ပြင်သစ်တော်လှန်ရေးက ပေးတဲ့ မနက်ဖြန်များ။ ဘာ့ကြောင့် လူကို လူချင်း အနိုင်ရကြပါသနည်း

၁၈ – ရာစုနှောင်းပိုင်း ( ၁၇၈၉ – ၁၇၉၉ ခုနှစ် ) အတွင်း ပြင်သစ်နိုင်ငံ၌ ဖြစ်ပွားသော တော်လှန်ရေးကြီးသည် ကမ္ဘာ့သမိုင်းတွင် “dawn of the modern era” “ ခေတ်သစ်၏ အရုဏ်ဦး “ ဟု ယနေ့တိုင်ကျော်ကြားသည်။ သက်ဦးဆံပိုင်ဘုရင်စံနစ်မှ လူတိုင်းတန်းတူအခွင့်အရေးရှိသည့် အုပ်ချုပ်ရေး စတင်ပြောင်းလဲစေခဲ့ခြင်းကြောင့် ဖြစ်သည်။ ယနေ့ထိခေတ်စားနေသော လက်ဝဲ-လက်ယာ၊ ရီပတ်ဘလစ်၊ လစ်ဘရယ်၊ ကွန်ဆာဗေးတစ်၊ အမျိုးသားရေး၊ တော်လှန်ရေး၊ ဈေးကွက်စီးပွားရေး စသည့် နိုင်ငံရေးအယူဝါဒများ အပီအပြင် စတင်ချိန်လည်း ဖြစ်သည်။ ပြင်သစ်တော်လှန်ရေးသည် လူ့သမိုင်း၏ အုပ်ချုပ်ရေးစံနစ်တွင် နိုင်ငံရေးနှင့် လူမှုရေး အပြောင်းအလဲကြီးတစ်ရပ်ကို မျက်ဝါးထင်ထင် စတင်ကျင့်သုံးရာဖြစ်သည်။ ယနေ့ခေတ်လူသားတို့အား အမြင်သစ် အတွေး သစ်တို့ ဆောင်ကျဉ်းပေးအပ်ခဲ့သည်ဟုပင် ဆိုနိုင်ပါသည်။

ပှငသွဈတောလွှနရွေး ဘာ့ကှောငွ့ဖှဈသနညွးဟု ဆိုလှှငွ “ ပှငသွဈလူ့အဖှဲ့အစညွးအတှငွး လူတနွးစားကှာဟ မှု့ အလှနကွှီးမားလှနွးသောကှောငွ့ “ ဟု ကှှနတွောွ့အနနှငွေ့ တုံးတုံးတိတိ ရှု့မှငပွါသညွ။ ထိုစဉကွ ပှငသွဈ လူ့အဖှဲ့စညွးတှငွ ( ၁ ) မငွးမှိုးမငွးနှယွ၊ မှို့စားနယစွား ( ၂ ) ရိုမနကွကသွလဈသာသနဝနထွမွးမှား ( ၃ ) ဆငွးရဲသားပှညသွူလူထု .. ဟူ၍ လူတနွးစား ၃-ရပအွဖှဈ ကှဲပှားလှှကရွှိသညွ။ ( ၁ ) နှငွ့ ( ၂ ) သညွ ပေါငွးစညွးမိပှီး မှယောဟူသမှှ လကဝွါးကှီးအုပွ သိမွးပိုကထွားသညွ။ ( ၃ ) တို့သညွ ကှီးလေးသော အခှနအွတုတမွှား ထမွးဆောငလွှှကွ ခါးမလုံ ဝမွးမဝသူမှားဖှဈသညွ။ ကှာလာတော့ ( ၁ ) နှငွ့ (၂ ) တို့ နတတွဈမှှ စညွးစိမခွံစားရစရနွ လူဖှဈလာရသလိုရှိသော ( ၃ ) တို့ နာကညွှးလာခှသညွေ။

လူဝီ-၁၄ ၁၆၄၃-ခုနှစ်မှစတင်၍ ပြင်သစ်ပြည်သူလူထု၏ ဆင်းရဲမွဲတေမှု့သည် ဘုရင် ၃-ဆက်ပြောင်းပြီး “ ပေါင်မုန့်စားစရာ မရှိလျှင် ကိတ်မုန့်စားပါလား “ ဆိုသည့် မိဖုရား မာရီအင်တွိုင်းနက်တို့၏ လူဝီ-၁၆ ဘုရင် လက် ထက်တွင် သေမထူး နေမထူးအဖြစ်သို့ ရောက်တော့သည်။ တိုတိုပြောရလျှင် ( ၂ ) နှင့် ( ၃ ) တို့ ပေါင်းစည်းမိပြီး ဇူလိုင်-၁၄၊ ၁၇၈၉ တွင် Bastille “ ဘာစတီးလ် “ အကျဉ်းထောင်အား လူအင်အားအလုံးအရင်းဖြင့် စီးနင်းလျှက် လက်နက်များရယူခြင်းဖြင့် “ ပြင်သစ်တော်လှန်ရေး “ စတင်လေသည်။

၁၀-နှစ်ကြာမျှ စစ်ခင်းကြစဉ် ကာလအတွင်း ဘုရင့်ဂိုဏ်သားနှင့် တော်လှန်ရေးသမားတို့မှာ ဘတစ်ပြန် ကျားတစ်ပြန် အနိုင်ရရှိသည်။ တော်လှန်ရေးအား နှိပ်ကွပ်ရန် ပြင်သစ်ဘုရင်သည် နိုင်ငံ့ရန်သူ တိုင်းတစ်ပါးတို့နှင့် ပူးပေါင်းကြောင်း ထင်ရှားသဖြင့် တော်လှန်ရေးသမားတို့က ခေါင်းဖြတ်ကာ သေဒါဏ်ပေးသည်။ ဘုရင့်ဂိုဏ်း အသာ ရရှိသောအခါ၌လည်း တော်လှန်ရေးသမားတို့ကို ခေါင်းဖြတ်စက်တင်ကာ ကွပ်မျက်ခဲ့သည်။

ထင်းအစည်းပြေသလိုဖြစ်နေသော ပြင်သစ်နိုင်ငံမှာ ရန်သူအခြားဥရောပနိုင်ငံတို့က ဝါးမြိုဖျက်ဆီးရန် အခွင့်အရေးပေးသလိုဖြစ်လာသည်။

ဤတွင် ပြင်သစ်လူ့အဖွဲ့အစည်းသည် အလွန်အံ့သြ အတုယူထိုက်ဖွယ် ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့သည်။

#ပြင်သစ်နိုင်ငံတော်ကြီးတည်တန့်နေသမျှကာလပတ်လုံး #မိမိသို့မဟုတ်မိမိတို့သားမြေးများရှင်သန်နေမည်သာဖြစ်၍ #ဆီလျှော်သောစီမံခန့်ခွဲအုပ်ချုပ်ရေး ဖန်တီးနိုင်သည်။ #နိုင်ငံအစိတ်စိတ်အမွှာမွှာဖြစ်ရလျှင် #တိုင်းတစ်ပါးသား၏ #ကျွန်အဖြစ်ရေတိမ်နစ်လိမ့်မည်ကို ကောင်းစွာ နားလည်လက်ခံလျှက် လက်နက်စွဲကိုင်ကာ အချင်းချင်း သတ်ဖြတ်နေမှု့တို့အား ရပ်ဆိုင်းလိုက်ခြင်းပင်ဖြစ်ပါသတည်း။

ထို့သို့ဖြင့် Directory or Directorate ခေါ် Committee of Public Safety ပြည်သူ့ကာကွယ်ရေးကော်မတီ တစ်ရပ်ကို အလျှင်အမြန်ဖွဲ့စည်းကာ အာဏာကုန်လွှဲအပ်လိုက်သည်။ ထိုကော်မတီ၏ ဦးဆောင်မှု့ဖြင့် ပြင်သစ်ပြည်သူတို့က သြစတြီးယား၊ ပရပ်ရှား၊ စပိန်၊ ဟော်လန်နှင့် အင်္ဂလန်တို့အား ချေမှုန်းအနိုင်ယူလျှက် ပြင်သစ်နိုင်ငံတော်ကို ကာကွယ်နိုင်ခဲ့သည်။

သမိုင်းသင်တာ မအ အအောင်လို့.. ဟု ဒေါက်တာသန်းထွန်းက ဆိုပါသည်။ တကယ်တော့ သမိုင်းကို သင်ခန်းစာရယူပြီး တကယ် မအ ကြသူများမှာ ဥရောပတိုက်သားများဖြစ်နေသည်။ မိမိအာဏာရရှိရေးထက် ရေရှည်အကျိုးရှိလျှင် ဆီလျှော်သူထံတွင် နောက်လိုက်အဖြစ် အလွယ်တကူ ပူးပေါင်းရဲသူများဖြစ်သည်။ ထို့ကြောင့်လည်း အကောင်းဆုံးပညာရေး-အုပ်ချုပ်ရေးနှင့် သေနတ်-အမြောက် ကောင်းကောင်း တီထွင်ကာ လူကို လူချင်း ကိုလိုနီပြုနိုင်သည်အထိပင် အောင်မြင်ကြသူများဖြစ်သည်။

ကမ္ဘာအနှံ့အပြားသို့ အကြိမ်ကြိမ်ရောက်ဖူးသော ကျွန်တော်သည် တိုင်းပြည်တစ်ပြည်ရောက်တိုင်း စိတ်ထဲ၌ မေးခွန်းတစ်ခုကို ထပ်ချည်းတစ်လဲလဲ မေးမိသည်။

အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်စသည့် ဥရောပနိုင်ငံများ၊ မိမိလူမျိုးအပေါ် ယုံကြည်တတ်- ယုံကြည်ထိုက်အောင် ငယ်စဉ်ကပင် လေ့ကျင့်ပျိုးထောင်ပေးလေ့ရှိသော ကိုရီးယား၊ ဂျပန်စသည့်နိုင်ငံများနှင့် မြန်မာနိုင်ငံသားတို့ကို ရောနှောထားလိုက်မည်။ ၎င်းတို့ကို မူလတန်းအဆင့်၊ အလယ်တန်း၊ အထက်တန်း၊ ဘွဲ့ရ စသည်ဖြင့် ပညာအရည်အချင်းအလိုက် အုပ်စုများ ခွဲမည်။

ထို့နောက် ကိုယ့်တိုင်းပြည်၊ ကိုယ့်လူ့အဖွဲ့အစည်းအပေါ် ကိုယ်ပြန် သစ္စာဖောက်ရမည့်အလုပ်မျိုးကို ခိုင်းကြည့်ချင်စိတ် ပေါ်ပေါက်မိခြင်းဖြစ်သည်။

ကိုယ့်တိုင်းပြည်-ကိုယ့်လူ့အဖွဲ့အစည်းအပေါ် သစ္စာဖောက်သည့်အလုပ်မျိုးကို မည်သည့်နိုင်ငံသား မည်သည့်လူမျိုးတို့က များများလက်ခံနိုင်-သစ္စာဖောက်ဖျက်ရန် ဝန်မလေးနိုင်သည်ကို သိရှိလိုခြင်း ဖြစ်ပါသည်။

အစဉ်လေးစားစွာဖြင့်

#HtayOung, #OungMarine

#ပြင်သစ်တော်လှန်ရေးကပေးတဲ့မနက်ဖန်

https://www.history.com/topics/france/french-revolution#&gid=ci0230e631e01026df&pid=this-painting-the-capture-of-the-bastille-hangs-in-the-m-2

https://www.politico.com/magazine/story/2016/03/2016-election-gop-french-revolution-213754

https://learnodo-newtonic.com/french-revolution-events-dates

Leave a Reply

Your email address will not be published.