ပြင်သစ်တွင် Facebook က ဒါဏ်ကြေးအပါအဝင် နောက်ကြောင်းပြန်အခွန် ယူရို ၁၀၄-သန်း ပေးဆောင်ရမည်ဟု သတင်းထွက်ပေါ်။ နိုင်ငံသားတိုင်း အခွန်ပေးဆောင်ရန်တာဝန်ရှိ၍ နိုင်ငံအတွင်း စီးပွားရေးလုပ်ကိုင်သော ပြည်ပကုမ္ပဏီများလည်း နိုင်ငံတော်အား အခွန်ပေးဆောင်ကြရမည်။

ဒါဏ်ကြေးအပါအဝင် ၂၀၁၈-ခုနှစ်မတိုင်မီ အခွန်ငွေအဖြစ် ယူရို သန်း ၁၀၀ ကျော်ကို ပြန်လည်ပေးဆောင်ရန် ပြင်သစ်ဖေ့စ်ဘွတ်ခ်က လက်ခံလိုက်ကြောင်း ပြင်သစ်ငွေကြေးဆိုင်ရာ မီဒီယာတစ်ခုဖြစ်သည့် Capital က ၎င်း၏ ဝဘ်ဆိုက် စာမျက်နှာတွင် ရေးသားသည်ဟု Reuters က ယနေ့ဖော်ပြသည်။

  
အဆိုပါကိစ္စနှင့် ပတ်သက်၍ Facebook ထံမှ မှတ်ချက်ကို လောလောဆယ် မရရှိနိုင်ခဲ့ပါ။ ပြင်သစ်ဘဏ္ဍာရေးဝန်ကြီးဋ္ဌာနကမူ တစ်ဦးတစ်ဖွဲ့ချင်း သီးခြားအခွန်ကိစ္စဖြစ်သည်ဟု မှတ်ချက်ပေးရန် ငြင်းဆိုသည်။ 

  
Capital ကမူ ၎င်းတို့ တွေ့မြင်ခဲ့ရသည့် စာရွက်စာတမ်းများတွင် ပြင်သစ်ဖေ့စ်ဘွတ်က ဒါဏ်ကြေးအဖြစ် ယူရို ၂၂-သန်းအပါအဝင် ယူရို ၁၀၄-သန်း ပေးဆောင်ရန် အမိန့်ချမှတ်ထားကြောင်း ပါရှိသည်ဟု ရေးသားထားသည်။ 

  
(( နိုင်ငံအသီးသီးရှိ နိုင်ငံသားတိုင်းတွင် ရှောင်လွှဲမရနိုင်သည့် တာဝန်တစ်ရပ်မှာ ဥပဒေအရ သတ်မှတ်ထားသည့် အခွန်အခများကို ပေးဆောင်ရန်ဖြစ်သည်။ ထိုနည်းအတူ ပြည်တွင်း၌ စီးပွားရေးလာရောက် လုပ်ကိုင်သော ပြည်ပကုမ္ပဏီများသည်လည်း နိုင်ငံတော်အား သတ်မှတ်ထားသည့် အခွန်အခတို့ကို ပေးဆောင်ရန် တာဝန်ရှိသည်။ 

  
မိတ်ဆွေတစ်ဦး ရေးသားသည့် ပို့စ်အပိုင်းအစများအရ ဆက်စပ်ရှာကြည့်ရာ Fecebook သည် စင်္ကာပူတွင် ကြော်ငြာများရရှိသည့်အတွက် Singapore’s goods and services tax (GST) “ စင်္ကာပူ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုအခွန် “ ၇% ပေးဆောင်ရကြောင်း ၎င်း၏ Help ၌ တရားဝင်ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။ 


တဖန် 14 Feb 2020 ရက်စွဲပါ Channel News Asia ၏ “ Zuckerberg ready for Facebook to pay more tax as welcomes rules review.” ခေါင်းစဉ်ဖြင့် ဂျာမနီနိုင်ငံတွင် နိုင်ငံပေါင်း ၁၃၇-နှိုင်ငံတက်ရောက်သည့် “ နိုင်ငံတကာ အခွန်ပြောင်းလဲခြင်းဆိုင်ရာဖိုရမ် “ ကို ကျင်းပကြောင်း သတင်းဖော်ပြသည်။ ကမ္ဘာတစ်ဝှမ်း ဒစ်ဂျယ်တယ် ဝန်ဆောင်မှုများအပေါ် အခွန်တိုးမြှင့်ခြင်းကြောင့် Facebook အနေဖြင့် အမေရိကန်နိုင်ငံပြင်ပ၌ အခွန် ငွေပိုမိုပေးဆောင်ရမည်ဆိုလျှင် လက်ခံရန် အသင့်ရှိပါကြောင်း Facebook ၏ အမှု့ ဆောင်အရာရှိ ချုပ်ဖြစ်သူ မာ့ခ်ဇူကာဘတ်က ပြောကြားသည်ဟု ဖော်ပြထားသည်။     

ပေးရမည့်သူက ပေးပါမည်ဟုဆိုနေလျှင် ယူရန်ရှိသူ ယူဖို့သာ တာဝန်ကျန်ရှိလေသည်။       ။ သတင်းဘာသာ ပြန်သူ )))  


#ပြင်သစ်Facebook #ဒါဏ်ကြေးအပါအဝင်နောက်ကြောင်းပြန်အခွန် #ဒစ်ဂျစ်တယ်ဝန်ဆောင်မှုအခွန် 


((( Reuters., 24 Aug 2020 ,” Facebook to pay 104 million euros in back taxes in France: media” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 

https://www.reuters.com/article/us-france-facebook-tax/facebook-to-pay-104-million-euros-in-back-taxes-in-france-media-idUSKBN25K0S5 

https://www.channelnewsasia.com/news/business/zuckerberg-ready-for-facebook-to-pay-more-tax-as-welcomes-rules-review-12435876

https://www.facebook.com/business/help/448507132531795

0

Leave a Reply

Your email address will not be published.