သွေးနားထင်ရောက်၍ ဒုက္ခဖြစ်အောင် အနှစ်မဲ့ အချွန်နှင့် မစခြင်း


ယမန်နေ့ အွန်လိုင်းတွင် ထူးခြားသော ပို့စ်တစ်ခုကို တွေ့ရှိရပါသည်။

ရှမ်းပြည်တောင်ပိုင်း အင်ဂျင်နီယာကျောင်းသားများက လက်လုပ် ဒရုန်းယာဉ်ငယ်တွင် ဗုံးချိတ်ဆွဲ၍ နမ့်စန်မြို့ နယ်အတွင်းရှိ နစက တပ်များအား တိုက်ခိုက်ခဲ့ရာ ၂-ကြိမ်တိုင် အောင်မြင်သည်ဟူသော ဓါတ်ပုံနှင့်တကွ ဖော်ပြချက်ဖြစ်သည်။

…  
မူလက ဆေးဖြန်းဒရုန်းကို တိုက်ခိုက်ရေးအတွက် မွန်းမံ ပြင်ဆင်ခဲ့ခြင်းဖြစ်သည်ဟုလည်း တွေ့ရှိရပါသည်။

ကျွန်တော့်အနေဖြင့် ယခုကဲ့သို့ အကြောင်းအရာများတွင် တစ်ကြိမ်တစ်ခါမှ တုန့်ပြန်ရေးသားခြင်းမျိုး မရှိခဲ့ဖူးပါ။
သို့သော် ယခင် ကျွန်တော် ဘာသာပြန်ဖော်ပြခဲ့ဖူးသော အကြောင်းအရာများတွင် ပါဝင်ခဲ့ပြီးအချက်အလက်များနှင့်လည်း တိုက်ဆိုင်နေပါ၍ လူအများ ရှင်းလင်းစွာ သိရှိနိုင်ရန် ရေးသားရခြင်းဖြစ်ပါ၏။

ဖော်ပြထားသော အချက်အလက်များမှာ လုံး၀ အဓိပ္ပါယ်မရှိပါ။

အဆိုပါ ဆေးဖြန်းလေယာဉ်ငယ်မှာ ပေါက်ကွဲပစ္စည်း အလေးချိန် မည်မျှ သယ်ဆောင်နိုင်ပါမည်နည်း။

မက္ကဆီကိုတွင် ဖောက်ခွဲပစ္စည်းတင် ဒရုန်းများဖြင့် မူးယစ်ရာဇာအချင်းချင်း- မူးယစ်ရာဇာတို့က လုံခြုံရေးတပ်များအား ဗုံးသယ်လေယာဉ်ငယ်များအသုံးပြု၍ တိုက်ခိုက်ဖူးပါသည်။

မက္ကဆီကို မူးယစ်ရာဇာတို့မှာ ပိုက်ဆံကို ဖောဖောသီသီသုံးနိုင်ပြီး ခေတ်မီ ပစ္စည်းကောင်း လက်လှမ်းမီ သူများဖြစ်သည်။ သို့သော်လည်း

(၁) ပထမဆုံး ပြဿနာမှာ ဒရုန်းယာဉ်ငယ်တို့က ဖောက်ခွဲပစ္စည်းများများကို သယ်ဆောင် ပျံသန်းနိုင်စွမ်း မရှိခြင်းဖြစ်သည်။

(၂) ဒုတိယပြဿနာမှာ ဒရုန်းယာဉ်များအား ပျံသန်းမှု ထိန်းချုပ်သည့် အကွာအဝေးဖြစ်ပါ၏။

ဆီးရီးယား အရှေ့အလယ်ပိုင်းနှင့် အာဖဂန်နစ္စတန်တို့တွင် အမေရိကန်က ဒရုန်းများ အသုံးပြုလျှက်ရှိပါသည်။ ၎င်းဒရုန်းများကို ပင်လယ်ကွေ့ ကာတာနိုင်ငံ လေတပ်အခြေစိုက်စခန်းမှ လွှတ်တင်ပြီး မိုင်ထောင်ချီ ဝေးကွာ သည့် အမေရိကန် အရီဇိုးနား လေတပ်ဌာနချုပ်က ထိန်းချုပ်မောင်းနှင်သည်ဆို၏။

ထိုမျှလောက် စွမ်းရည်မြင့် ဒရုန်းမျိုးကို မြန်မာစစ်တပ်မှာပင် ရှိမည် မထင်ပါ

(၃) ဒရုန်းတို့၏ တတိယ အားနည်းချက်မှာ မိမိ၏ လေယာဉ်ငယ်ကို ရန်သူက ကြားဝင် ထိန်းချုပ်သွားခြင်းမျိုးဖြစ်ပါ၏။ ထိုအခါ မိမိလက်နက်မှာ မိမိအား ဒုက္ခပေးမည့် ရန်သူဖြစ်ရလေတော့သည်။ ထိုဖြစ်ရပ်မျိုးကို အီရတ်တွင် အမေရိကန်ဒရုန်းကို အီရန်က ကြားဖြတ် ထိန်းချုပ်သွားကြောင်း တွေ့ရှိရသည်။

မက္ကဆီကို မူးယစ်ရာဇာများသုံး ဒရုန်းယာဉ်ငယ်များမှာ စစ်အင်အားကြီး နိုင်ငံများ၏ စစ်မြေပြင်သုံး ဒရုန်းများ ကဲ့သို့ တိကျသေချာခြင်း မရှိ၊ ထိရောက်မှုလည်း မရှိပါ ။

ဒရုန်းလေယာဉ်ငယ်သုံးသည်ဟု နာမည်ထွက်ယုံသာရှိပြီး တစ်ဖက်ရန်သူကို ဒဏ်ရာရအောင်ပင် စွမ်းရည် မရှိပါ။

ဆေးဖြန်းလေယာဉ်ငယ်ကို ကလေးကစားသည့် Remote control နှင့် အကွာအဝေး မည်မျှလောက်က ထိန်းချုပ် နိုင်ပါမည်နည်း၊ 

တစ်ဖက်ရန်သူက ကောင်းကောင်းကြီး မြင်တွေ့နိုင်သော အကွာအဝေးရှိ ခြုံပုတ်ထဲမှ Remote ကြီးကို နှိပ်နေရလျှင် တယ်ပြီး အလုပ်မဖြစ်ချေ။

ထို့ပြင် အဆိုပါ ဒရုန်းကိုလည်း ရန်သူက မြင်တွေ၍ လောက်လေးခွလောက်နှင့် ပစ်ချမရ့နိုင်ပါဟု အာမခံနိုင်ပါသလား၊ 

ဒရုန်းကလည်း ရန်သူ၏ အရေးကြီးပစ်မှတ် ဥပမာ လက်နက်တိုက် စသည်တို့ထံသို့ တည့်တည့်မတ်မတ် ပျံသန်းနေပါသည်ဟု မည်သို့ သိနိုင်ပါမည်နည်း။

…  
ဆက်ပြောရလျှင် ပျံသန်းရေး အရာဝတ္တုတစ်ခုခုအတွက် ခရီးလမ်းညွှန်သုံး GPS နှင့် Loran C စံနစ်များအထိ ရောက်ရန်ရှိပြီး ဖြစ်နိုင်ခြေ အလွန်နည်းကြောင်း သေချာနေလေသည်။

အလကားနေရင်း သားသမီးအရွယ် လူငယ်လေးများ သွေး နားထင်ရောက်၍ ဒုက္ခဖြစ်အောင် မြှောက်ပေးခြင်း သက်သက်မျှသာဖြစ်တော့သည်။


အစဉ်လေးစားစွာဖြင့်

#HtayOung, #OungMarine

https://www.occrp.org/en/daily/14291-mexican-cartel-attacks-police-with-explosive-drones
https://www.unilad.co.uk/news/mexican-drug-cartel-is-dropping-bombs-on-cops-with-a-drone/
https://www.nytimes.com/2019/12/27/us/politics/american-rocket-attack-iraq.html
https://www.nytimes.com/2020/01/01/world/middleeast/us-embassy-baghdad-iraq.html
https://www.nytimes.com/2019/12/31/world/middleeast/baghdad-protesters-us-embassy.html 

+1

Leave a Reply

Your email address will not be published.