်နိုင်သော အမိနိုင်ငံတော်အား စွန့်ခွာ၍ လှေစီးပြေးအဖြစ်ခံယူသူများမှာ ရူးသွပ်နေသူများဖြစ်ကြောင်း၊ ကမ္ဘာ့အလယ်တွင် နိုင်ငံပုံရိပ်ကို ကျဆင်းစေသူများအဖြစ် ဘင်္ဂလားဒက်ရှ် ဝန်ကြီးချုပ် ရှိတ်ဟာစီနာက ပြင်းထန်စွာ အပြစ်တင်လိုက်ကြောင်း Al Jazeera ( 25 May, 2015 ) ၌ ဖော်ပြသည်။
လူပေါင်းထောင်ချီ တစ်စုတစ်ဝေးတည်း လူကုန်ကူးခံရသူများတွင် အချို့ကလည်း အခကြေးငွေပေး၍ လှေစီးပြေးအဖြစ်ခံယူကြခြင်းဖြစ်ရာ ထိုင်းနိုင်ငံတွင်လည်း ကော်မတီဖွဲ့၍ စုံစမ်းစစ်ဆေးရသည်အထိ ဖြစ်ပေါ်သည်။ ထိုနောက်ပိုင်း လှေစီးပြေးခေတ်မှေးမှိန်သွားကြောင်း တွေ့ရှိရသည်။
ယခု ၂၀၂၀ ရွေးကောက်ပွဲရာသီစာမှာကား အနောက်တံခါးနှင့်ပတ်သက်၍ ယခင်ကထက်ပိုမိုပြင်းထန်ပြီး ကဏ္ဍစုံ အမျိုးစုံလင်ကြောင်း တွေရပါသည်။ ဒုက္ခသည်ဘင်္ဂါလီအရေးနှင့်ပတ်သက်၍ ယခင်က ဆွေးနွေးပွဲအဆင့်လောက်သာရှိရာမှ ယခုအခါ နိုင်ငံတကာအဆင့်သို့ ပီပီပြင်ပြင်ရောက်ရှိလာကြောင်းတွေ့ရှိရသည်။
ယခုအခါတွင် ၂၀၁၇ သြဂုတ်လ ၂၅ နေ့မှစ၍ မြန်မာနိုင်ငံမှ ထွက်ပြေးသည်ဆိုသူ ဒုက္ခသည်ဘင်္ဂါလီ ( ရှိတ်ဟာစီနာအဆို ) ၁.၁ သန်းမှာ ဘင်္ဂလားဒက်ရှ် ကော့ခ်ဘဇားတွင်ရှိနေသည်။
( နိုဝင်ဘာ – ၁၄၊ ၂၀၁၉ ) ၌ ကောခ့်ဘဇားတောင်ဖက် ဘင်္ဂလားပင်လယ်အော်တွင် စက်ပျက်မျောပါနေသာ လှေတစ်စီးမှ လှေစီးပြေး ၁၂၂ ယောက်ကို ဘင်္ဂလားဒက်ရှ်ကမ်းခြေစောင့်တပ်ဖွဲ့က ကယ်တင်ခဲ့ရသည်။ ကလေး ၁၅ ယောက်နှင့် မ – ၅၉၊ ကျား- ၄၈ ယောက်တို့ပါဝင်သော ထိုလှေစီးပြေးများမှာ ကော့ခ်ဘဇားဒုက္ခသည်စခန်းမှ ဒုက္ခသည် ဘင်္ဂါလီများဖြစ်သည်ဆို၏။ ၎င်းတို့သည် လူကုန်ကူးသူများ၏ အလုပ်အကိုင်ရရှိရန်၊ မလေးရှားနိုင်ငံသားတို့နှင့် လက်ထပ်ရန် စသည်ဖြင့် မက်လုံးအမျိုးမျိုးပေးကာ သွေးဆောင်ခံရသူများဖြစ်ကြောင်း Malaysia Sun ( Nov. 16, 2019 ) က ဖော်ပြသည်။
၂၀၂၀ ရွေးကောက်ပွဲအကြိုတွင် ဒီဂရီ ထပ်တိုးလာသည်မှာ
( ၁ ) မြန်မာက ဒုက္ခသည်ဘင်္ဂါလီတို့အား နယ်ခြားဖြတ်ကျော်စေ၍ ဘင်္ဂလားဒက်ရှ်နိုင်ငံအတွင်း မောင်းထုတ်မှုကို နိုင်ငံတကာရာဇဝတ်ခုံရုံး ICC က အပြည့်အ၀ စုံစမ်းစစ်ဆေးခြင်း
( ၂ ) မြန်မာက ဒုက္ခသည်ဘင်္ဂါလီတို့အား သတ်ဖြတ်ခြင်း၊ အဓမ္မပြုကျင့်ခြင်း၊ ပျက်စီးဆုံးရှုံးစေသည့် ရာဇဝတ်မှု ကျူးလွန်ကြောင်း ဂမ်ဘီယာနိုင်ငံ၏ တိုင်ကြားချက်ကို နိုင်ငံတကာ တရားရုံး ( ICJ ) က လက်ခံခြင်း
( ၃ ) ) မြန်မာအစိုးရနှင့် ခေါင်းဆောင်တို့က ဒုက္ခသည်ဘင်္ဂါလီတို့အပေါ် လူမျိုးသုဉ်းပြုခြင်း၊ လူမျိုးသုတ်သင်ခြင်းအတွက် ဒုက္ခသည်ဘင်္ဂါလီအဖွဲ့များက အာဂျင်တီးနားနိုင်ငံ၌ တရားစွဲဆိုခြင်း …. တို့ဖြစ်သည်။
အထက်ပါအမှု့အားလုံးတွင် ကမကထပြုလုပ်သူမှာ OIC ခေါ် အစ္စလာမ်မစ်ပူးပေါင်းဆောင် ရွက်ရေး အဖွဲ့ဖြစ်ကြောင်း တွေ့ရှိရပါသည်။
အစဉ်လေးစားစွာဖြင့်
#HtayOung, #OungMarine
http://statecrime.org/state-crime-research/rohingya-oslo-conference/
https://www.theguardian.com/world/2015/may/17/rohingya-burma-refugees-boat-migrants
https://www.malaysiasun.com/news/263086490/bangladesh-rescues-122-malaysia-bound-rohingya
https://www.icc-cpi.int/Pages/record.aspx?docNo=ICC-01/19-27
#မြန်မာနိုင်ငံရိုဟင်ဂျာမွတ်စလင်များအပေါ်ဂျီနိုဆိုက်ကျူးလွန်မှုရပ်တန့်ရေး
#အော်စလိုကွန်ဖရင့် #ဂျော့ဆိုရော့စ် #အရှေ့တီမောသမ္မတဟောင်း #မဟာသီယာ #ICC,ICJ