သေဆုံး- ၁၁၆၊ ကူးစက်အတည်ပြု ၄၈၂၃ – ဦး ထပ်မံဖြစ်ပေါ်ခြင်းဖြင့် ကိုရိုနာဗိုင်း ရပ်စ် ဆက်လက်ခြောက်လှန့်နေ။ ရောဂါဖော် စံသတ်မှတ်ချက်ကို ပြောင်းလဲပြီးနောက် သေဆုံးနှင့် ဖျားနာခြင်းအတော်များများအား ကိုရိုနာဗိုင်းရပ်စ်စွဲကပ်ခြင်းအဖြစ်အတည်ပြုနိုင်၊ လူမှ လူချင်းကူးစက်သည်ဆိုရာတွင်

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခြင်းခံရကြောင်း ဟူဘေးကွန်မြူနစ်ပါတီခေါင်းဆောင်ပိုင်းဖယ်ရှားခြင်းနှင့်၊ ရောဂါဖော်ထုတ်ရာတွင် စံသတ်မှတ်ချက်များကို ပြောင်းလဲပြီးနောက် တရုတ်နိုင်ငံ ဟူဘေးပြည်နယ်၏ လူသေဆုံး- ကူးစက်နှုန်းမှာ အကြီးအကျယ်မြင့်တက် ပြောင်းလဲသွားသည်ကို တွေ့ရှိသည်။ ဒုတိယမြောက် ယနေ့နံနက်ပိုင်းအထိ ဟူဘေးပြည်နယ်၌ ၂၄-နာရီအတွင်း ကိုရိုနာဗိုင်းရပ်စွဲကပ်ခြင်းကြောင့် ထပ်မံသေဆုံးသူ ၁၁၆-ဦး၊ ရောဂါဖြစ်ပွားကြောင်း အတည်ပြုနိုင်သူ ၄,၈၂၃-ဦး တိုးမြင့်လာသည်ဟု South China Morning Post က ယနေ့ရေးသားသည်။

Covid-19 အမည်ရှိ ကိုရိုနာဗိုင်းရပ်စ်စွဲကပ်ခြင်းကြောင့် တရုတ်တစ်နိုင်ငံတည်း၌ သေဆုံး ၁,၄၈၃-ဦး၊ ရောဂါဖြစ်ပွားသူ ၆၄,၆၂၇ – ဦးဖြစ်လာသည်။ ယမန်နေ့ ဂျပန်နိုင်ငံတွင် သေဆုံးသော အသက် ၈၀- အရွယ်အဖွားအို တစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ်စွဲကပ်ခြင်းကြောင့်ဖြစ်ကြောင်း ဂျပန်ကျန်းမာရေးဝန်ကြီးက အတည်ပြုသည်။ တရုတ်ပြည်ပြင်ပတွင် ဗိုင်းရပ်ကြောင့်သေဆုံးသူများမှာ ဂျပန်၊ ဟောင်ကောင်၊ ဖိလစ်ပိုင်တို့တွင် ၁-ဦးစီရှိသည်။

ယခုကိန်းဂဏန်းများမှာ လက်တွေ့ရောဂါဖော်ထုတ်ခြင်းအပါအဝင် လူနာ၏ ဝေဒနာလက္ခဏာများကို ပိုင်းခြားစိစစ်နည်းဖြင့် ရောဂါအမည်သတ်မှတ်ခြင်း စံနစ်စတင်ပြီးနောက် ကိုရိုနာဗိုင်းရပ်စ်စွဲကပ်ခြင်းကြောင့် ဒုတိယမြောက်ရက် သေဆုံး- ဖျားနာသူအရေအတွက်ဖြစ်သည်။ ယခင် ရက်သတ္တပတ်အရေအတွက်နှင့် ခြားနားခြင်းကြောင့် အတည်ပြုရန်သံသယရှိသော်လည်း ရောဂါရှာဖွေဖော်ထုတ်ခြင်းစမ်းသပ်မှုများကို ရရှိရန် အကန့်အသတ်ရှိနေသည်။

ရှင်သန်နေသော ကိုရိုနာဗိုင်းရပ်စ်ကို လူနာ၏ မစင်တွင်တွေ့ရှိရကြောင်း တရုတ်ဆေးပညာအကြံပေးအဖွဲ့ခေါင်းဆောင်၊ SARS ရောဂါကျွမ်းကျင်ပညာရှင် ဆွန်နန်ရှန်းကပြောဆိုသည်။ အသစ်တွေ့ရှိရသော ကိုရိုနာဗိုင်းရပ်စ်သည် မစင်ကဲ့သို့ အညစ်အကြေးမှတဆင့် လူ-လူချင်းကူးစက်နိုင်သည်ကို ဆက်လက်လေ့လာရန် များစွာလိုအပ်နေသေးသည်ဆို၏။

သီးခြားခွဲထားသော လူနာ၏ မစင်အညစ်အကြေးများကို စမ်းသပ်ရာတွင် ကိုရိုနာဗိုင်းရပ်စ်ကို တွေ့ရှိရပြီး ၎င်းတို့သည် လူ၏အစာချေစံနစ်တွင် ကောင်းစွာ မျိုးပွားနိုင်ကြောင်း၊ သို့သော်လည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု့ အများဆုံးမှာ ( နှာချေ-ချောင်းဆိုးကဲ့သို့ ) အရည်မှုန်အမွှားများမှတဆင့်ဖြစ်ကြောင်း အမျိုးသားကျန်းမာရေးကော်မရှင် ပြောခွင့်ရပုဂ္ဂိုလ်က ရှင်းလင်းသည်။

((( South China Morning Post., 14 Feb, 2020, “Coronavirus: Hubei province reports 4,823 new cases and 116 more deaths.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာ ပြန်ဆိုသည်။ အကြောင်းအရာတူ ဆက်စပ်သတင်းများမှာ ပေးထားပါ Links များအတိုင်းဖြစ်သည်။ )))

https://www.scmp.com/news/china/society/article/3050570/coronavirus-hubei-province-reports-4823-new-cases-and-116-more

https://www.scmp.com/news/china/society/article/3050354/coronavirus-hubei-province-reports-sharp-spike-new-confirmed

0

Leave a Reply

Your email address will not be published.