ရွှေ့ပြောင်းအလုပ်သမားများ၏ ရောဂါကင်းရှင်းပြီး အဆောင်တွင် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှု ုပြန်လည်တွေ့ရှိရသဖြင့် လူ ၇၀၀၀ ခန့် ကွာရန်တင်း ရောဂါခြေချုပ်ချမှတ်။ ရောဂါကူးစက်မှု ဒုတိယလှိုင်းအတွက် ကာကွယ်ပြင်ဆင်။ ရောဂါဖြစ်ပွားမှု ၅၆,၀၀၀ ကျော်တွင် ၉၅ ရာခိုင်နှုန်းမှာ အဆောင်နေ ရွှေ့ပြောင်း အလုပ်သမားများဖြစ်။

ယခင် ဗိုင်းရပ်စ်အားလုံး ကင်းရှင်းပြီးဖြစ်သော ရွှေ့ပြောင်းအလုပ်သမားများ၏ အဆောင်တွင် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု အသစ် ၁၀၀ ခန့် ပြန်လည်တွေ့ရှိရကြောင်း စင်္ကာပူကျန်းမာရေးဝန်ကြီးဋ္ဌာန ( MOH ) က အင်္ဂါနေ့၌ ပြောဆိုသည်ဟု Channel News Asia က ယမန်နေ့ ရေးသားသည်။ 


နှစ်ပတ်တစ်ကြိမ်ပြုလုပ်နေကျဖြစ်သော ပုံမှန်စစ်ဆေးခြင်းများတွင် လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်လာသည့် အလုပ်သမားအချို့၌ ယခုကဲ့သို့ ကိုရိုနာဗိုင်းရပ်စ်ပိုး စွဲကပ်လျှက်ရှိကြောင်း အတည်ပြုနိုင်ခြင်းဖြစ်သည်ဆို၏။ 

  
အတည်ပြုခံရသူများကို သီးခြားခွဲထုတ်ထားခဲ့ပြီး နီးကပ်စွာထိတွေခဲ့သူများကိုလည်း ခြေရာခံလျှက် လိုအပ်သည်များကို ဆောင်ရွက်ခဲ့ရာ ၆၀ ရာခိုင်နှုန်းခန့် ပြီးစီးခဲ့ကြောင်း သိရှိရသည်။ ရောဂါဖြစ်ပွားမှုအသစ် ပြန်လည် ဖြစ်ပွားခြင်းကြောင့် ကွာရန်တင်း ရောဂါခြေချုပ် ချထားခဲ့ရသူ ရွှေ့ပြောင်းအလုပ်သမား ၇,၀၀၀ ခန့် ရှိမည်ဖြစ်ပြီး ၄င်တို့အနက် ကိုရိုနာဗိုင်းရပ်စ် စွဲကပ်လျှက်ရှိသူ ၂- ရာခိုင်နှုန်းထက် နည်းပါးသည်။ 


ကူးစက်မှု တစ်ခုစစ်ဆေးတွေ့ရှိသည်နှင့်တစ်ပြိုင်နက် အသွားအလာအားလုံး တားဆီးကန့် သတ်လိုက်ပြီး ကြိုတင်ကာကွယ်သည့် အနေဖြင့် အဆောင်နေသူအားလုံးတို့ကို နှာခေါင်းတို့ဖတ်ယူ စစ်ဆေးခဲ့ကြောင်း၊ အဆောင်အားလုံးကိုလည်း ရောဂါ ပျံနှံ့မှုမရှိစေရန် သီးခြားခွဲခြားထားခဲ့ကြောင်း၊ ကွာရန်တင်းချ ထားရသည့် ရွှေ့ပြောင်းအလုပ်သမားများအား နောက်ဆက်တွဲ အန္တရာယ်မဖြစ်စေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ရွှေ့ပြောင်းအလုပ်သမား ရာဂဏန်းမျှသာ စစ်ဆေးဆောင်ရွက်ပေးခြင်းဖြစ်သော်လည်း အလုပ်သမား ထောင်ပေါင်းများစွာတို့အတွက် ကူးစက်ပျံ့နှံ့မှု နည်းပါးစေမည်ဖြစ်သည်။

  
အစီအစဉ်အရ ရွှေပြောင်းအလုပ်သမား ၁၀၀,၀၀၀ ကျော်တို့အား အင်္ဂါနေ့မှ စတင်ကာ ပုံမှန်စစ်ဆေးမှု စတင်ခဲ့ပြီ ဖြစ်သော်လည်း ၎င်းနေ့ညနေအထိ ဝန်ကြီးဋ္ဌာနနှင့် ဘုတ်အဖွဲ့များစာရင်းအရ စစ်ဆေးရမည့်သူ ၁၁၈,၀၀၀ ခန့် ကျန်ရှိနေသည်။

  
ရွှေ့ပြောင်းအလုပ်သမားများအား ပုံမှန်စစ်ဆေးမှုခံယူရန်မှာ အလုပ်ရှင်၏တာဝန်ဖြစ်သည်။ ယနေ့အထိ နှာခေါင်းတို့ဖတ် စစ်ဆေးမှု အတွက် အွန်လိုင်းမှ မှတ်ပုံတင်ရန်ဆောင်ရွက်သူ အလုပ်ရှင် ၁၅,၀၀၀ ခန့် (၇၈ ရာခိုင်နှုန်း) ရှိသည်။ ထို့ပြင် အလုပ်ရှင်အချို့သည် အစီအစဉ်အချို့ကိုသာ လိုက်နာကြပြီး အလုပ်သမားအားလုံးကို မှတ်ပုံတင်ခြင်းမရှိချေ။ အလုပ်သမားတိုင်း အစီအစဉ်တွင် အမြန်ဆုံး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပြီး နောင်တွင် ပျက်ကွက်ကြောင်း စစ်ဆေးတွေ့ရှိလျှင် Red Access Code “ ကိုယ်တိုင် ဗိုင်းရပ်စ်ပိုး ကူးစက်လျှက်ရှိသူ သို့မဟုတ် ဗိုင်းရပ်စ်ကူးစက်လျှက်ရှိကြောင်း အတည်ပြုခံရသူနှင့် အနီးကပ်ထိတွေ့ခဲ့ခြင်းကြောင့် အလုပ်လုပ်ခွင့် မရှိသူ “ အဖြစ် သတ်မှတ်ခြင်း ခံရမည်ဖြစ်သည်။ 


ရွှေ့ပြောင်းအလုပ်သမားများမှာ ၎င်းတို့၏ လုပ်ငန်းအမျိုးအစားအလိုက် အဆောင်တွင် အုပ်စုဖွဲ့ နေထိုင်လျှက်ရှိကြောင်း၊ ပြင်းထန်အသက်ရှူလမ်းကြောင်း ရောင်ရမ်းရောဂါကပ် ကျရောက်သည့် ကာလအတွင်း ရေ့ွှပြောင်းအလုပ်သမားများနှင့် အဆောင်အော်ပရေတာများအား ကူညီရန် အလုပ်အေဂျင်စီများ ထူထောင်ပေးထားခဲ့ကြောင်း၊ ဖျားနာသူ ရှိသည်နှင့် သတင်းပို့ တင်ပြရမည်ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါကို ထိန်းချုပ်ရန် အဆောင်မှ စွန့်ပစ်သော ရေဆိုးများကို စောင့်ကြည့် စစ်ဆေးလျှက်ရှိကြောင်း၊ ရောဂါဖြစ်ပွားမှု အသစ်တွေ့ရှိပါက အဆက်အသွယ် ခြေရာကောက်ခြင်းနှင့် တိကျထိရောက်သော နည်းလမ်းများဖြင့် စစ်ဆေးခြင်း ပြုလုပ် မည်ဖြစ်ကြောင်း 


ဗိုင်းရပ်စ်စွဲကပ်လျှက်ရှိကြောင်း အတည်ပြုခံရသူနှင့် အနီးကပ်ထိတွေ့ခဲ့သူများသည် သတ်မှတ်ထားသော သီးသန့်အဆောက်အအုံတွင် ၁၄-ရက်ကြာ ကွာရန်တင်း နေထိုင်ရမည်ဖြစ်ကြောင်း၊ အခြားသော အနီးကပ်နေထိုင်ခဲ့သူများသည်လည်း ကွာရန်တင်းဝင်ကြရမည်ဖြစ်ပြီး အလုပ်ခွင်ပြန်မဝင်မီ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကင်းရှင်းကြောင်း အသေးစိတ် စစ်ဆေးမှု ခံယူကြရမည်ဖြစ်ကြောင်း 

ဗိုင်းရပ်စ်ကင်းရှင်းပြီး အဆောင်တွင် ကူးစက်မှု အသစ် တွေ့ရှိရသည့်အတွက် စောစီးစွာ ရှာဖွေဖော်ထုတ်ပြီး၊ အချိန်မီ သီးခြားထားရှိခြင်းနှင့် ထိန်းချုပ်ရန် လိုအပ်သည်ဖြစ်ရာ မပေါ့ဆကြရန် လိုအပ်ကြောင်း စင်္ကာပူကျန်းမာရေးဝန်ကြီးဋ္ဌာနနှင့် လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များက ပြောဆိုသည်။ 

  
အင်္ဂါနေ့တွင် စင်ကာပူနိုင်ငံ၌ COVID-19 ရောဂါဖြစ်ပွားမှုအသစ် ၁၀၀ ရှိကြောင်း အတည်ပြုခဲ့ရာ အများစုမှာ ကွာရန်တင်း ရောဂါခြေချုပ် ချထားပြီး အလုပ်လုပ်ကိုင်ခွင့်လက်မှတ်ကိုင်ဆောင်ထားသူများဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှု  ၅-သောင်း ၆-ထောင် ကျော်လာပြီဖြစ်သော စင်္ကာပူ၌ ကူးစက်မှု၏ ၉၅ ရာခိုင်နှုန်းမှာ အဆောင်နေ ရွှေ့ပြောင်း အလုပ်သမားများဖြစ်ကြောင်း Channel News Asia က ဆက်လက်ဖော်ပြသည်။ 



((( Channel News Asia., 18 Aug 2020 .” COVID-19 cases detected again in cleared migrant worker dorms, about 7,000 quarantined due to new infections.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 

  
#ကိုရိုနာဗိုင်းရပ်စ်စင်္ကာပူ 


https://www.channelnewsasia.com/news/singapore/new-covid-19-cases-detected-in-cleared-migrant-worker-dorms-13030954?fbclid=IwAR1NFiVcmr-sSxldHqzx8hippvokUdJRQSvDG6AQk9KfcZN2l-A9xFpYHy0 


https://www.channelnewsasia.com/news/singapore/covid-19-foreign-worker-dormitories-testing-completed-quarantine-13001482?cid=h3_referral_inarticlelinks_24082018_cna 


https://www.channelnewsasia.com/news/singapore/covid-19-new-migrant-foreign-worker-dorms-singapore-twc2-12818890?cid=h3_referral_inarticlelinks_24082018_cna 

0

Leave a Reply

Your email address will not be published.