ပြင်သစ်တွင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကို တုန့်ပြန်ရန် လူမှုကွန်ယက်၌ လှုံ့ ဆော်သူ ဘင်္ဂလားဒေ့ရှ်တို့အား စင်္ကာပူနှင်ထုတ်။ အကြမ်းဖက်တိုက်ခိုက်မှု့ သို့မဟုတ် လူမျိုးရေး မငြိမ်သက်မှုများကို ဖြစ်ပွားစေနိုင်ကြောင်း စင်္ကာပူပြည်ထဲရေး သတင်းထုတ်ပြန်


လတ်တလော ပြင်သစ်နိုင်ငံတွင်ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများကို တုန့်ပြန်ရန် လူမှုကွန်ယက်၌ ပို့စ်များရေးသား၍ အကြမ်းဖက်မှုကို လှုံ့ဆော်သူ သို့မဟုတ် လူမျိုးရေးမငြိမ်သက်မှုများကို အားပေးအားမြှောက်ပြုခဲ့သူ ဘင်္ဂလားဒေ့ရှ် ၁၅-ဦးတို့အား နိုင်ငံအတွင်းမှ နှင်ထုတ်ခဲ့ကြောင်း စင်္ကာပူအာဏာပိုင်တို့က အင်္ဂါနေ့၌ ပြောဆိုသည်ဟု AFP က ယမန်နေ့ရေးသားသည်။ 



မကြာသေးမီရက်သတ္တပတ်များအတွင်း မိမိ၏ကျောင်းသားအား တမန်တော်မိုဟာမက်၏ ကာတွန်းများကို ပြသခဲ့သည့် ကျောင်းဆရာတစ်ဦးအား ခေါင်းဖြတ်သတ်ခြင်း၊ နိ့စ်မြို့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းအတွင်း ကိုယ်ထိလက်ရောက် ကျူးလွန်မှုအပါအဝင် ဂျီဟဒ်ဝါဒီတို့၏ တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် ပြင်သစ်နိုင်ငံတွင် အကြမ်းဖက်မှု သတိပေးချက်များ ထုတ်ပြန်ထားသည်။



တမန်တော်အား စော်ကားသည့် ကာတွန်းရုပ်ပုံ ရိုက်နှိပ်ထုတ်ဝေခွင့်ဘက်မှနေ၍ ပြင်သစ်သမ္မတ အီမန်နူရယ်မက်ခွန်၏ ကာကွယ်ပြောဆိုခြင်းတို့မှာ ဘင်္ဂလားဒေ့ရ်ှ အပါအဝင် မွတ်စလင် အများစုနေထိုင်ရာ နိုင်ငံများ၌ ဆန္ဒပြမှုများကို ဖြစ်ပေါ်စေခဲ့သည်။ 


စင်္ကာပူရှိ လုံခြုံရေးဆိုင်ရာအေဂျင်စီများသည် စက်တင်ဘာ စောစောပိုင်းမှစ၍ ပိုမိုသတိပြုလာမိကြပြီး စုံစမ်းစစ်ဆေးမှုများကြောင့် ဘင်္ဂလားဒေ့ရ်ှများကို ပြည်နှင်ဒါဏ်ပေးခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောဆိုသည်။ 


ဆောက်လုပ်ရေးလုပ်သားအများစုဖြစ်သော ၎င်းတို့က လူမှုကွန်ယက်မီဒီယာတို့၌ ရေးသားလွှင့်တင်မှုများသည် အကြမ်းဖက်တိုက်ခိုက်မှု့ သို့မဟုတ် လူမျိုးရေးမငြိမ်သက်မှုများကို ဖြစ်ပွားစေနိုင်ကြောင်း ဝန်ကြီးဌာန၏ ကြေညာချက်၌ ဖော်ပြထားသည်။ သို့သော် ရေးသားချက်များတွင် ပါဝင်သည့်အကြောင်းအရာတို့ကိုမူ တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားခြင်းမရှိချေ။ 

စင်္ကာပူတွင် တရုတ်လူမျိုး အများစုနေထိုင်လျှက်ရှိသော်လည်း မူစလင်ဘာသာဝင် အတော်များများရှိသည်။ တောင်အာရှနိုင်ငံသားများ အပါအဝင် လစာနည်း ရွှေ့ပြောင်းအလုပ်သမား ၃၀၀,၀၀၀ ကျော်တို့က ဆောက်လုပ်ရေး အပါအဝင် စက်မှုလုပ်ငန်းများတွင် ဝင်ရောက် အလုပ် လုပ်ကိုင်လျှက်ရှိသည်။ 



#ပြင်သစ်အကြမ်းဖက်မှုများကို_တုန့်ပြန်ရန် #လူမှုကွန်ယက်၌_လှုံ့ဆော်သူ #လူမျိုးရေးမငြိမ်သက်မှုများ#ဘင်္ဂလားဒေ့ရှ်တို့အား_စင်္ကာပူနှင်ထုတ် 



(( AFP., November 24 2020,” Singapore deports Bangladeshis over anti-France posts.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 


https://www.24newshd.tv/24-Nov-2020/singapore-deports-bangladeshis-over-anti-france-posts 

http://thetimes.my/news/201124195900/1/Singapore-deports-Bangladeshis-over-anti-France-posts.html 

https://www.dhakatribune.com/world/asia/2020/11/24/singapore-deports-bangladeshis-over-anti-france-posts

Leave a Reply

Your email address will not be published.