သေဆုံးမှုမြင့်တက်လာသည်နှင့်အမျှ ရန်ကုန်စစ်အုပ်ချုပ်ရေးဧရိယာ နေထိုင်သူများ တိမ်းရှောင်၊ ကန့်ကွက်ဆန္ဒပြစဉ် သေဆုံးသူ အနည်းဆုံး ၁၃၈-ဦး ရှိဟု ကုလပြောဆို။ တနင်္ဂနွေတစ်ရက်တည်း နိုင်ငံတဝှန်း ၇၄ ယောက်သေဆုံး၊ ရန်ကုန်နှင့် မန္တလေးဝန်းကျင်တွင် ဆန်-ဆီ ဈေးနှုန်း မြင့်တက်ခဲ့


ထိန်းထိန်းသိမ်းသိမ်းပြုလုပ်ရန် နိုင်ငံတကာအသိုင်းအဝိုင်းက တောင်းဆိုလျှက်ရှိသော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆန္ဒပြသူများအပေါ် သေစေလောက်သော အင်အားအသုံးပြုမှုကို တိုးမြှင့်လိုက်ပြီးနောက် မြန်မာနိုင်ငံ၏အကြီးဆုံးမြို့တော် ရန်ကုန်ရှိ ကန့်ကွက်ဆန္ဒပြမှုများဖြင့် ပေါက်ကွဲလုနီးဧရိယာတွင် နေထိုင်သူများမှာ အမိုးဖွင့်ကုန်တင်ကားများ၊ ဆိုင်ကယ်ဘေးတွဲယာဉ်များဖြင့် ထွက်ပြေးတိမ်းရှောင်လျှက်ရှိသည်ဟု နိုင်ငံတကာမီဒီယာများက ယနေ့ဖော်ပြသည်။..   
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြမှုများကြောင့် အနည်းဆုံး လူ ၁၃၈-ဦး သေဆုံးခဲ့ပြီဖြစ်ကြောင်း ကမ္ဘာ့ကုလသမဂ္ဂက ပြောဆိုသည်။..  
ပြီးခဲ့သည့်လ၌ အရပ်သားခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား မြန်မာ့တပ်မတော်က ဖြုတ်ချပြီးကတည်းက ထောင်သောင်းချီသောသူများသည် လမ်းများပေါ်သို့ ထွက်၍ ဒီမိုကရေစီနိုင်ငံသို့ပြန်သွားရန် ဆန္ဒပြမှုများဖြစ်ပွားခဲ့သည်။..  
နေ့စဉ်နီးပါး ဖြိုခွင်းမှုများ၌ ရဲတပ်ဖွဲ့ဝင်များနှင့်စစ်သားများသည် မျက်ရည်ယိုဗုံး၊ ရာဘာကျည်နှင့် ကျည်အစစ်များ အသုံးပြုကာ နှိမ်နင်းခဲ့သည်။ ကန့်ကွက်ဆန္ဒပြသူများ စုစည်းခြင်း မပြုနိုင်ရန် ညပိုင်း အင်တာနက်ဖြတ်တောက်ခြင်းကဲ့သို့ တားဆီးမှုများလည်း ပြုလုပ်ခဲ့သည်။..   
မြို့ကြီးအချို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များလက်ချက်ဖြင့် အနည်းဆုံး ၂၀-ဦး သေဆုံးခဲ့ရကြောင်း ဖမ်းဆီး-သေဆုံးမှုများကို စောင့်ကြည့်မှတ်တမ်းတင်လျှက်ရှိသည့် #နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) ၏ တနင်္လာနေ့ စာရင်းဇယားများအရ သိရှိရသည်။..   
တပ်မတော်က ဒေါ်အောင်ဆန်းစုကြည်အစိုးရအား ရာထူးမှဖြုတ်ချပြီးနောက် ရက်သတ္တ ၆-အတွင်း လွန်ခဲ့သည့် တနင်္ဂနွေနေ့သည် အသေအပျောက်အများဆုံးနေ့ဖြစ်ပြီး နိုင်ငံတဝှန်း အာဏာသိမ်းဆန့်ကျင်မှုများကို အကြမ်းဖက်နှိမ်နင်းခြင်းကြောင့် လူ ၇၄ ယောက် သေဆုံးခဲ့ကြောင်း AAPP က ပြောဆိုသည်။..   
မိန်းမနှင့် ကလေးများအပါအဝင် ငြိမ်းချမ်းစွာဆန္ဒပြသူများအဖြစ် ကုလသမဂ္ဂက ပြောဆိုသူ ၁၃၈-ဦးတို့၏ အသက်ကိုဆုံးရှုံးစေခဲ့သည့် အကြမ်းဖက်မှုကို ကုလသမဂ္ဂ၊ အမေရိကန်၊ ဗြိတိတန်နှင့် တရုတ်နိုင်ငံတို့က ပြစ်တင်ရှုတ်ချလိုက်သည်။..  
သေဆုံးသူအများစုသည် ရန်ကုန် လှိုင်သာယာမြို့နယ် ကုန်သွယ်ရေးအချက်အချာ နေရာတွင်တည်ရှိသည့် တရုတ်နိင်ငံသားပိုင် အထည်ချုပ်စက်ရုံအများစုကို တနင်္ဂနွေနေ့က ဖျက်ဆီးစဉ် ရှင်းလင်းခြင်း ခံရသူများ ဖြစ်သည်။
..
အဆိုပါ ဧရိယာနှင့် လူဦးရေ ၂-သန်းခန့် နေထိုင်သည့် အခြားမြို့နယ် ၅-မြို့နယ်တို့တွင် #မာရှယ်လော #စစ်အုပ်ချုပ်ရေးဥပဒေကို ပြဌာန်းလိုက်ခြင်းဖြင့် တပ်မတော်အစိုးရက တုန့်ပြန်ခဲ့သည်။ ဖမ်းဆီးခြင်းခံသည့် မည်သူမဆို ၃-နှစ်ကြာ အလုပ်နှင့်ထောင်ဒဏ်မှ သေဒဏ်အထိအပြစ်ပေးနိုင်သည့် စစ်ခုံရုံးဖြင့် စီရင်မည်ဖြစ်သည်။..  
တနင်္လာနေ့ အပြန်အလှန်ပစ်ခတ်မှုများတွင် အာဏာသိမ်းဆန့်ကျင်ရာ၌ ပါဝင်ခြင်းမရှိသူ အရပ်သားများလည်း သေဆုံးခဲ့ရကြောင်း AAPP ၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်ဆို၏။..  
ဒေသန္တရမီဒီယာတစ်ခုဖြစ်သော ဧရာဝတီက အင်္ဂါနေ့နံနက်ပိုင်း သတင်းထုတ်လွှင့်ရာတွင် (မာရှယ်လော) မြို့ နယ်များမှ အမိုးဖွင့်ကုန်တင်ကားများ ဆိုင်ကယ်ဘေးတွဲယာဉ်များဖြင့် ထွက်ပြေးလာသူများဖြင့် ပြည့်နှက်လျှက်ရှိသော လမ်းမကြီး၏ ဓါတ်ပုံကို ဖော်ပြထားသည်။..   
အချို့မှာ ၎င်းတို့၏ချစ်မွေးတိရိစ္ဆာန်များကို မော်တော်ဆိုင်ကယ်ပေါ်တွင်သယ်ဆောင်လာကြပြီး အချို့ကမူ သူတို့၏ ပစ္စည်းများကို ဗီနိုင်းအိတ်များဖြင့် ဆိုင်ကယ်ဘေးတွဲယာဉ်ပေါ်၌ ဖိသိပ်တင်ဆောင်ထားကြောင်း တွေ့ရှိရသည်။..  
ဒေသခံတစ်ဦးက AFP သို့ ပြောဆိုရာတွင် နံနက် အရုဏ်တက်ချိန်၌ အဆိုပါလူများမှာ လုံခြုံရေးတပ်ဖွဲ့များ ဝင်ရောက်လာခြင်းအား နှေးကွေးစေရန် ကန့်ကွက်ဆန္ဒပြသူများ ချထားသည့် လက်လုပ်အတားအဆီးများအား ဖယ်ရှား၍ နေရာမှ ထွက်ခွာသွားလိုသူများဖြစ်ကြောင်း (လုံခြုံရေးတပ်ဖွဲ့ဝင်များက ၎င်းတို့အား ထွက်ခွာခွင့် ပြုခဲ့ကြောင်း အတည်ပြုသည်။..  
စစ်ဖက်၏ အာဏာသိမ်းယူပြီးကတည်းက မြန်မာနိုင်ငံတွင် လောင်စာဆီနှင့် ကုန်ဈေးနှုန်း မြင့်တက်လာခြင်းကြောင့် ဆင်းရဲနွမ်းပါးသော မိသားစုများအနေဖြင့် မိမိတို့ဖာသာ ရှာဖွေလုပ်ကိုင်စားသောက်နိုင်စွမ်းကို ချိနဲ့စေသည်ဟု ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က အင်္ဂါနေ့၌ ပြောဆိုသည်။..  
ဖေဖော်ဝါရီလဆန်းမှစ၍ အဓိကမြို့တော် ရန်ကုန်ဝန်းကျင်တွင် စားအုန်းဆီဈေးနှုန်း ၂၀% မြင့်တက်လာပြီး ဖေဖော်ဝါရီလကုန်အထိ ရန်ကုန်နှင့် မန္တလေးဝန်းကျင်တွင် ဆန်ဈေး ၄% မြင့်တက်ခဲ့ကြောင်း WFP ၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
..
((Channel News Asia., March 16, 2021,” Yangon residents flee martial law area as Myanmar death toll grows.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))
..#သေဆုံးသူ၁၃၈ဦးရှိပြီဖြစ်ဟုကုလပြောဆို #မာရှယ်လောဧရိယာနေသူများ_အစုအပုံလိုက်ထွက်ခွာ #အာဏာသိမ်းပြီးနောက်_လောင်စာဆီနှင့်ကုန်ဈေးနှုန်းမြင့်တက်ခဲ့
… 
https://www.channelnewsasia.com/news/asia/myanmar-coup-protests-yangon-residents-flee-martial-law-14419214
https://www.dhakatribune.com/world/south-east-asia/2021/03/16/yangon-residents-flee-martial-law-area-as-myanmar-death-toll-grows. 

Leave a Reply

Your email address will not be published.