ရွှေ့ပြောင်းသွားလာသူများအား လူကုန်ကူးသူတို့က ကူးစက်ကပ်ရောဂါအပေါ် အမြတ်ထုတ်နေဟု အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ သတိပေး။ ၃၂-နိုင်ငံတွင် ဥပဒေမဲ့ ရွှေ့ပြောင်းသွား လာ သူ ၃,၅၀၀ ကျော်အား ဖော်ထုတ်၍ လူကုန်ကူးသူ ၂၀၀ ကျော်ကို ဖမ်းဆီးခဲ့။ ရာဇဝတ်ဂိုဏ်းသားတို့က ကာ ကွယ်ဆေးဖြန့်ဖြူးရေးကို ထိုးဖောက်ရန် စီစဉ်နေဟု ဆို

“ အင်တာပိုလ်” ခေါ် အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့သည် ရာဇဝတ်မှုမကင်းသော မှောင်ခိုကုန်ကူးမှုများကို ဖြိုခွင်းရန် နိုင်ငံတကာစစ်ဆင်ရေး၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ဖမ်းဆီးမှု ၂၀၀ ကျော် ပြုလုပ်ခဲ့ပြီးနောက် ရွှေ့ပြောင်းသွားလာသူများအား လူကုန်ကူးသူတို့သည် ကူးစက်ကပ်ရောဂါဖြစ်ပွားလျှက်ရှိအပေါ် အမြတ်ထုတ်နေကြောင်း သတိပေးလိုက်သည်ဟု Reuters ( Dec. 11, 2020 ) က ရေးသားသည်။

“ Turquesa II “ ဟု အမည်ပေးထားသော ရက်သတ္တပတ်တာ စစ်ဆင်ရေးအတွင်း နိုင်ငံပေါင်း ၃၂ နိုင်ငံမှ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် စစ်ဆေးမှု ၅၀,၀၀၀ ကျော် ပြုလုပ်ခဲ့သည်ကို တွေ့ရှိရသည်။ အလုံးအရင်းဖြင့် ဖြိုခွင်းမှုတွင် ဥပဒေနှင့် မညီညွတ်သော ရွှေ့ပြောင်းသွားလာသူ ၃,၅၀၀ ကျော်အား ဖော်ထုတ်ခဲ့ပြီး လူကုန်ကူးမှုနှင့် ဆက်နွယ်၍ ရွှေ့ပြောင်းသွားလာသူများအား ကုန်ကူးသူ ၂၀၀ ကျော်တို့ကို ဖမ်းဆီးခဲ့သည်ဆို၏။

အထူးသဖြင့် Covid-19 ရောဂါကပ်ဆိုး ကာလအတွင်း ပိုမိုကောင်းမွန်သော ဘဝကို ရှာဖွေလိုသည့် အားနည်းချက်ရှိသူတို့အပေါ် ရာဇဝတ်ဂိုဏ်းများက စနစ်တကျ ဆက်လက်စည်းရုံးလျှက်ရှိပုံကို ပြသလျှက်ရှိသည်ဟု “ အင်တာပိုလ် “ အထွေထွေအတွင်းရေးမှူး ရိုဂန်စတော့ခ်က သတိပေးလိုက်ကြောင်း သိရှိရသည်။

အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့၏ စစ်ဆင်ရေးကို မူးယစ်ဆေးဝါးနှင့်ရာဇဝတ်မှုနှိမ်နင်းရေးဆိုင်ရာ ကုလသမဂ္ဂရုံး (UNODC) က ကူညီခဲ့ကြောင်း၊ ယခုကဲ့သို့ အောင်မြင်မှုများသည် နိုင်ငံတကာ အေဂျင်စီအမျိုးမျိုးတို့အကြား ပူးပေါင်းဆောင်ရွက်မှု၏ အရေးကြီးပုံကို ထင်ဟပ်လျှက်ရှိကြောင်း UNODC ၏ အမှုဆောင်ဒါရိုက်တာ ဂါဒါဝေလီ က ပြောဆိုသည်။

ရာဇဝတ်ဂိုဏ်းသားများက Covid-19 ရောဂါကာကွယ်ဆေး ဖြန့်ဖြူးနေစဉ်အတွင်း ထောက်ပံ့ရေးကွင်းဆက်များကို ထိုးဖောက်ရန် သို့မဟုတ် အနှောင့်အယှက်ပေးရန် စီစဉ်လျှက်ရှိကြောင်း ယခု ဒီဇင်ဘာလ စောစောပိုင်း၌ အင်တာပိုလ်က သတိပေးခဲ့ဖူးသည်။

Covid-19 ရောဂါကာကွယ်ဆေးနှင့် ဆက်စပ်၍ ပုံစံအမျိုးမျိုးဖြင့် တိုက်ခိုက်လာမည့် ရာဇဝတ်မှုများအားလုံးတို့အပေါ် ဥပဒေစိုးမိုးရေးအတွက် တတ်နိုင်သမျှ ပြင်ဆင်ထားရှိရန် အလွန်အရေးကြီးသည့်အတွက် အင်တာပိုလ်က နိုင်ငံတကာဆိုင်ရာ သတိပေးချက်ထုတ်ပြန်ခဲ့ရကြောင်း အထွေထွေအတွင်းရေးမှူး ရိုဂန်စတော့ခ်က ရှင်းပြသည်။

#အင်တာပိုလ်ကူးစက်ရောဂါကာလ_လူကုန်ကူးသူများ #အင်တာပိုလ်၏_နိုင်ငံတကာသတိပေးချက် #မူးယစ်ဆေးဝါးနှင့်ရာဇဝတ်မှုနှိမ်နင်းရေးဆိုင်ရာကုလသမဂ္ဂရုံး_UNODC #အားနည်းချက်ရှိသော_ရွှေ့ပြောင်းသွားလာသူများကိုအမြတ်ထုတ်

((( Russia Today., 11 Dec, 2020,” Migrant smugglers exploiting Covid-19 pandemic, Interpol warns” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.reuters.com/article/global-trafficking-police/traffickers-smugglers-exploiting-covid-19-interpol-warns-after-global-crackdown-idUSKBN28L1WD

https://www.rt.com/news/509429-migrant-smugglers-coronavirus-interpol/

Leave a Reply

Your email address will not be published.