ဟောင်ကောင်တွင် ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၁-ဦးသေဆုံး။ နောက် ရက်သတ္တပတ် သို့မဟုတ် ၁၀-ရက်အတွင်း သေဆုံးနှုန်းအမြင့်ဆုံးသို့ ရောက်ရှိနိုင်။ WHO က နိုင်ငံတကာ ကူးစက်ပြန့်နှံ့ သည့် ကပ်ရောဂါသစ်အဖြစ် မကြာမီ ကြေညာရဖွယ်ရှိ

စီမံအုပ်ချုပ်ခွင့်ရဒေသ ဟောင်ကောင်တွင် ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၁-ဦးသေဆုံးရခြင်းမှာ တရုတ်ပြည်မကြီး ပြင်ပတွင် ဖိလစ်ပိုင်ပြီးလျှင် ဒုတိယမြောက် လူသေဆုံးမှုဖြစ်ကြောင်း၊ ဗိုင်းရပ်စ် အဓိကကူးစက်ပြန့်ပွားရာ တရုတ်ပြည်တွင်းနှင့် ပြည်ပ ၂ -နေရာလုံး၏ ယခုဖြစ်ရပ်များမှာ 2019 n-CoV ဗိုင်းရပ်စ်ပြန့်ပွားမှု့ နှေးကွေးမည့် အရိပ်အယောင်မတွေ့ရကြောင်း ပြသလျှက်ရှိသည်ဟု CNN က ယနေ့ရေးသားသည်။ 
အသက် ၃၉-နှစ်အရွယ် ယနေ့သေဆုံးသူသည် ဟောင်ကောင်တွင်နေထိုင်သူဖြစ်ပြီး လွန်ခဲ့သည့်လ၌ ဝူဟန်သိူ့ သွားရောက်လည်ပတ်ခဲ့သည်။ ဇန်နဝါရီ ၂၃- တွင် မြန်နှုန်းမြင့်ရထားဖြင့် ပြန်ရောက်လာခဲ့ကာ ဇန်နဝါရီ ၃၁-ရက်နေ့တွင် ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း အတည်ပြုခံရပြီး ဆေးရုံတက်ကုသနေစဉ် သေဆုံးရခြင်းဖြစ်သည် ဆို၏။ 

ယနေ့နံနက်ပိုင်းတွင် တရုတ်နိုင်ငံအတွင်း ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၂၀,၄၃၈ – ဦး ရှိသဖြင့် ယမန်နေ့က ထက် ၃,၂၃၅ – ဦး တိုးလာခြင်းဖြစ်၍ ၁၈ ရာခိုင်နှုန်း ခုန်တက်လာသည်ကိုတွေ့ရှိရသည်။ အသက်ဆုံးရှုံးရသူများတွင်လည်း ၆၅-ဦးတိုးကာ ၄၂၅-ဦးဖြစ်လာသည်။ 

တနင်္လာနေ့ နိုင်ငံပိုင်သတင်းမီဒီယာနှင့် တွေ့ဆုံစဉ် တရုတ်သမ္မတရှီကျင့်ဖျင်က ပြောဆိုရာ၌ ယခုဖြစ်စဉ်မှာ စီးပွားဖွံံ့ဖြိုးလာသော တရုတ်နိုင်ငံ၏ နှစ်သစ်ကူး ရက်ရှည်ရုံးပိတ်ရက်အတွင်း အစိုးရ၏ စွမ်းရည်နှင့် စံနစ်အပေါ် အရေးကြီးသော စမ်းသပ်မှုတစ်ခုဖြစ်ကြောင်း ပြောဆိုသည်။ နိုင်ငံ၏ လူထုကျန်းမာရေးနှင့် အရေးပေါ်စီမံခန့်ခွဲမှုစံနစ်ကို ပြည့်စုံအောင် စီမံလျှက်၊ သဘာဝပတ်ဝန်းကျင်နှင့် ရေဆိုးစွန့်ထုတ်မှုတို့ကို အသေးစိတ်ပြောင်းလဲမည်ဖြစ်သည်။ သားရိုင်းတိရစ္ဆာန် တရားမဝင်ကုန်သွယ်မှုနှင့် ဈေးကွက်ကိုလည်း ဖျက်သိမ်းမည်ဖြစ်ကြောင်း ပြောကြားသည်။ တရုတ်သမ္မတအနေဖြင့် ဝူဟန်အာဏာပိုင်တို့က ကြီးထွားလာနေသော ဗိုင်းရပ်စ်ပြန့်ပွားမှု အပေါ် ချက်ခြင်း မထိန်းချုပ်နိုင်သည့်အတွက် ခံပြင်းနေပုံရသည်။ နှောင့်နှေးခဲ့ကြသည့် ဝူဟန်တာဝန်ရှိသူတို့အား ရာထူးမှ နှုတ်ထွက်ကြရန် သမ္မတက အမိန့်ပေးသည်ဆိုသော သတင်းများမှာ ဟုတ်မှန်ပုံ ရသည်။ 

လောလောဆယ် ဗိုင်းရပ်စ်ကြောင့် သေဆုံးနှုန်းမြင့်တက်လာနေသည်ကို ဝန်ခံသော်လည်း တရုတ်ပြည်၏ ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖျားနာမှုများကို အချိန်နှင့် တစ်ပြေးညီ ပွင့်လင်းမြင်သာစွာ သတင်းထုတ်ပြန်မည်ဖြစ်ကြောင်း သမ္မတရှီကျင့်ဖျင်က ကတိပြုသည်ဟု Sourh China Morning Post ( SCMP ) က ယနေ့ ရေးသားသည်။ 

သို့သော်လည်း ယခု ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကြောင့် နာဖျားသေဆုံးရမှုများမှာ ပင်လယ်ပြင်တွင် မျောနေသော ရေခဲတောင်ကြီး၏ အပေါ်ယံမြင်နေရသော အစိတ်အပိုင်းမျှသာဖြစ်သည်။ ဖြစ်ပွားပမာဏ ပြင်းထန်ခြင်းနှင့် ကူးစက်မြန်ဆန်ခြင်းတို့မှာ ကိုင်တွယ်စီမံရန် အလွန်ခက်ခဲကြောင်း၊ ယနေ့တစ်ရက်တည်းမှာပင် သေဆုံးနှင့်ကူးစက်အတည်ပြုနိုင်သူ အရေအတွက်မှာ စတင်ဖြစ်ပွားချိန်မှစ၍ အများဆုံးဖြစ်ကြောင်း၊ လာမည့်ရက်သတ္တပတ် သို့မဟုတ် ၁၀-ရက်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိလာနိုင်ကြောင်း၊ ဗိုင်းရပ်စ်ကူးစက်မှု စောင့်ကြည့်သူ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပါရဂူများက ပြောဆိုသည်ဟု SCMP က ရေးသားသည်။ 

ဝူဟန်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားပုံအရ နိုင်ငံတကာ ကျန်းမာရေးအဖွဲ့ကြီး WHO က A pandemic as ” The worldwide spread of a new disease.” နိုင်ငံတကာ ကူးစက်ပြန့်နှံ့သည့် ကပ်ရောဂါသစ်” အဖြစ် မကြာမီ သတ်မှတ်ရဖွယ်ရှိကြောင်း သိပ္ပံပညာရှင်များက ပြောဆိုသည်ဟု Business Insider က ယနေ့ရေးသားသည်။ 

ယခုသတင်းရေးသားနေစဉ် စင်္ကာပူတွင် ကိုရိုနာဗိုင်းရပ်မှာ လူမှ လူချင်း ကူးစက်ကြောင်း ပထမဆုံးအကြိမ် တွေ့ရှိရသည်ဟု Strait Times သတင်းစာတစ်ပုဒ်ဖော်ပြသည်။ 

စင်္ကာပူတွင် 2019 n-CoV ဝူဟန်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း နောက်ထပ် အတည်ပြုနိုင်သူ ၆-ဦးတွင် ၄-ဦးမှာ လက်ရှိဗိုင်းရပ်စ်ပြင်းထန်စွာပျံနှံံကူးစက်လျှက်ရှိသည့် တရုတ်နိုင်ငံ ဟူဘေးပြည်နယ် ဝူဟန်မြို့သို့ သွားရောက်ခဲ့ဖူးခြင်း မရှိဟု သိရှိရသည်။ 

တရုတ်မှလွဲလျှင် ကမ္ဘ္ဘာအရပ်ရပ်ရှိ ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း အတည်ပြုနိုင်သူများမှာ ဝူဟန်မှ ပြန်လာခဲ့သူများဖြစ်ပါသည်။ ဖိလစ်ပိုင်နှင့် ဟောင်ကောင်တို့မှ နောက်ဆုံး သေဆုံးသူများ အပါအဝင်ဖြစ်သည်။ စင်္ကာပူ သည် တရုတ်ပြင်ပတွင် လူမှ လူချင်း ဗိုင်းရပ်စ်ကူးစက်ကြောင်း တွေ့ရှိသည့် နိုင်ငံဖြစ်လာသည်။ 

ယခုကြုံတွေ့နေရသော ဗိုင်းရပ်စ်မှာ ပြင်းထန်ပြီး ကူးစက်ရန် အလွန်လျှင်မြန်ပါသည်။ ထို့ပြင် ကုသ၍ ပျောက်ကင်းပြီ ဆိုသူများလည်း ပြန်ုဖြစ်နိုင်ကြောင်း ဇန်နဝါရီ ၃၁ South China Morning Post တွင် ရေးသားထားသည်။ ( SCMP သတင်းလင့် ရှု့ ) 

((( CNN., February 4, 2020,” Wuhan coronavirus: Confirmed cases top 20,000 as China marks deadliest day.” ကို #HtayOung, OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ အကြောင်းအရာတ ူဆက်စပ်သတင်းများ ဖော်ပြရာတွင် ပေးထားပါ Links များအတိုင်းဖြစ်သည်။ ))) 

#2019n-CoV #ဝူဟန်ကိုရိုနာဗိုင်းရပ်စ် 


https://edition.cnn.com/2020/02/04/asia/wuhan-coronavirus-update-intl-hnk/index.html 
https://www.businessinsider.com/wuhan-coronavirus-pandemic-what-that-means-epidemic-difference-2020-2 
https://www.scmp.com/news/china/society/article/3048815/coronavirus-china-death-toll-hits-425-new-cases-hubei-jump 
https://www.scmp.com/news/china/society/article/3048320/china-coronavirus-deadly-day-hubei-record-high-42-patients-die 
https://www.channelnewsasia.com/news/asia/wuhan-virus-hong-kong-death-china-infection-toll-12388372 
https://www.scmp.com/news/china/society/article/3047849/china-coronavirus-death-toll-climbs-106-confirmed-cases-surpass?fbclid=IwAR3b1bfIKznWAFc5xyk0_tqH1pUt0afkD2McwZBv4pHuVkV5OMFBIlG3Xq8 
https://www.straitstimes.com/singapore/coronavirus-spore-reports-first-cases-of-local-transmission-4-out-of-6-new-cases-did-not?utm_medium=Social&utm_campaign=STFB&utm_source=Facebook 

0

Leave a Reply

Your email address will not be published.