ဟောင်ကောင်လူ့အခွင့်အရေးဆိုင်ရာအက်ဥပဒေကို အမေရိကန်လွှတ်တော်က အတည်ပြု၍ “ အစွန်းရောက်ရဲဆေးတင်ပေးခြင်း” အဖြစ် ဒေါသူပုန်ထနေသော တရုတ်က ပြင်းထန်စွာရှုတ်ချ

အမေရိကန်ကွန်ဂရက်လွှတ်တော် ခုံအဖွဲ့က ဟောင်ကောင်နှင့် ဆက်နွယ်သည့် ဥပဒေတစ်ရပ်ကို အတည်ပြု သည့်လုပ်ရပ်အား တရုတ်နိုင်ငံက ဒေါသတကြီး ရှုတ်ချလိုက်သည်။ အဆိုပါဥပဒေတွင် ဟောင်ကောင်၌ အမှန်တကယ်လွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေးအလွဲသုံးစားမှုအပေါ်မူတည်လျှက်  အမေရိကန်သမ္မတ အနေ ဖြင့် တရုတ်အား ဒါဏ်ခတ်ပိတ်ဆို့ရာတွင်  ထည့်သွင်းသုံးသပ်နိုင်လိမ့်မည်ဖြစ်သည်ဟု Russia TodaY က ယနေ့ရေးသားသည်။

“ ဟောငကှောငလှူ့အခှငှ့အရေးနှငှ့ ဒီမိုကရစေီ အကှဥပဒေ ၂၀၁၉  “ အမညရှှိ ဥပဒကေို အမရေိကနှ လှှတှ တောနှှဈရပှ၏ နိုငငှံခှားဆကဆှံရေးကောမှတီတှငှ အခှအတငဆှေှေးနှေးကှပှီးနောကှ ဗုဒဓွဟူးနေ့တှငှ အတညှ ပှုလိုကခှှငှးဖှဈသညှ။ ဖလောရီဒါနှငှ့ နယးဂှာစီ ရီပတဘှလဈကငှ ကိုယစှားလှယှ ၂-ဦးတငသှှငှးသညှ့ ဥပဒေ ကှမှးအပေါှ အစဉအှလာအရ အစေးမကပသှညှ့ ပါတီကှီး နှဈရပအှကှား သဘောကှဲလှဲမှု့ မှားမှားစားစား မရှိခဲ့ခှေ။  

လွန်ခဲ့သည့် ကြာသပတေးနေ့တွင် အမေရိကန်ကွန်ဂရက်လွှတ်တော် တရုတ်နိုင်ငံဆိုင်ရာ အမှု့ဆောင်ကော်မရှင်ရှေ့မှောက်၌ ဟောင်ကောင် ဒီမိုကရေစီအရေးတက်ကြွသူဟု ၎င်းတို့ဖာသာပြောဆိုသည့် ဂျော့ရှူအာဝေါင် လာရောက်သက်သေခံပြီးနောက် ယခုဥပဒေကြမ်းအဆိုပြူချက် ထွက်ပေါ်လာခြင်းဖြစ်သည်ဆို၏။

အဆိုပါဥပဒေအရ အမေရိကန်သမ္မတသည် တစ်ချိန်က ဗြိတိသျှကိုလိုနီဟောင်း ဟောင်ကောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၏ လွတ်လပ်မှုအကန့် အသတ်များနှင့်ပတ်သက်၍ ကွန်ဂရက်ထံ နှစ်စဉ် အစီရင်ခံရမည် ဖြစ်သည်။ ၎င်းအပေါ်မူတည်လျှက် ကုန်သွယ်ခွင့်ဆုံးရှုံးစေသည်အထိ ချိတ်ဆက်ထားသည်။

ဥပဒေကြမ်းမှာ တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းအဖြစ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန က ပြင်းထန်စွာကန့်ကွက်လိုက်ကြောင်း သိရှိရသည်။ အမေရိကန်လွှတ်တော်၏ လုပ်ရပ်မှာ ဟောင်ကောင်တွင် ကန့်ကွက်ဆန္ဒပြပွဲများဖြင့် အကြမ်းဖက်လှုပ်ရှားမှုများဖြစ်ပွားနေသည်ကို မသိကျိုးကျွံပြုကာ အစွန်းရောက်အင် အားစုတို့အပေါ် ဗြောင်ကျကျ ထောက်ခံလိုက်ခြင်းဖြစ်ကြောင်း ရှုတ်ချလိုက်သည်။

ဥပဒေကြောင့် တရုတ်နှင့် ဟောင်ကောင်သာမက အမေရိကန်နေထိုင်သူအချို့၏ တိုးတက်ဖွံ့ဖြိုးရေးကို အဟန့် အတားဖြစ်ရန် ဦးတည်စေနိုင်ကြောင်း၊ မငြိမ်သက်မှုများဖြစ်ပွားနေစော ဟောင်ကောင်အား မီးလောင်ရာ လေပင့်နေခြင်းဖြစ်၍ ကျွန်းဒေသရှိ အမေရိကန်လူမျိုးတို့၏ အကျိုးစီးပွားကို ထိခိုက်စေနိုင်ကြောင်း၊ တရုတ်-အမေရိကန် နှစ်နိုင်ငံ၏ ရှိရင်းစွဲ ဆက်ဆံရေး မပျက်ပြားစေလိုလျှင် ၎င်းဥပဒေအား အသက်မသွင်းရန်နှင့်၊ ၎င်းတို့အစိုးရအနေဖြင့်လည်း လက်တုန့်ပြန်ရလိမ့်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဋ္ဌာနက သတိပေးပြောကြားလိုက်သည်ဆို၏။   

 (( တစ်ချိန်က ဗြိတိသျှအရှေ့အိန္ဒိယကုမ္ပဏီသည် မြန်မာနိုင်ငံအား တိုက်ခိုက်သိမ်းပိုက်ခြင်းမပြုမီ ဥပဒေများစံနစ် တကျရေးဆွဲပြဌာန်းခဲ့ကြောင်း အမှတ်ရမိပါသည်။ ထိုစဉ်က တရုတ်သည်လည်း  အလားတူဖြစ်ခဲ့သည်။ ၎င်းဥပဒေများအရ ကျူးကျော်တိုက်ခိုက်ခံရသူသည် စစ်ရှုံး၍ နယ်မြေများ ပေးအပ်ကာ အချုပ်အခြာအာဏာဆုံးရှုံးရသည့်အပြင် ကျူးကျော်သူအား စစ်လျှော်ကြေးပါ မတန်တဆ ပေးခဲ့ကြရသည်။

ဆေးသိပ္ပံနှင့် နည်းပညာများအပါအဝင် ဥပဒေပညာမှာ အနောက်နိုင်ငံတို့၌ ကာလကြာမြင့်စွာကတည်းက ထွန်းကားခဲ့ပြီးဖြစ်သည်။ ၎င်းတို့ထံ ကမ္ဘာအရပ်ရပ်မှ တပည့်ခံသင်ယူရလောက်အောင်ပင် ဆရာကြီးအဆင့် သဘာရင့်-ဝါရင့်ကြီးများဖြစ်ရကား ဥပဒေနှင့် ကိုင်ပေါက်ယုံဖြင့် သေနတ်ပစ် စစ်တိုက်ရန် မလိုအပ်တော့ချေ။  ။ သတင်းဘာသာပြန်သူ ))

( စကတြငဘြာ – ၂၆၊ ၂၀၁၉ ) ((( Russia Today., 26 Sep, 2019, “‘Emboldening radicals’: China fumes after US lawmakers approve Hong Kong ‘human rights act’” ကို #HtayOung, #OungMarine ဆီလွှောအြောငြ ကောကနြှုတဘြာသာပှနဆြိုသညြ။ )))

https://www.rt.com/news/469634-bill-hong-kong-radicals/
https://www.rt.com/news/468792-hong-kong-wong-us/
2+

Leave a Reply

Your email address will not be published.