ပြင်သစ်သမ္မတ လူပုံအလယ် မျက်နှာအားဖြတ်ရိုက်ခံရ။ လာမည့်နှစ် ရွေးကောက်ပွဲအကြို အတိုက်အခံ အမျိုးသားရေးဝါဒီတို့ အားကောင်းသည့် မဲဆန္ဒနယ်၌ ခရီးစဉ်စတင်မိခြင်းမှာ လုံခြုံရေးအရ ကြီးမားသော ဟာကွက် ဖြစ်ဟုဆို


ပြင်သစ်သမ္မတဖြစ်သူ အီမန်နျူရယ်မက်ခွန်သည် ၎င်း၏နိုင်ငံအနှံ့ခရီးစဉ်အတွင်း ဒုတိယမြောက်အဖြစ် အင်္ဂါနေ့၌ ပြင်သစ်အရှေ့တောင်ပိုင်းသို့ ရောက်ရှိစဉ် ဘေးပရိဿတ်တစ်ဦးက မျက်နှာအား ဖြတ်ရိုက်ခြင်းကို ခံလိုက်ရသည်ဟု AFP က ယနေ့ ဖော်ပြသည်။

…   
လူတစ်ဦးအား နှုတ်ဆက်ရန် အတားအဆီးများအနီးသို့ ချဉ်းကပ်သွားသော အသက် ၄၃-နှစ်အရွယ် ပြင်သစ်သမ္မတအား ထိုသူက လက်ဆွဲနှုက်မည့်အစား ပါးရိုက်လိုက်ပုံကို လူမှုကွန်ယက်နှင့် BFM ရုပ်သံတို့မှ ထုတ်လွှင့်သော သတင်းမှတ်တမ်းတို့၌ တွေ့မြင်ကြရသည်။

…   
သမ္မတ၏ သက်တော်စောင့်တို့က ချက်ချင်းကြားဝင်တားဆီး၍ နောက်ပိုင်းတွင် လူ ၂-ဦးအား ဖမ်းဆီးခဲ့ကြောင်း၊ သမ္မတအား ပါးရိုက်ရန်ကြိုးစားသူနှင့် အခြားတစ်ဦးတို့ကို ဂျင်ဒါမာရီလုံခြုံရေးအဖွဲ့က စစ်မေးလျှက်ရှိသည်ဟု ဒေသအာဏာပိုင်တို့၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြသည်။

…  
ဒရုမ်းဒေသ တာနယ်မီတာရှာကျေးရွာတွင် အခင်းဖြစ်ပွားခြင်းဖြစ်ပြီး သမ္မတမက်ခွန်အနေဖြင့် ၎င်း၏အဆိုအရ ပြည်သူလူထုအား သွေးတိုးစမ်းခြင်းအဖြစ် ခရီးစဉ်စတင်မိခြင်းမှာ လုံခြုံရေးအရ ကြီးမားသော ဟာကွက်တစ်ခုပင်ဖြစ်သည်။

…   
အထက်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုပြီး ၎င်း၏မော်တော်ယာဉ်ရှိရာသို့ ပြန်ဝင်တော့မည့် သမ္မတ မက်ခွန်သည် ၎င်းအား လှမ်းခေါ်သူ လူအုပ်ကြီးနှင့်တွေ့ဆုံရန် လှည့်အသွား မွန်းလွဲ ၁း၁၅ နာရီခန့်တွင် ယခုကဲ့သို့ ဖြစ်ပွားကြောင်း သိရှိရသည်။

…    
လာမည့်နှစ် သမ္မတရွေးကောက်ပွဲတွင် မက်ခွန်၏ လာမာရှေးခေါ် အလယ်ဗဟို-လစ်ဘရယ်တို့က ပြန်လည် ဝင်ရောက်ယှဉ်ပြိုင်ရန် အားခဲထားသည့် အဆိုပါ မဲဆန္ဒနယ်မှာ မာရိန်းလီပမ်းဦးဆောင်သည့် အမျိုးသားရေးဝါဒီတို့အား အနိုင်ရရှိရန်ခဲယဉ်းကြောင်း ယခုဖြစ်စဉ်က ဖော်ပြနေသည်။

…  
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ကပ်ရောဂါနှင့် ဆက်နွယ်၍ တစ်နှစ်ကျော်ကြာ စီမံခန့်ခွဲမှု အကြပ်အတည်းများအပြီး မဲဆန္ဒရှင်များနှင့် လူပုဂ္ဂိုလ်ခြင်း တွေ့ဆုံရန်ရည်ရွယ်သည့် မက်ခွန်း၏ ခရီးစဉ်များသည် နောက် ၂-လခန့်အတွင်း မြို့ပေါင်း ၁၀ ခန့်သို့ သွားရောက်မည်ဖြစ်သည်။

#ပြင်သစ်သမ္မတကို_မဲဆန္ဒရှင်က_လူပုံအလယ်၌_မျက်နှာအားဖြတ်ရိုက်

(((AFP.,June 09, 2021,” Two arrested for slapping Macron.” By: Tain-L’hermitage ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

https://www.thedailystar.net/world/news/two-arrested-slapping-macron-2107529 

+1

Leave a Reply

Your email address will not be published.