မြောက်ကိုရီးယား၏ ယခုမစ်ဆိုင်းလ်ပစ်လွှတ်မှုများသည် ကုလလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို ချိုးဖောက်ရာမရောက်ဟု အမေရိကန်ပြော။ ကန်နှင့်အီးယူတို့သည် ဒဏ်ခတ်ပိတ်ဆို့နည်းဖြင့် ဝင်ရောက်စွက်ဖက်နေဟု တရုတ်-ရုရှားဆို။ အလီခါမေနီ- ကင်ဂျုံအန်း-ရှီကျင့်ဖျင်နှင့် ပူတင်တို့ ပိုမိုနီးကပ်သွား


[ဝါရှင်တန်၊Yonhup] မြောက်ကိုရီးယား၏ ယခုနောက်ဆုံး တာတိုပစ်ဒုံးလက်နက်ပစ်လွှတ်မှုများသည် ကုလလုံုခုံရေးကောင်စီ UNSC ၏ ဆုံးဖြတ်ချက်များကို ချိုးဖောက်ရာမရောက်ပဲ ၎င်းနိုင်ငံလုပ်နေကျ ပုံမှန်စမ်းသပ်မှု၏ အစီအစဉ်တစ်စိတ်တစ်ပိုင်းသာဖြစ်ကြောင်း အမေရိကန်အရာရှိကြီးများက အင်္ဂါနေ့၌ ပြောဆိုသည်ဟု တောင်ကိုရီးယား၏ #ယွန်ဟတ်သတင်းအေဂျင်စီက ယမန်နေ့ ရေးသားသည်။

…   
ယခုရက်သတ္တပတ်နောက်ဆုံးနေ့၌ ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ(DPRK)၏ စစ်ရေးလှုပ်ရှားမှုကို အမေရိကန်ကလည်း သတိပြုမိကြောင်း၊ ကုလလုံခြုံရေးကောင်စီက ၎င်းနိုင်ငံအပေါ်တားမြစ်ထားသော ပဲ့ထိန်းဒုံးကျည်အစီအစဉ်တွင် ပါဝင်ခြင်းမရှိသဖြင့် UNSC ၏ ဆုံးဖြတ်ချက်အား ချိုးဖောက်သည်အထိ မရောက်ရှိသည်ကို သတိပြုစေလိုကြောင်း၊ ကိုရီးယားကျွန်းဆွယ်၏ စစ်ရေးတင်းမာမှုသဘာဝအရ ပုံမှန်လုပ်နေကျဖြစ်၍ စမ်းသပ်မှုတိုင်းအတွက် လူသိရှင်ကြား အကဲမဆတ်ခြင်းမှာ အကောင်းဆုံးဖြစ်ကြောင်း၊ ဗွီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသော မီဒီယာရှင်းလင်းပွဲ၌ အမည်ဖော်ပြရန်မသင့်သည့် အမေရိကန်အရာရှိက ပြောဆိုသည်။

…   
စောစောပိုင်း တောင်ကိုရီးယားစစ်ဘက်သတင်းများအရမူ ပြီးခဲ့သည့်တင်္ဂနွေနေ့တွင် မြောက်ကိုရီးယားက တာတိုပစ်ဒုံးကျည် ၂-စင်းကို ၎င်းနိုင်ငံ၏ အနောက်ဘက် ကမ်းရိုးတန်းမှနေ၍ အနောက်စူးစူးသို့ ပစ်လွှတ်ခဲ့ကြောင်း ဖော်ပြသော်လည်း အသေးစိတ် မပါရှိချေ။ ကင်ဂျုံအန်း၏ မြောက်ကိုရီးယားအစိုးရသည် ၂၀၁၇-ခုနှစ်နှောင်းပိုင်းမှစတင်၍ တာဝေးပစ်ဒုံးကျည်နှင့် ၎င်းတို့ဖာသာ နျူကလီးယားဟု သတ်မှတ်သော စမ်းသပ်ခြင်းများကို ဆက်လက်လုပ်ဆောင်လျှက်ရှိသည်။

…  
UNSC ၏ ဆုံးဖြတ်ချက်များအရ“ မြောက်ကိုရီးယားအတွက် ဒုံးကျည်နှင့်နျူကလီးယားလုပ်ဆောင်မှု အားလုံးနီးပါးရှိနေသော်လည်း တနင်္ဂနွေနေ့ မြောက်ကိုရီးယားက ပစ်လွှတ်ခဲ့သော တာတိုပစ်ဒုံးကျည်များမှာ UNSC ၏ ဆုံးဖြတ်ချက်များနှင့် မကိုက်ညီကြောင်း အမေရိကန်အရာရှိများက ငြင်းဆိုခြင်းဖြစ်သည်။

…  
စိုးရိမ်နေကြရအောင် တမင်လုပ်ပြခြင်းဖြစ်နိုင်ပြီး ဂျိုးဘိုင်ဒင်အစိုးရအနေဖြင့် မြောက်ကိုရီးယားနှင့် ဆက်လက်၍ ထိတွေဆက်ဆံနေမည်ဖြစ်ကြောင်း၊ တောင်ကိုရီးယား-ဂျပန်နှင့် တရုတ်တို့ကို သံတမန်နည်းလမ်းမျိုးကဲ့သို့ ပွင့်လင်းစွာဆက်ဆံခြင်းမှာ သက်ဆိုင်ရာနိုင်ငံအားလုံးအတွက် အကျိုးဖြစ်ထွန်းစေလိမ့်မည်ဟု ယုံကြည်ကြောင်း၊ ဆွေးနွေးပြောဆိုရန် နည်းလမ်းမရှိတော့သည့် အခြေအနေမျိုးရောက်ရှိနေပြီဟု ထင်မြင်စေလိုခြင်း မရှိကြောင်း အခြား အမေရိကန်အရာရှိကြီးတစ်ဦးက ရှင်းပြသည်။

…  
ဖေဖော်ဝါရီလလယ်ကစ၍ မြောက်ကိုရီးယားနှင့် ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း ကင်ဂျုံအန်အစိုးရက တုန့်ပြန်ခြင်းမရှိသေးသည်ကို စောစောပိုင်း၌ အမေရိကန်က ပြောဆိုခဲ့သည်။ မြောက်ကိုရီးယား၏ ပထမလက်ထောက်နိုင်ငံခြားရေးဝန်ကြီးကမူ ဂျိုးဘိုင်ဒင်အစိုးရအနေဖြင့် ပြုံယမ်းအပေါ် ရန်လိုသည့် မူဝါဒများကို စွန့်လွှတ်သည့်တိုင်အောင် ဆက်လက်၍ လစ်လျု့ရှု့နေမည်သာဖြစ်ကြောင်း၊ အရှေ့မြောက် အဆင့်တူအဓိကနိုင်ငံများနှင့် အစစ်အမှန်ဆက်လက်ဆွေးနွေးရန် မြောက်ကိုးရီးယားက အသင့်ရှိနေကြောင်း ရှင်းလင်းစွာ ဖော်ပြလိုရင်းဖြစ်သည်ဟု တုန့်ပြန်ခဲ့သည်။

…  
ဂျိုးဘိုင်ဒင်အစိုးရအနေဖြင့် မြောက်ကိုရီးယားဆိုင်ရာ အမေရိကန်၏မူဝါဒကို ပြန်လည်သုံးသပ်ပြီး ထုံပေပေနိုင်လှသော ကင်ဂျုံအန်အစိုးရအား ချဉ်းကပ်မှုအသစ်ဖြင့် ဦးတည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်သိုနီဘလင်ကင်က ကနဦးပြောကြားခဲ့သည်။ မူဝါဒပြန်လည်သုံးသပ်ခြင်းမှာ အပြီးသတ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ လာမည့်ရက်သတ္တပတ်တွင် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလဗန်က တောင်ကိုရီးယားနှင့် ဂျပန် မိတ်ဖက်နိုင်ငံများသို့ သွားရောက်ကာ ပြန်လည်သုံးသပ်ထားသည့် မူဝါဒများ၏ ရလဒ်များနှင့် ပတ်သက်၍ ဆွေးနွေးမည်ဖြစ်ကြောင်း အိမ်ဖြူတော်အရာရှိများက အတည်ပြုသည်။

…  
(( မတ် – ၁၆၊၂၀၂၁- တွင် ဂျိုးဘိုင်ဒင်အစိုးရ၏ ၂+၂ အစီအစဉ်အရ နိုင်ငံခြားရေးဝန်ကြီး အိုသိုနီဘလကင်နှင့် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်တို့သည် ဂျပန်နိုင်ငံသို့ ရောက်ရှိပြီး မတ်-၁၇ တွင် တောင်ကိုရီးယားနိုင်ငံသို့ ဆက်လက်ထွက်ခွာသည်။

…  
ဘလင်ကင်နှင့် အော်စတင်တို့ ဂျပန်နိုင်ငံသို့ ရောက်ရှိသည့်နေ့မှာပင် မြောက်ကိုရီးယားခေါင်းဆောင်ဖြစ်သူ၏ ညီမဖြစ်သူ ကင်ယိုဂျုန်က အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုပြန်လည်စတင်မည်ကို ရှုတ်ချ ၍ ဂျိုးဘိုင်ဒင်အစိုးရအနဖြင့် ၄-နှစ်တာသက်တမ်းအတွင်း အိပ်ကောင်းခြင်း အိပ်စက်လိုပါလျှင် အိပ်ရေးပျက်စေ မည့်အလုပ်များ အစဆွဲထုတ်ခြင်း မပြုရန် ဆန္ဒပြုပါကြောင်း မိန့်ခွန်းပြောကြားသည်ဟု မြောက်ကိုရီးယားအစိုးရပိုင် #ရိုဒေါင်ဆင်မူ သတင်းစာက ဖော်ပြသည်။

…  
တောင်ကိုရီးယားသို့ ရောက်ရှိနေပြီဖြစ်သော အော်စတင်ကလည်း ကျွန်ုပ်တို့သည် (တောင်ကိုရီးယား၏) စစ်ရေးကာလ အနာဂါတ်ပေါင်းစည်းမှု အသွင်ကူးပြောင်းရေးသို့ ဆက်လက်ဦးတည်ဆောင်ရွက်လျှက်ရှိပြီး ကျွန်ုပ်တို့၏ စစ်တပ်များမှာ #ယနေ့ည_စစ်တိုက်ရန်ပင်_အသင့်ရှိနေသည်ဟု မြောက်ကိုရီးယားတွင် ကင်ဂျုံအန်းပြီးလျှင်အာဏာအရှိဆုံးနှင့် နောင်နိုင်ငံခေါင်းဆောင်အရိုက်အရာ ဆက်ခံရန် သတင်းကြီးလျှက်ရှိသူ ကင်ယိုဂျုန်အား ချေပသည်။

…   
ထိုမှ ၅-ရက်အကြာတွင် မြောက်ကိုရီးယားက တာတိုပစ်ဒုံးကျည်နှစ်စင်းကို စမ်းသပ်ပစ်လွှတ်သည်။

…  
ယခင်သမ္မတဒေါ်နယ်ထရမ့်လက်ထက်မှစ၍ ကမ္ဘာ့စစ်အင်အားကြီးအမေရိကန်သည် လက်တွေ့ထက် ခြိမ်းခြောက်ရာရောက်သည့် အပြောများသာ ရှေ့တန်းတင်ခဲ့သည်။ နိုင်ငံတကာအထီးကျန်ဖြစ်နေသော မြောက်ကိုရီးယားကမူ ဝက်သားနှင့်ချဉ်ပေါင် လဲလှယ်ရန် အချိန်မရွေးအသင့်ရှိကြောင်း လက်တွေ့ပြသခဲ့သည်။

…  
ထိုစဉ်အတောအတွင်း အမေရိကန်၊ ဗြိတိန်နှင့် ဥရောပသမဂ္ဂတို့၏ ဒဏ်ခတ်ပိတ်ဆို့မှုများကို တရုတ်နှင့် ရုရှားနိုင်ငံတို့က ပြင်းထန်စွာ ရှုတ်ချလိုက်ကြောင်း၊ လူ့အခွင့်အရေးအကြောင်းပြချက်ဖြင့် နိုင်ငံရေးအရ စွက်ဖက်ခြင်းသာဖြစ်ကြောင်း၊ အိမ်နီးချင်း နှစ်နိုင်ငံတို့အနေဖြင့် တုန့်ပြန်ရင်ဆိုင်ရန် နိုင်ငံတကာတိုးတက်ဖွံ့ဖြိုးရေးတွင် နီးကပ်စွာပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း အင်္ဂါနေ့၌ အတည်ပြုသည်ဟု DW ( Mar.23,2021 ) က ရေးသားသည်။

…   
တရုတ်တောင်ပိုင်းမြို့တော် နန်နင်း၌ #ရုရှားနိုင်ငံခြားရေးဝန်ကြီး_ဆာဂေးလက်ဗ်ရော့ဗ်နှင့် #တရုတ်နိုင်ငံခြားရေးဝန်ကြီး_ဝမ်ယီတို့ တွေ့ဆုံစဉ် အီရန်နျူကလီးယားသဘောတူညီမှုကိုပြန်လည်ရယူရန်တိုက်တွန်းခြင်းအပါအဝင် ကမ္ဘာ့ရာသီဥတုပြောင်းလဲခြင်းမှအစ ကိုရိုနာဗိုင်းရပ်စ်ရောဂါအထိ နိုင်ငံတကာတိုးတက်ရေးတွင် စည်းလုံးညီညွတ်ကြောင်း ပြသလိုက်ကြသည်။

…  
နိုင်ငံတကာအသိုင်းအဝန်းတို့အနေဖြင့် ဒဏ်ခတ်ပိတ်ဆို့မှုပုံစံအားလုံးကို ဆန့်ကျင်ရန် တရုတ် နိုင်ငံခြားရေးဝန်ကြီးဝမ်ယီတောင်းဆိုလိုက်သည်။ ဆာဂေးလက်ဗ်ရော့ဗ်ကမူ ကိုယ်တိုင်မှလွဲလျှင် အခြားနိုင်ငံများအပေါ် တစ်ဖက်သတ်ဒဏ်ခတ်ပိတ်ဆို့မှုများသည် တရုတ်-ရုရှားနှစ်နိုင်ငံတို့ကို ပိုမိုနီးကပ်စေလိမ့်မည် ဖြစ်ကြောင်းပြောဆိုသည်။

…  
အစည်းအဝေးအပြီးတွင် ထုတ်ပြန်ခဲ့သည့် တရုတ်-ရုရှားနှစ်နိုင်ငံပူးတွဲကြေညာချက်၌ မည်သည့်နိုင်ငံမဆို ၎င်းတို့၏ ဒီမိုကရေစီပုံစံကို အခြားနိုင်ငံတစ်နိုင်ငံအပေါ် သွတ်သွင်းရန် မကြိုးစားသင့်ကြောင်း ဖော်ပြထားသည်။

…  
(( ကနေဒါ-အမေရိကန်-ဗြိတိန်နှင့် ဥရောပသမဂ္ဂတို့၏ ဒဏ်ခတ်ပိတ်ဆို့မှုသည် တရုတ်-ရုရှားနှစ်နိုင်ငံအား ပိုမိုနီးကပ်သွားစေယုံမျှမက အဆိုပါနိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုကို အပြင်းထန်ဆုံးရင်ဆိုင်နေရသည့် အီရန် -မြောက်ကိုရီးယားတို့နှင့်လည်း ပိုမိုနီးကပ်သွားခြင်းဖြစ်သည်။ ယခင်စစ်အေးတိုက်ပွဲတွင် အမေရိကန်-ရုရှား အုပ်စုနှစ်စုသာ ရှိခဲ့ဖူးသော်လည်း မျက်မှောက်စစ်အေးတိုက်ပွဲတွင် စီးပွားရေး-စစ်ရေး၌ တစ်ဟုန်ထိုးတိုးတက် နေသည့် တရုတ်ကပါ ရုရှားဘက်မှ ပါဝင်လာခြင်းဖြစ်ကြောင်း တွေ့မြင်ရပါသည်။

…  
ယခုသတင်းဘာသာပြန်နေစဉ် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီသည် ဆော်ဒီအာရေးဗီးယားတွင် ရောက်ရှိနေပြီး တူရကီ၊ အီရန်၊ ယူအေအီး၊ ဘာရိန်းနှင့် အိုမန်နိုင်ငံများသို့ ရက်သတ္တ ၁-ပတ်ကြာ လည်ပတ်မည်ဖြစ်ကြောင်း CGTN က ဖော်ပြသည်။ ။သတင်းဘာသာပြန်သူ))

(((Yonhup.,March 24, 2021,” (2nd LD) Latest N. Korean missile launches not in violation of UNSC resolutions: U.S. officials:By Byun Duk-kun” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

…  

#အမေရိကန်-မြောက်ကိုရီးယား-တောင်ကိုရီးယား-ဂျပန် #ရုရှား_တရုတ်နှင့်အီရန်


https://en.yna.co.kr/view/AEN20210324000853325
https://global.chinadaily.com.cn/a/202103/24/WS605ac47aa31024ad0bab14a6.html
https://www.straitstimes.com/world/united-states/united-states-state-defense-secretaries-to-travel-to-japan-and-south-korea-next
https://abcnews.go.com/International/secretary-defense-underlines-importance-alliance-trip-south-korea/story?id=76506234
https://www.ndtv.com/world-news/kim-jong-uns-sister-kim-yo-jongs-warning-for-us-joe-biden-administration-if-you-wish-to-sleep-well-2391625
https://www.delawarepublic.org/post/tokyo-blinken-and-austin-work-revive-asian-alliance-counter-china
https://nypost.com/2021/03/18/defense-secretary-to-north-korea-us-is-ready-to-fight-tonight/
https://www.dw.com/en/china-russia-accuse-us-of-interference-with-sanctions/a-56957232
https://apnews.com/article/joe-biden-europe-beijing-wang-yi-coronavirus-pandemic-b8797b405a609945eef3a8dade8b12e1
https://news.cgtn.com/news/2021-03-22/China-s-FM-Wang-Yi-to-visit-6-countries-starting-this-week-YQrV3g7OdG/index.html 

0

Leave a Reply

Your email address will not be published.