ဝေးလံခေါင်ဖျား ကျွန်းပေါ်သို့ ပို့ဆောင်ခံရမည်ကို စိုးရွံ့၍ ကိုရိုနာဗိုင်းရပ်စ်ကူးစက်လျှက်ရှိသူ ဒုက္ခသည်ဘင်္ဂါလီတို့ ကွာရာတင်းစခန်းမှ ထွက်ပြေး။ ဗိုင်းရပ်စ်ကူးစက်ခံထားသူ ၂-ဦး ပျောက်ဆုံးနေဟုဆို

ဘင်္ဂလားဒက်ရှ်နိုင်ငံ ကော့ခ်ဘဇားဒုက္ခသည်စခန်းနေ Covid-19 ရောဂါပိုးစွဲကပ်လျှက်ရှိကြောင်း အတည်ပြုခြင်းခံရသူ ဒုက္ခသည်ဘင်္ဂါလီ ( မူရင်း ရိုဟင်ဂျာဟု ဖော်ပြ ) တို့မှာ ဘင်္ဂလားပင်လယ်အော်အတွင်းရှိ ဝေးလံခေါင်ဖျား ဘာဆန်ချာကျွန်းသို့ ပို့ဆောင်ခံရမည်ကို စိုးရွံ့သောကြောင့် ထွက်ပြေးတိမ်းရှောင်လျှက်ရှိကြောင်း၊ လောလောဆယ်တွင် ၂-ဦး ပျောက်ဆုံးလျှက်ရှိကြောင်း ဒုက္ခသည်ဘင်္ဂါလီခေါင်းဆောင်တစ်ဦးက AFP သို့ ပြောကြားသည်ဟု France24 က ယမန်နေ့ရေးသားသည်။

၂၀၁၇-ခုနှစ်တွင် မြန်မာ့တပ်မတော်၏ဖြိုခွင်းမှု့ကြောင့် နယ်ခြားအားဖြတ်ကျော်၍ ထွက်ပြေးလာသည့် အဆိုပါဒုက္ခသည်ဘင်္ဂါလီ ၁-သန်းခန့်မှာ ဘင်္ဂလားဒက်ရှ်နိုင်ငံတွင် ခိုလှုံနေကြခြင်းဖြစ်သည်။ Covid-19 ကူးစက်ရောဂါမှာ ဒုက္ခသည်ဘင်္ဂါလီများအတွက် စိတ်ညစ်ညူးစရာ နောက်ဆုံးအကြောင်းရပ်တစ်ခုဖြစ်လာသည်။

လူအချင်းချင်း နီးကပ်မှုဝေးကွာစေရေး Social Distancing ဆောင်ရွက်ရန် မဖြစ်နိုင်သော စခန်းများ၏ အနေအထားမှာ ကူးစက်ရောဂါကြောင့် စုပြုံပြွတ်သိပ်နေထိုင်လျှက်ရှိသူများအတွင်းး ပရမ်းပတာဖြစ်စေနိုင်ကြာင်း အကူအညီပေးရေး အေဂျင်စီများက သတိပေးခဲ့သည်။

ထိုအတောအတွင်း လွန်ခဲ့သည့် အင်္ဂါနေ့တွင် ဒုက္ခသည်စခန်း၌ ကိုရိုနာဗိုင်းရပ်ရောဂါဖြင့် ပထမဆုံးအကြိမ် လူ၁-ဦး သေဆုံးသည်။ သို့သော် ကွာရန်တင်းရောဂါခြေချုပ်ချထားသူ ၁၆,၀၀၀ – ဦးရှိသော်လည်း ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၂၉-ဦးသာလျှင် တွေ့ရှိခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိ-မရှိကို ဒုက္ခသည်အရေအတွက်မည်မျှ စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း လတ်တစ်လောရှင်းလင်းစွာ မသိရသေသော်လည်း၊ အဆိုပါ ပျောက်ဆုံနေသူ ၂-ဦးမှာ သီးသန့်ခွဲခြားထားသည့်ဆေးရုံ Isolation Hospital မှ ထွက်ပြေးခြင်းဖြစ်ကြောင်း ကျန်းမာရေးဆိုင်ရာအရာရှိတစ်ဦးက ပြောဆိုသည်။

လွန်ခဲ့သည့် ၂-ရက်အတွင်း Covid-19 ရောဂါစမ်းသပ်မှုခံယူရန် ဒုက္ခသည် ၂၀-ဦးသာ သဘောတူကြခြင်းမှာ ရောဂါပိုးတွေ့ရှိခဲ့လျှင် ဘာဆန်ချာကျွန်းသို့ အပို့ခံရမည်ကို ယုံမှတ်ကြခြင်းကြောင့်ဖြစ်ကြောင်း၊ ထိုကိစ္စအတွက် ဒုက္ခသည်အများအပြားတို့ ကြောက်လန့်စိုးရွံ့လျှက်ရှိကြောင်း ဒုက္ခသည်ခေါင်းဆောင် နူးရ်အစ္စလာမ်က ပြောဆိုသည်။

ဘင်္ဂလားဒက်ရှ်အစိုးရသည် ဘာဆန်ချာကျွန်းပေါ်တွင် လူ ၁-သိန်းနေထိုင်နိုင်မည့် အဆောက်အအုံများကို ဆောက်လုပ်ထားခဲ့ပြီး ဒုက္ခသည်ဘင်္ဂါလီ ၃၀၆-ဦးကို ပို့ဆောင်ပေးခဲ့ပြီးဖြစ်သည်။

ကော့ခ်ဘဇားဒုက္ခသည်စခန်းများအတွင်း ကိုရိုနာဗိုင်းရပ်စ်လူနာများအတွက် သီးသန့်ခွဲခြားကုတင် ၅၀၀ ပြင်ဆင်ထားသော်လည်း ရောဂါပိုးတွေ့ရှိသူ အရေအတွက် အလွန်နည်းသည့်အတွက် အများစုမှာ အချီးနှီးဖြစ်လျှက်ရှိသည်ဆို၏။

အင်္ဂါနေ့နောက်ပိုင်း ကျန်းမာရေးအရာရှိများအဖြေင့် ဗိုင်းရပ်စ်ပိုးကူးစက်ပျံ့နှံ့နိုင်မှုကို သိရှိရေး စမ်းသပ်မှုအရေအတွက် တိုးမြှင့်ရန်ရှိသော်လည်း ဒုက္ခသည်ဘင်္ဂါလီအများစုမှာ ဆေးစစ်မှုခံယူရန် တွန့်ဆုတ်လျှက်ရှိကြောင်း ဆရာဝန်များက ပြောဆိုသည်။

ဘာဆန်ချာကျွန်းပေါ်သို့ ဒုက္ခသည် ၃၀၆-ဦးပို့ဆောင်ပြီးနောက်ပိုင်း ကော့ခ်ဘဇားရှိ ဒုက္ခသည်မည်သူမဆို ကိုရိုနာဗိုင်းရပ်စွဲကပ်လျှင် ၎င်းကျွန်းသို့ ပို့ဆောင်ခံရလိမ့်မည်ဖြစ်ကြောင်း ကောလဟလများ ပြန့်လွင့်ခဲ့ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါသည် ကိုယ်ပူဖျားနာခြင်း၊ ခေါင်းကိုက်ခြင်းများကဲ့သို့ သာမန်ရာသီတုတ်ကွေးကူးစက်ခြင်းမျိုးသာဖြစ်ကြောင်း၊ ကုသပျောက်ကင်းနိုင်ပြီး ပြန်လည်နလံထူလာသူ အများစုဖြစ်ကြောင်း ဒုက္ခသည်များ ယုံကြည်လက်ခံစေရန် မည်သို့ပင် ပြောဆိုစေကာမူ ယုံကြည်ခြင်းမရှိကြကြောင်း မိုဟာမက်ရော်ဖီဆိုသူ ဒုက္ခသည်ခေါင်းဆောင်တစ်ဦးက ပြောဆိုသည်။

((( France 24., June 05 2020, “Rohingya refugees running scared from coronvirus tests.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#ကိုရိုနာဗိုင်းရပ်စ်ကူးစက်လျှက်ရှိသူဒုက္ခသည်ဘင်္ဂါလီတို့ကွာရာတင်းစခန်းမှ ထွက်ပြေးနေ #ဗိုင်းရပ်စ်ကူးစက်ခံထားသူ ၂-ဦး ပျောက်ဆုံးဟုဆို

https://www.france24.com/en/20200604-rohingya-refugees-running-scared-from-coronvirus-tests

0

Leave a Reply

Your email address will not be published.