ပြစ်ဒါဏ်ကျခံဆဲ ဘောစိအကျဉ်းသားက ထောင်ထဲတွင် အမျိုးသမီးတစ်ဦးနှင့် လွတ်လပ်စွာ တွေ့ဆုံနေပုံ အထောက်အထားထွက်ပေါ်၊ အကြံအဖန်ခွင့်ပြုခဲ့သည်ဆိုသော ထောင်မှူး အပါအဝင် ထောင်ဝန်ထမ်း ၃-ဦးကို ရာထူးမှ ထုတ်ပယ်၍ စုံစမ်းစစ်ဆေးမှု ပြုလုပ်


ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဂါဇီပူနယ်မြေရှိ ကက်ရှင်ပူအကျဉ်းထောင်တွင် ပြစ်ဒါဏ်ကျခံနေဆဲ အကျဉ်းသားအား အမျိုးသမီးတစ်ဦးနှင့် တရားမဝင် အချိန်ယူတွေ့ဆုံခွင့်ရရှိစေရန် အကျဉ်းထောင်အာဏာပိုင်များက အကြံအဖန်ပြု လုပ်ပေးခဲ့ကြောင်း စွပ်စွဲချက်များ ထွက်ပေါ်လာပြီးနောက် သက်ဆိုင်ရာက စုံစမ်းစစ်ဆေးမှု ဖွင့်လှစ်ဆောင်ရွက်လျှက်ရှိသည်ဟု ဒါကာအခြေစိုက် Dhaka Tribune က ယနေ့ ရေးသားသည်။ 

..    
ဇန်နဝါရီ ၆-ရက်နေ့တွင် ဖြစ်ပျက်ခဲ့သည်ဆိုသော အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ CCTV အထောက်အထားမှာ အများပြည်သူတို့အကြား ပျံ့နှံခဲ့ရာမှ ရုပ်မြင်သံကြားသတင်းအဖြစ် ရောက်ရှိသွားခဲ့သည်။ 

..  
သက်ဆိုင်ရာက စုံစမ်းစစ်ဆေးမှုများ စတင်စဉ်အတွင်း ဆက်နွယ်ပတ်သက်သည့် လက်ထောက်ထောင်မှူးအပါအဝင် ထောင်ဝန်ထမ်း ၃-ဦးကို ရာထူးမှ ထုတ်ပယ်ထားကြောင်း သိရှိရသည်။ 

..  
Hallmark Group ၏ အထွေထွေမန်နေဂျာဖြစ်သူ ထောင်ကျအကျဉ်းသား တူရှာအာမက်သည် အဆောက်အအုံ ဥပစာအတွင်း အမျိုးသမီးဝင်ရောက်မလာမီ အကျဉ်းထောင်ရုံးခန်းအနီး ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်နေပုံ၊ လက်ထောက်ထောင်မှူးဖြစ်သူ ဆက်လီယမ်က အမျိုးသမီးအား ဝင်ပေါက်နေရာ၌ လက်ခံတွေ့ဆုံပြီး သူ၏ ရုံးခန်းဖက်သို့ အတူခေါ်ဆောင်လာပုံ၊ တစ်ကြိမ်တွင် ၁၀ မိနစ်ခန့်အကြာ၌ ထောင်မှူးဆက်လီယမ်သည် အကျဉ်းသားတူရှာအား သွားရောက်စကားပြောဆိုပြီး ရုံးခန်းဖက်သို့ ဦးဆောင်ခေါ်ယူလာပုံ၊ ထို့နောက် အကျဉ်းသား တူရှာနှင့် အမျိုးသမီးအား သူ၏ ရုံးခန်းအတွင်း ၄၅ မိနစ်ခန့် ထားခဲ့ပုံတို့ကို အကျဉ်းထောင် လုံခြုံရေး CCTV မှတ်တမ်းတွင် တွေ့မြင်ကြရသည်။ 

..   
ကနဦး စစ်ဆေးချက်အရ အဖြစ်အပျက်အမှန်ဖြစ်ကြောင်း တွေ့ရှိရသည့်အတွက် ဂါဇီပူနယ်မြေ တွဲဖက်လက်ထောက်ကော်မရှင်နာမင်းကြီးဦးဆောင်သည့်အဖွဲ့က ဇန်နဝါရီ ၁၂-ရက်နေ့တွင် အမှုဖွင့်စစ်ဆေးလျှက်ရှိပြီး အကျဉ်းထောင်ဋ္ဌာနကလည်း သီးခြား တရားစွဲဆိုထားသည်ဆို၏။ 

..
အကျဉ်းထောင်များဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် မိုဟာမက်အဗ္ဗရာဟိုစိန်ကမူ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အမှုအခိုင်အမာတည်ဆောက်ရန် ၇-ရက်အချိန်ပေးထားကြောင်း သတင်းထောက်များအား သောကြာနေ့၌ ပြောဆိုသည်။ 

..   
(( လွန်လေပြီးသောအခါ၌ ကျွန်တော်တို့ဆီတွင် #လူ့အခွင့်အရေးကြွတက်လှုပ်ရှားသူတစ်ဦးက အိမ်နီးချင်းနိုင်ငံ၌ ဘာသာရေးလူနည်းစုတို့အပေါ် ဖိနှိပ်ခွဲခြားမှု မရှိ- အလွန်ဦးစားပေးကြောင်း Facebook ၌ ရေးသား လွှင့်တင်ခဲ့ပါ၏။ ၎င်းကို နိုင်ငံရေးပါတီကြီးတစ်ခု၏ လူသိများသူတစ်ဦးက လေးစားစွာခွင့်တောင်းပြီး ထပ်မံ ရှယ်ကြောင်း တွေ့ရှိရပါသည်။ အမှန်စင်စစ် ဘာသာရေးလူနည်းစုတို့အပေါ် ခွဲခြားဖိနှိပ်ယုံသာမက မတရားအမှုဆင် ဖမ်းဆီးခြင်းများလည်း အတောမသတ်နိုင်အောင် ရှိနေကြောင်း လူမှုကွန်ယက်တို့၌ အလွယ်တကူ တွေ့မြင်နိုင်ပါလျှက် ၎င်းတို့၏ လေ့လာမှု အလွန်အားနည်းခြင်းသာဖြစ်သည်။ 

..  
တစ်ခါကလည်း နိုင်ငံတကာ၌ ဟိုးလေးတကြော်အသုံးပြုနေသော လူမျိုးတစ်မျိုး၏အမည်မှာ မြန်မာ့သမိုင်းအစဉ်အလာတွင် အမှန်တကယ်မရှိခဲ့ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်ကို လူသိများသော မီဒီယာသမားတစ်ဦးက အလွန်ဝမ်းနည်းမိကြောင်း ၎င်း၏ Facebook စာမျက်နှာ၌ သိုးဆောင်း ဘာသာစကားဖြင့် ရေးသားခဲ့ရာ ကျွန်တော် မြန်မာဘာသာပြန်ဆို ဖော်ပြခဲ့ဖူးသည်။ 

..

တိုက်ဆိုင်သည်လား မဆိုနိုင်ပါ ထို့နောက်ပိုင်း အနှီမီဒီယာ ဆရာအား ပြည်ပအဖွဲ့အစည်းတစ်ခုက သတင်းမီဒီယာဆု ချီးမြှင့်လေတော့သည်။ 

..
လူတိုင်းတွင် အိမ်နီးချင်းများနှင့် မကင်းနိုင်သကဲ့သို့ ကျွန်တော်တို့နိုင်ငံအပါအဝင် တိုင်းပြည်အားလုံးတို့သည်လည်း အိမ်နီးချင်းနိုင်ငံများနှင့် မကင်းနိုင်ပါ။ သို့သော် ကျွန်တော်တို့နိုင်ငံတော်နှင့် ရေမြေချင်း ထိစပ်နေပြီး အင်မတန် ပြဿနာရှာ၊ ပစိပစပ်လည်း အလွန်များသော အိမ်နီးချင်းနိုင်ငံအကြောင်း အထိုက်အလျှောက်သိရှိသူပင် အလွန်နည်းပါးလှပါသည်။ 

..
တစ်နိုင်ငံလုံး ၉၄ ရာနှုန်း လျှပ်စစ်ဓါတ်အား ရရှိပြီးဖြစ်သော်လည်း ကျောက်မီးသွေးသုံး အကြီးစားဓါတ်အား ပေးစက်ရုံများ တစ်ရုံပြီး တစ်ရုံဖွင့်လှစ်နေယုံမက နျူကလီယာဓါတ်အားပေးစက်ရုံများ တည်ဆောက်နေခြင်းမှာ တိုင်းပြည်ဖွံ့ဖြိုးရေးတွင် မရှိမဖြစ်သည့် #စွမ်းအင်လိုအပ်မှုစစ်ပွဲတွင် လက်ဦးမှု ရယူနေခြင်းဖြစ်သည်။ 

..
တစ်ဖက်တွင်လည်း ကျွန်တော်တို့ထက် ၂-ဆကျော်များသည့် ကာကွယ်ရေးဘတ်ဂျက် အမေရိကန်ဒေါ်လာ ၄.၂၇ ဘီလီယံသုံးစွဲလျှက်ရှိပုံ၊ ၎င်းနိုင်ငံ၏ တပ်မတော်အား ခေတ်မီစစ်ယာဉ်ယန္တယားများတပ်ဆင်ကာ အင်အား ဖြည့်တင်းနေပုံ၊ ၎င်းနိုင်ငံ တပ်မတော်အနေဖြင့် ဦးပိုင်လုပ်ငန်းများအထိ စီးပွားရေး လုပ်ကိုင်လျှက်ရှိသော်လည်း မှန်းချက်နှင့် နှမ်းထွက်မကိုက်သေးသည့် ၂၀၃၅-ခုနှစ် ကမ္ဘာ့အဆင့်မီ တပ်မတော်တည်ဆောက်ရေး အိမ်မက်အကြောင်း၊ ၎င်းနိုင်ငံ အခြေခံဥပဒေတွင် ဖော်ပြထားခြင်းမရှိသည့် အခွင့်ထူးများ အကြောင်းကိုလည်း အထောက်အထား အကိုးအကားများဖြင့် လက်လှမ်းမီသရွေ့ ဖော်ပြခဲ့ဖူးသည်။ 

..
ကျွန်တော်တို့အား ဆုတ်ယုတ်ပျက်ပြားစေသည်မှာ #အကျင့်ပျက်ခြစားမှုနှင့် #လွဲမှားသော စီမံခန့်ခွဲမှုတို့သာလျှင်ဖြစ်ပါ၏။ တစ်ဖက်သား၏ မကောင်းသည့်အချက်များကို လက်ညှိုးထိုးကာ မိမိတို့ဘက်၏ အားနည်းချက်ကို ဝိနည်းရှောင် ဖာထေးလိုခြင်းမရှိပါ။

..

 အကောင်းဆုံးဖြစ်အောင် ကြိုးစားယှဉ်ပြိုင်ကြရာတွင် #ခိုင်မာသည့်သတင်းအချက်အလက်များအပေါ် အခြေခံမှသာ ဖြစ်နိုင်ပါလိမ့်မည်။ ။သတင်းဘာသာပြန်သူ )) 
.. 
#ဘောစိအကျဉ်းသားက_ထောင်ထဲတွင်အမျိုးသမီးတစ်ဦးနှင့်_လွတ်လပ်စွာတွေ့ဆုံ 
… 

((( Dhaka Tribune., January 23 2021, “ Inmate meets with woman in Kashimpur prison.By: Raihanul Islam Akand.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာ ပြန်ဆိုသည်။ ))) 
.. 
https://www.dhakatribune.com/bangladesh/nation/2021/01/23/inmate-spends-time-with-woman-in-kashimpur-prison

..
https://www.globalfirepower.com/countries-listing.asp

0

Leave a Reply

Your email address will not be published.