သေပြီဆိုသည့် မြောက်ကိုရီးယားခေါင်းဆောင် လူမြင်ကွင်း၌ ပြည်ထွက်ပေါ်လာ

သေဆုံးပြီ သို့မဟုတ် သေငယ်ဇောနှင့် မျောလျှက်ရှိသည်ဆိုသည့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် ရက် ၂၀-ခန့်ကြာအောင် လူမြင်ကွင်းမှ ပျောက်ကွယ်နေခဲ့ပြီး ယနေ့ပြန်လည်ထွက်ပေါ်လာသည်ကို မြောက်ကိုရီးယားနိုင်ငံပိုင်ရုပ်သံက ထုတ်လွှင့်သည်ဟု BBC က ယနေ့ ရေးသားသည်။

အဖိုးဖြစ်သူမွေးနေ့ပွဲတွင် အစဉ်အလာအရ တက်ရောက်ရမြဲဖြစ်သည့် မြောက်ကိုရီးယားခေါင်းဆောင်အား မတွေ့မြင်ရခြင်းနှင့် ပတ်သက်၍ သေဆုံး သို့မဟုတ် အပြင်းအထန်နာမကျန်းဖြစ်လျှက်ရျှိကြောင်း CNN အပါအဝင် နာမည်ကြီးအနောက်မီဒီယာတို့က စီအိုင်အေသတင်းရင်းမြစ်အဖြစ်ဖော်ပြခဲ့ကြသည်။

ကင်ဂျုံအန်အလွန် ညီမဖြစ်သူ အာဏာဆက်ခံခဲ့လျှင် မြောက်ကိုရီးယားပြည်သူများ အစုအပုံလိုက်ထွက်ပြေးခြင်းဖြင့် ဒေသတွင်း ဒုက္ခသည်အကြပ်အတည်းဆိုက်နိုင်ပုံ- တရုတ်နှင့် ရုရှားတပ်များ မြောက်ကိုရီးယားသို့ ချဉ်းနင်းလာဖွယ်ရှိပြီး ဂူအမ်ကျွန်းအမေရိကန်ရေတပ်အခြေစိုက်စခန်း၏ အနာဂါတ်တို့အား ခန့်မှန်းသုံးသပ်ရေးသားကြရာ ညူကလီယာလက်နက် အသုံးပြုမည့် တတိယကမ္ဘာစစ်ဖြစ်တော့မည်အထိ ကျယ်ပြန့်သွားခဲ့ကြောင်း တွေ့ရှိရသည်။

အစဉ်လေးစားစွာဖြင့်

#HtayOung, #OungMarine

https://www.bbc.com/news/amp/world-asia-52508437

0

Leave a Reply

Your email address will not be published.