ဟောလိဝုဒ်မင်းသားကြီး တွမ်ဟင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ၊ Covid – 19 အား ကမ္ဘာ့အနှံ့ ကူးစက်ကပ်ရောဂါကျရောက်ခြင်းအဖြစ် WHO ကြေညာ။ ဥရောပမှ ခရီးသွားလာမှုအားလုံး အမေရိကန်ဆိုင်းငံ့

ဗုဒ္ဓဟူးနေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က လက်ရှိ ကိုရိုနာဗိုင်းရပ်စ်နိုင်ငံတကာပျံ့နှံ့လျှက် ဖျားနာ-သေဆုံး ဖြစ်ကြရသည့် အကြပ်အတည်းအား “ကမ္ဘာ့အနှံ့ ကူးစက်ကပ်ရောဂါကျရောက်ခြင်း “ အဖြစ်ကြေညာသည်ဟု South China Morning Post SCMP က ယနေ့ရေးသားသည်။

Covid – 19 ကိုရိုနာဗိုင်းရပ်စွဲ ကူးစက်ရောဂါကြောင့် ကမ္ဘာ့စတော့ရှယ်ယာများဈေးကျဆင်းပြီး လူအများက မိမိတို့ရှယ်ယာများအား ထုတ်ရောင်းလျှက်သည့် Bear Market “ ဝက်ဝံဈေးကွက် “ ဖြစ်ပေါ်ခဲ့ရသည်။ ရော ဂါကူးစက်ပျံ့နှံ့မှုေုခြာက်လှန့်ခြင်းမှာ နိုင်ငံတကာ အားကစားလောကသာမက ဟောလိဝုဒ်ရုပ်ရှင်ထုတ်လုပ် ရေးကိုလည်း အထိနာစေခဲ့သည်။

ထိုစဉ်အတွင်း ကမ္ဘာကျော် ဟောလိဝုဒ်ရုပ်ရှင်သရုပ်ဆောင် မင်းသားကြီး Tom Hanks တွမ်ဟင့်၌ ကိုရိုနာဗိုင်း ရပ်စ်ကူးစက်လျှက်ရှိကြောင်း သတင်းထွက်ပေါ်ခြင်းမှာ လူအများ စိတ်ဝင်စားရာမှ စိုးရိမ်တကြီး ဖြစ်ကြရ သည်ဆို၏။

သြစတေးလျှနိုင်ငံတွင် ရောက်ရှိနေသော ရုပ်ရှင်ထူးချွန်ဆုပိုင်ရှင် တွမ်ဟင့်က ၎င်းနှင့်ဇနီး ရီတာဝီလ်ဆင်( တေး ရေး၊တေးဆို၊ သရုပ်ဆောင်နှင့် ရုပ်ရှင်ထုတ်လုပ်သူ ) နှင့်အတူ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကြောင်း Instagram ၌ လွှင့်တင်ထားသည်ကို ယနေ့တွေ့ရှိရသည်။

ကိုရိုနာဗိုင်းရပ်စ်သစ်အား “ကမ္ဘာ့အနှံ့ ကူးစက်ကပ်ရောဂါ ကျရောက်ခြင်း “ အဖြစ် WHO က ကြေညာပြီးနောက် ဗုဒ္ဓဟူးနေ့ အစုရှယ်ယာဈေးပိတ်ချိန်တွင် နယူးယောက် Dow Jones အစုရှယ်ယာညွန်းကိန်းများမှာ ၆ ရာ ခိုင် နှုန်းနီးပါးနှင့် ညီမျှသည့် ၁,၅၀၀ နီးပါး ထပ်မံထိုးကျသွားခဲ့သည်။ ၎င်းမှာ ၁၁ နှစ်ကြာမျှ ဆက်တိုက်အမြတ် အစွန်းဖြစ်ပေါ်လျှက်ရှိသော အစုရှယ်ယာဈေးတွင် ပထမဆုံးအကြိမ် အများဆုံး ပြန်လည်ထိုးကျခြင်းဖြစ်သည်။

အမေရိကန်သမ္မတက တိုင်းပြည်သို့ ယနေ့ မိန့်ခွန်းပြောကြားရာတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစ်ပျံ့နှံ့ခြင်း အကြပ် အတည်းမှာ ဆိုးရွားပြင်းထန်ကြောင်း ဝန်ခံလိုက်သည်။ ထို့ပြင် ဗြိတိန်မှတစ်ပါး ဥရောပနှင့် ခရီးသွားလာမှု အားလုံး ဆိုင်းငံလိုက်ကြောင်းအပါဝင် စီးပွားရေးကဏ္ဍတွင် အသေးစားလုပ်ငန်းများအတွက် ချေးငွေ အမေရိ ကန်ဒေါ်လာ ၅၀ ဘီလျှံ ကိုလည်း ရပ်ဆိုင်းကြောင်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ပထမဆုံးနှင့် အများဆုံးစတင်ကူးစက်ဖြစ်ပွားရာ တရုတ်နိုင်ငံတွင်မူ ဗိုင်းရပ်စ်ကူးစက်ကြောင်း အတည်ပြုခံရသူ နေ့စဉ် ဦးရေ ကျဆင်းလျှက်ရှိသည်။ ယနေ့နံပိုင်းအထိ ၂၄-နာရီအတွင်း ရောဂါကူးစက်ခံရသူ ၁၅-ဦးထပ်မံတွေ့ရှိခဲ့ရာ အီတလီမှ ပြန်လည်ရောက်ရှိလာသူ ၅-ဦးနှင့် အမေရိကန်မှ ၁-ဦးတို့ပါဝင်နေသည်။ ၎င်းအရေအတွက်မှာ ယမန်နေ့နံနက် ၂၄-ဦးရှိရာမှ ဆက်လက်ကျဆင်းနေခြင်းဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံတွင် ၁၁၄-ဦး ထပ်မံတွေ့ရှိပြီး၊ ၆-ဦးထပ်မံသေဆုံးခြင်းဖြင့် ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစု ပေါင်း ၇,၈၆၉-ဦးနှင့် လူပေါင်း ၆၆-ဦး သေဆုံးခဲ့ရပြီးဖြစ်သည်။

(( ကျွန်တော် အထူးတလည်စိုးရိမ်မိသည်မှာ ဗိုင်းရပ်စ်၏ ဗီဇပြောင်းနိုင်သော သဘာဝဖြစ်သည်။ ဗိုင်းရပ်စ်သည် လူ-လူချင်း၊ လူမှ တိရစ္ဆာန်၊ တိရစ္ဆာန်အချင်းချင်း၊ တိရစ္ဆာန်မှ လူသို့ အချိန်မရွေး ကူးစက်နိုင်ပါသည်။

ကူးစက်သည့်အခါ ဗီဇပြောင်း Mutation ဖြစ်ကာ အဖျက်စွမ်းအား ပိုကြီးမား၊ ခံနိုင်ရည်ပိုမိုလာတတ်သည်။ ထိုအခါ သုံးစွဲလက်စ ရောဂါကာကွယ်ဆေး- ကုသဆေးများ ဆေးမတိုးပဲ အလဟဿဖြစ်ရတော့သည်။

 ထို့ကြောင့် ဗိုင်းရပ်စ်ကူးစက်ခြင်း မခံရသေးလျှင် ကိုယ်ခံအားကောင်းနေဆဲဟု အဓိပ္ပါယ်ထွက်၍ ပိုမို အားကောင်း ပြင်းထန်သော ဗိုင်းရပ်စ်နှင့် ရင်ဆိုင်ရလျှင် ကာကွယ်တားဆီးရန် အခွင့်အလမ်းနည်းဖွယ်ရှိသည်။

လတ်တလော ကမ္ဘာ့အခြေအနေမှာ ရောဂါကူးစက် ဖျားနာ-သေဆုံးရခြင်းထက် စီးပွားရေးပျက်ကပ်သဖွယ်ဖြစ် လာခြင်းက ပို၍ ပို၍ သေချာလာနေခြင်းဖြစ်သည်။ ။ သတင်းဘာသာပြန်သူ ))

((( South China Morning Post., 12 Mar, 2020,” Coronavirus: Tom Hanks tests positive; NBA to suspend season.” ကို #HtayOung,#OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#ကိုရိုနာဗိုင်းရပ်စ်ဥရောပနှင့်အမေရိကန် #မင်းသားကြီးတွမ်ဟင့်

https://www.scmp.com/news/world/united-states-canada/article/3074770/tom-hanks-and-wife-rita-wilson-have-coronavirus https://www.instagram.com/p/B9nVasnBNF5/ https://www.scmp.com/news/world/united-states-canada/article/3074769/donald-trump-announces-suspension-travel-europe-us https://www.mynews13.com/fl/orlando/coronavirus/2020/03/11/coronavirus-cases-and-updates

0

Leave a Reply

Your email address will not be published.