လောနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ကြောင်း အတည်ပြုခံရသူ ရှိနေပြီလား

ယမန့်နေ့တွင် လောနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ကြောင်း အတည်ပြုသူ ၁-ဦး တွေ့ရှိသည်ဟု သတင်းများတွေရပါသည်။ ၎င်းသတင်းများမှာ လောဘာသာစကားဟု ထင်မှတ်ရသည့် စာကို SS ပြထားပြီး အင်္ဂလိပ်ဘာသာဖြင့် မဟုတ်ကြောင်း တွေ့ရှိရပါသည်။

ကျွန်တော်လက်လှမ်းမီသမျှ ရှာဖွေကြည့်ရာတွင် WHO, CDC, ECDC, NHC , DXY နှင့် ဒေသန္တရသတင်းမီဒီယာတို့၏ Covid-19 နှင့် ပတ်သက်သည့် အချက်အလက်များကို စုဆောင်းဖော်ပြသည့် Johns Hopkins University (JHU) ဂျွန်ဟော့ကင်းတက္ကသိုလ်၏ Coronavirus COVID-19 Global Cases by the Center for Systems Science and Engineering (CSSE) တွင်လည်း

ယနေ့နံနက်အထိ ပါဝင်ခြင်းမရှိကြောင်း တွေ့ရှိရသည်။

မြန်မာ့အိမ်နီးချင်း အာရှတွင်

– ဗီယက်နမ် ( ကူးစက် ၇၅-ဦး၊ သေဆုံး-မရှိ၊ ပျောက်ကင်း- ၁၆ -ဦး )

– ကမ္ဘောဒီးယား ( ကူးစက် ၃၅-ဦး၊ သေဆုံး-မရှိ၊ ပျောက်ကင်း- ၁- ဦး )

– ထိုင်း ( ကူးစက် ၁၂၁-ဦး၊ သေဆုံး-၁၊ ပျောက်ကင်း- ၄၂ -ဦး )

– ဘင်္ဂလားဒက်ရှ် ( ကူးစက် ၁၄-ဦး၊ သေဆုံး-၁၊ ပျောက်ကင်း- ၃- ဦး )

– အိန္ဒိယ ( ကူးစက် ၁၆၉-ဦး၊ သေဆုံး-၃၊ ပျောက်ကင်း- ၁၄- ဦး )

– တရုတ် ( ကူးစက် ၈၁,၁၃၇-ဦး၊ သေဆုံး-၃,၂၄၉၊ ပျောက်ကင်း- ၇၀,၅၂၅ -ဦး ) ဟု တွေ့ရှိရပါသည်။

လောနိုင်ငံတွင် ၁၇-ရက် ( အင်္ဂါနေ့ ) အထိ ဗိုင်းရပ်စ်ပိုးကူးစက်ကြောင်း အတည်ပြုခံရသူ မရှိသေးကြောင်း သတင်းကိုသာတွေ့ရပြီး မူကြို- သူငယ်တန်းကျောင်းများကို နိုင်ငံတစ်ဝှမ်းလုံး၌ ပိတ်ထားလိုက်ပြီး နိုင်ငံခြားသားများ ငှားရမ်း၍ အလုပ်မလုပ်ကြရန် အကြံပြုသည်ကို၎င်း၊ ဗီယက်နမ်နှင့် ထိစပ်နေသော နယ်စပ်၌ ကူးဝင်သူများအား ကိုယ်အပူချိန်တိုင်းခြင်းနှင့် Scanning စစ်ဆေးခြင်းပြုလုပ်မည်ဟုသာ တွေ့ရှိရပါသည်။


အစဉ်လေးစားစွာဖြင့်

#HtayOung, #OungMarine

#ကိုရိုနာဗိုင်းရပ်စ်လောနှင့်အိမ်နီးချင်းနိုင်ငံများ

https://www.thestar.com.my/news/regional/2020/03/17/preschools-kindergartens-closed-in-laos-to-avoid-virus-risks

https://www.thestar.com.my/news/regional/2020/03/13/laos-govt-advises-employers-to-avoid-hiring-foreign-workers

https://www.google.com/search?q=lao+coronavirus&rlz=1C1CHBD_enMM889MM889&sxsrf=ALeKk01jVIaerrty3E83Jky-ufudYrGbJA:1584589997859&source=lnms&tbm=nws&sa=X&ved=2ahUKEwi4kL_f0aXoAhWaYisKHe4VDXkQ_AUoBHoECAsQBg&biw=1304&bih=696

0

Leave a Reply

Your email address will not be published.