ဟေတီသမ္မတအား ကိုလံဘီယာစစ်သားဟောင်းများနှင့် အမေရိကန်နိုင်ငံသားတို့က လုပ်ကြံသတ်ဖြတ်၊ ၁၁-ဦးကို ထိုင်ဝမ်နိုင်ငံသံရုံးဝင်းအတွင်း၌ ဖမ်းဆီးရမိ ဟု ဟေတီအစိုးရ သတင်းထုတ်ပြန်။ ပြည်ပနိုင်ငံသား ကြေးစားများဖြင့် သမ္မတကို လုပ်ကြံခဲ့


သမ္မတ ခိုးဗင်နိုင်းလ်မွိုင်စ်အား လုပ်ကြံသတ်ဖြတ်သည့် တပ်ဖွဲ့တွင် အမေရိကန် ၂-ဦးနှင့် ကိုလံဘီယန် ၂၆-ဦးတို့ ပါဝင်ကြောင်း ဟေတီအစိုးရက ပြောကြားသည်။ ၁၁-ဦးကို မိမိတို့သံတမန်အအောက်အအုံဝင်းအတွင်း ဖမ်းဆီးခြင်း ဖြစ်ကြောင်း ထိုင်ဝမ်နိုင်ငံက အတည်ပြုသည်ဟု Russia Today က ယနေ့ ရေးသားးသည်။

…  
၂၈-ဦးအနည်းဆုံးပါဝင်သည့် ၎င်းတို့အဖွဲ့သည် ယခု သီတင်းပတ်စောစောပိုင်းတွင် လုပ်ကြံသတ်ဖြတ်ရန် အစီအစဉ်ရေးဆွဲခဲ့ကြကြောင်း၊ သံသယရှိသူ အများအပြားကို ဖမ်းဆီးရမိခဲ့ပြီး အခြားသူများမှာ အာဏာပိုင်များနှင့် အပြန်အလှန်ပစ်ခတ်စဉ်အတွင်း သေဆုံးခဲ့ကြောင်း၊ ကိုလံဘီယာနိုင်ငံသား ၁၅-ဦးနှင့် ဟေတီနွယ်ဖွား အမေရိကန် ၂-ဦးတို့ကို ဖမ်းဆီးနိုင်ခဲ့ရာ ကိုလံဘီယန် ၃-ဦးမှာ အသေဖမ်းဆီးရမိပြီး လွတ်မြောက်နေသူ ၈-ဦးရှိကြောင်း၊ လုပ်ကြံရာတွင် အသုံးပြုခဲ့သည့် လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများကို ရဲတပ်ဖွဲ့ဝင်များက ရှာဖွေသိမ်းဆည်းနိုင်ခဲ့ကြောင်း၊ လုပ်ကြံမှုကျူးလွန်သူများတွင် ကြေးစားစစ်သား ၈-ဦးပါဝင်သည်ကို အခိုင်အမာ ဖော်ထုတ်ရန် ရှာဖွေစစ်ဆေးမှုများကို ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း ဟေတီ အမျိုးသားရဲတပ်ဖွဲ့ အကြီးအကဲက သတင်းထောက်များအား ရှင်းပြသည်။

…  
မီဒီယာများနှင့် တွေ့ဆုံစဉ် အနီးအနား စားပွဲပေါ်၌ သိမ်းဆည်းရမိသည့် လုပ်ကြံမှုနှင့် ဆက်စပ်သည်ဆိုသော ရိုင်ဖယ်သေနတ်များ၊ တောခုတ်ဒါးနှင့် အခြားပစ္စည်းကိရိယာများအား ခင်းကျင်းပြသထားသည်။

…   
ကနဦး တွေ့ရှိချက်များအရ ဟေတီနိုင်ငံဖြစ်စဉ်တွင် မိမိနိုင်ငံ၏ လက်နက်ကိုင် တပ်ဖွဲ့ဝင်ဟောင်းများက ပါဝင်ကျူးလွန်ခဲ့သည်ကို ဖော်ပြနေကြောင်း ဟေတီအာဏာပိုင်တို့၏ စုံစမ်းစစ်ဆေးမှုများတွင် ကူညီထောက်ပံ့ပေးရန် ကတိပြုကြောင်း ကိုလံဘီယာ ကာကွယ်ရေးဝန်ကြီးက ပြောဆိုသည်။

…    
ညနေပိုင်းတွင် ဟေတီရှိ ထိုင်ဝမ်သံရုံးအဆောက်အအုံဝင်းအတွင်း၌ ကြေးစားစစ်သား (၁၁) ယောက်ကို အမျိုးသားရဲတပ်ဖွဲ့က ဖမ်းဆီးရမိသည်ဟု ရှင်းလင်းရာတွင် ပါဝင်သော်လည်း မည်ကဲ့သို့ သတင်းရရရှိ၍ ဝင်ရောက်ဖမ်းဆီးနိုင်သည်ဆိုခြင်းကို အသေးစိတ်ဖော်ပြခြင်း မရှိပေ၊ အဆိုပါ ဖမ်းဆီးရမိသူများမှာ မည်သည့်လူမျိုးများဖြစ်ကြောင်းကိုလည်း သတင်းထုတ်ပြန်ခြင်း မရှိသေးချေ။

…   
ဟေတီသည် ထိုင်ဝမ်အား တရားဝင်အသိအမှတ်ပြု၍ သံတမန်ဆက်သွယ်မှုရှိသည့် နိုင်ငံအနည်းငယ်တို့အနက် တစ်နိုင်ငံဖြစ်သည်။

…  
အမေရိကန်နိုင်ငံသားများအား ဖမ်းဆီးထားသည်ဆိုခြင်းနှင့် ပတ်သက်၍ အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း၊ ဆက်လက်ဆောင်ရွက်အတွက် ဟေတီအရာရှိများနှင့် အဆက်အသွယ်လျှက်ရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ရိုက်တာသတင်းဌာနသို့ ဖြေကြားသည်။

…  
ဟေတီ ရွေးကောက်ပွဲနှင့် နိုင်ငံရေးပါတီများဆက်သွယ်ရေးဆိုင်ရာဝန်ကြီးက ပြောဆိုရာတွင်မူ သမ္မတအား လုပ်ကြံသတ်ဖြတ်မှု သံသယဖြင့် ဖမ်းဆီးထားသူနှစ်ဦးမှာ ဂျိမ်းစ်ဆိုလာ့ဂ် ( ၃၅-နှစ် ) နှင့် ဂျိူးဇက်ဗင်းဆင့် ( ၅၅-နှစ် ) တို့ဖြစ်ကြပြီး ဟေတီနွယ်ဖွား အမေရိကန်နိုင်ငံသားများဖြစ်ကြောင်း၊ ဗင်းဆင့်သည် ဟေတီနိုင်ငံ ကနေဒါသံရုံးတွင် သက်တော်စောင့်အဖြစ် လုပ်ကိုင်ခဲ့ဖူးကြောင်း အတည်ပြုသည်ဟု Washington Posts က ယနေ့ရေးသားသည်။

သွေးအလိမ်းလိမ်းဖြစ်နေသည့် သမ္မတလုပ်ကြံမှုသံသယရှိသူ ၂-ဦးကို လမ်းကြားတစ်ခု လူအုပ်ကြားမှ ရဲတပ်ဖွဲ့ဝင်များက ဆွဲထုတ်သွားသည့် သတင်းရုပ်သံကို The Times က ဖော်ပြသည်။

ဗုဒ္ဓဟူးနေ့ နံနက်အစောပိုင်းတွင် ပို့အော့ဖ်ပရင့်မြို့တော်အနီးရှိ အိမ်တော်တွင် သမ္မတ ခိုးဗင်နိုင်းလ်မွိုင်စ်အား သေနတ်သမားတစ်စုက သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့ကြသည်။ သမ္မတ၏ ဇနီးဖြစ်သူမှာလည်း ပြင်းထန် စွာဒဏ်ရာရရှိသည့်အတွက် ဆေဝါးကုသရန် အမေရိကန် ဖလော်ရီဒါပြည်နယ် မိုင်ယာမီသို့လေယာဉ်ဖြင့် ပို့ဆောင်ခဲ့ရသည်။ 

လုပ်ကြံသူတို့နှင့် ပတ်သက်၍ အသေးစိတ်သိရှိရသည့် အချက်အလက်အနည်းငယ်တွင် သေနတ်သမားတို့မှာ စပိန်စကားနှင့်အင်္ဂလိပ်စကားနှစ်မျိုးလုံးကို ပြောဆိုခဲ့ကြပြီး အမေရိကန်မူးယစ်ဆေးနှိမ်နင်းရေးအဖွဲ့ (DEA) မှ အေးဂျင့်များအဖြစ် ဟန်ဆောင်ထားကြသူများဖြစ်ကြောင်း ဟေတီကြားဖြတ်အစိုးရ ဝန်ကြီးချုပ်နှင့် ခေတ္တသမ္မတ ကလော့ဒ်ဂျိုးဇက်တို့က ပြောကြားသည်။

#ဟေတီသမ္မတအား_ကိုလံဘီယာစစ်သားဟောင်းများနှင့်_အမေရိကန်နိုင်ငံသားတို့က_လုပ်ကြံသတ်ဖြတ်
#ဟေတီနိုင်ငံတော်လုပ်ကြံမှုသံသယယရှိသူ_၁၁-ဦးကို_ထိုင်ဝမ်နိုင်ငံသံရုံးအတွင်း၌_ဖမ်းဆီးရမိ

(((Russia Today., 9 Jul, 2021,” Haiti’s president killed by ‘foreign hit squad’ of ex-Colombian military & Haitian-Americans, 11 arrested inside ‘Taiwan embassy’” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

https://www.rt.com/news/528753-haiti-assassins-colombian-american/
https://www.washingtonpost.com/world/2021/07/08/haiti-president-assassinated/
https://www.washingtonpost.com/world/2021/07/08/haiti-president-assassinated/?request-id=3dd810ef-65ac-499b-b104-57310aef9237&pml=1
https://www.rt.com/news/528648-haiti-president-suspects-arrested/
https://www.thetimes.co.uk/article/99377f72-e015-11eb-bac0-9597568b601f
https://www.washingtonpost.com/world/2021/07/09/haiti-assassination-taiwan-embassy/ 

Leave a Reply

Your email address will not be published.