ပြည်တွင်းစစ်ဖြစ်ပွားခြင်းမှ ရှောင်လွဲရေး ဖွဲ့စည်းပုံအား ဆိုင်းငံ့၍ စစ်အုပ်ရေးပြဋ္ဌာန်းပြီး ရွေးကောက်ပွဲပြန်လည်ကျင်းပရန် အမျိုးသားလုံခြုံရေးအကြံပေး တိုက်တွန်း၊ မြန်မာနှင့် အမေရိကန် ရွေးကောက်ပွဲအငြင်းပွားမှု တူပါသလား၊ ထရပ်ကားတစ်စီးတိုက် မသမာမဲများ၊ ပြည်ပနိုင်ငံများနှင့် မီဒီယာများပူးပေါင်းကြံ စည်ခဲ့သော သောင်မတင် ရေမကျ ရွေးကောက်ပွဲရလဒ်၊ ဘယ်သူအမှန်ပြော၍ ဘယ်သူတွေလိမ်နေသနည်း

  
ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆိုင်းငံ့၍ ရွေးကောက်ပွဲသစ် ထပ်မံကျင်းပရေးအတွက် စစ်အုပ်ချုပ်ရေးကြေညာရန်၊ ထိုနည်းလမ်းဖြင့်သာ အနိုင်ရကိုယ်စားလှယ်လောင်းကို တရားဝင်အဖြစ်လက်ခံနိုင်လိမ့်မည်ဖြစ်ကြောင်း၊အမျိုးသားလုံခြုံရေးအကြံပေးဟောင်း မိုက်ကယ်ဖလင်းက သမ္မတဆိုင်ရာ အကြံပေးချက်အသစ်ကို ယခုနောက်ဆုံး တင်ပြလိုက်သည်ဟု The Independent ( Dec.3, 2020 ) က ရေးသားသည်။ 


Washington Times က ၎င်း၏ Twitter ၌ ဖော်ပြရာတွင် အငြိမ်းစား ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သူ မိုက်ကယ်လ်ဖလင်း၏ စာမျက်နှာပြည့် ဆောင်းပါး၌ ပြည်တွင်းစစ်ဖြစ်အံ့ဆဲဆဲအခြေအနေကို ရှောင်လွဲရန်အတွက် သမားရိုး ကျ မဟုတ်သော အခွင့်အာဏာအသုံးပြမှု လိုအပ်ကြောင်း၊ တစ်ချိန်က ပြည်တွင်းစစ်ကာလအခြေအနေနှင့် လောလောဆယ်အထင်ကရ မြို့ကြီးများတွင် Antifa နှင့် Black Lives Matter အမေရိကန်ဆန့်ကျင်ရေး တိုက်ခိုက်မှုများဖြစ်ပွားနေပုံကို နှိုင်းယှဉ်ပြထားသည်။ တချိန်က သမ္မတအေဗရာဟင်လင်ကွန်း၏ Habes corpus ခေါ် သမ္မတ၏ အခွင့်အာဏာကို အသုံးပြုလျှက် လုပ်ရိုးလုပ်စဉ် မဟုတ်သော စီရင်ဆုံးဖြတ်မှုကိုလည်း ဥပမာပေးထားသည်။ 

  
 ဆိုရှယ်လစ်တို့သည် အခြေအနေပိုမိုဆိုရွားစေရန် အထူးသဖြင့်လူနည်းစုများပါဝင်သော လူသန်းပေါင်းများစွာတို့အား ကာကွယ်ပေးလျှက်ရှိသည် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ တုန့်ဆိုင်းစေရန် ” ရဲတပ်ဖွဲ့၏ ဘဏ္ဍာငွေအသုံးစရိတ်လျော့ချရေး ” ကို လုပ်ဆောင်နေကြောင်း။ ပြည်တွင်းနှင့် နိုင်ငံတကာကွန်မြူနစ်များထံမှ ငွေကြေးအထောက်အပံ့ရယူထားသော နိုင်ငံရေးသမားများနှင့် လက်ဝဲအုပ်စုများက အတွင်းပိုင်းအထိ လှိုက်ကာ သွေးထိုးလှုံဆော်မှုကြောင့် ကျွန်ုပ်တို့၏မြိုကြီးများတွင် အကြမ်းဖက်ရာဇတ်မှုများထူပြောလာပြီး လူသေဆုံးမှုများပြားလာခြင်းနှင့် စီးပွားရေးလုပ်ငန်းငယ်များ ယိုယွင်းပျက်ပြားလျှက်ရှိကြောင်း၊ 

  
ထိုအဖွဲ့သည် ဂျိုးဘိုင်ဒန်အား သမ္မတရာထူးရရှိစေရန် မဲခိုးယူသည့် ရွေးကောက်ပွဲ မသမာမှုများကို အကြီးအကျယ်ကျူးလွန်ခြင်းဖြင့် မဲဆန္ဒရှင်တို့၏ အခွင့်အရေးများကို ချိုးဖောက်ခဲ့သည်ဟု  မိုက်ကယ်ဖလင်းနှင့် We the People Convention အဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ တွမ်ဇောဝစ်စတိုစကီတို့၏ ပူးတွဲသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 


လွန်ခဲ့သည့် ရက်သတ္တ ၄-ပတ်တွင် ဂျိုးဘိုင်ဒန်အား ရွေးကောက်ပွဲ အနိုင်ရသူအဖြစ်ခန့်မှန်းခံရပြီးကတည်းက ရွေးကောက်ပွဲလိမ်လည်မှုနှင့်ပတ်သက်သည့် ဒေါ်နယ်ထရမ့်၏ စွပ်စွဲချက်များကို ဖလင်းက ထပ်မံပြောကြားသည်။ 


ဒီမိုကရက်များအနိုင်ရရှိကြောင်း တရားရုံးလွှတ်တော်ချုပ်၏ ဆုံးဖြတ်မည့်အချက်များကို ပြောင်းပြန်လန်စေမည့် အဓိကအချက်အလက်များအား ဒေါ်နယ်ထရမ့်က Facebook မှ ၄၆ မိနစ်ကြာ ဗီဒီယိုထုတ်လွှင့်အပြီး နောက် တစ်ရက်၌ မစ္စတာဖလင်း၏ စစ်အုပ်ချုပ်ရေးတောင်းဆိုမှုများပေါ်ပေါက်လာခြင်းဖြစ်သည်။ 


ဥပဒေပြုသူများ၊ တရားရုံးများ နှင့် / သို့မဟုတ် ကွန်ဂရက်လွှတ်တော်သည် ဖွဲ့စည်းပုံ ပြင်ဆင်ချက် ပုဒ်မ ၁၂-ပါ ပြဋ္ဌာန်းချက်ကို လိုက်နာရန် ပျက်ကွက်လျှက်ရှိခြင်းကြောင့် သမ္မတထရမ့်အနေဖြင့် အကန့်အသတ်ရှိသော စစ်အုပ်ချုပ်ရေးကို ချက်ချင်းကြေညာရန် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ဖက်ဒရယ်ရွေးကောက်ပွဲများတွင် အရပ်သားထိန်းချုပ်မှုအား ခေတ္တဆိုင်းငံ့ထားရန် လိုအပ်ကြောင်း၊ အဂတိလိုက်စားလျှက်ရှိသော နိုင်ငံရေးလူတန်းစားနှင့် တရားရုံးများသည် ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်နိုင်ခြင်း မရှိကြောင်း သက်သေပြနိုင်ခြင်းကြောင့် ကျွန်ုပ်တို့ အနေဖြင့် အမေရိကန်တပ်မတော်ကိုသာ ယုံကြည်စိတ်ချနိုင်ကြောင်း ဖော်ပြထားသည်။ 


(( ဒေါ်နယ်ထရမ့်၏ လက်ရှိရွေးကောက်ပွဲ အငြင်းပွားမှုတွင် မီဒီယာအားလုံးလိုလိုက ဂျိုးဘိုင်ဒင်အနိုင်ရ ကြောင်းကိုသာ ဖောြ်ပကြပြီး ဒေါ်နယ်ထရမ့်ပြောသမျှကို သတင်းမှောင်ချလျှက်ရှိသည်မှာ အတော်ကြာပြီ ဖြစ်သည်။ ဖော်ပြလျှင်လည်း အနှုတ်လက္ခဏာဆောင်သည့် လိုရာဆွဲရေးသော သတင်းများသာဖြစ်သည်။ ထို့ကြောင့် ဒေါ်နယ်ထရမ့်မှာ သမ္မတရာထူးငုတ်တုတ်ကြီးဖြစ်ပါလျှက် Twitter နှင့် Facebook ကိုသာ ပြန်ကြားရေးစာမျက်နှာအဖြစ် အသုံးပြုနေရသည်။ ထရပ်ကားတစ်စီးစာ မသမာမဲများအကြောင်းဆိုလျှင် Facebook မှ လွှင့်ထုတ်ရတော့သည်။

နိုင်ငံတွင်း မငြိမ်မသက်အခြေအနေများတွင် သမားရိုးကျ စစ်တပ်အား အသုံးပြုခွင့်မပြု၊ နိုင်ငံရေးတွင် စစ်တပ်အား ဝင်ရောက်စွက်ဖက်ခွင့်တားဆီးထားသော အမေရိကန်နိုင်ငံ၌ ယခုကဲ့သို့ သတင်းမျိုးတွေ့ရသည်မှာ အတော်ထူးဆန်းပါသည်။ အမေရိကန်မီဒီယာတို့သည် အာဏာရပါတီ၏ နိုင်ငံရေးညစ်ပတ်မှုကို ရေဆုံးရေဖျားလိုက်ကာ ဖော်ကောင်လုပ်သဖြင့် သမ္မတနှင့် အစိုးရအဖွဲ့ဝင်များ ရာထူးမှ နှုတ်ထွက်ရဖူးသည်။ ထိုသို့သော တိုင်းပြည်မျိုးတွင် နိုဝင်ဘာ ၃-ရက်နေ့ ရွေးကောက်ပွဲရလဒ်အတွက် ၁-လကျော်ကြာ ဒုတ်ထမ်းဒါးထမ်း ငြင်းခုန်နေရခြင်းမှာ အလွန်ပင် အံ့သြစရာဖြစ်သည်။ 

  
အမေရိကန်တွင် Deep State ခေါ် အဖွဲ့ရှိသည်။ မည်သည့် အစိုးရတက်တက် အမေရိကန်၏ အကျိူးစီးပွားဆိုင်ရာကိစ္စများကို Deep State ကသာလျှင် ကိုင်တွယ်နေခြင်းဖြစ်သည်ဆို၏။ ထို့ကြောင့်ထင်ပါသည် အမေရိကန်သမ္မတတစ်ဦး ဖြစ်သော ဂျွန်အက်ဖ်ကနေဒီသည် လူပုံအလည်၌ လုပ်ကြံခံခဲ့ရာ ယနေ့ထိ လက်သည်တရားခံ မပေါ်သေးချ။ ၁၉၆၃-ခုနှစ်တွင်ဖြစ်ပွားခဲ့သော အမေရိကန်နိုင်ငံတော်လုပ်ကြံမှုကြီးတွင် မီဒီယာအားလုံး နားရွက်ပင် မခတ်ရဲ ခဲ့ကြခြင်းကို ထောက်၍ ၂၀၂၀ အမေရိကန်သမ္မတရွေးကောက်ပွဲ မဲမသမာမှုတွင် စတုတ္ထမဏ္ဍိုင်ကြီး နှာစေး နေခြင်းကို အံ့သြစရာ ရှိချေ။ 


အမေရိကန်၏ Deep State တွင် ပါဝင်သူတစ်ဦးမှာ မြန်မာသိ ဘီလီယံနာသူဋ္ဌေးကြီးတစ်ဦးဖြစ်သည်။သူသည် အမေရိကန်ဒီမိုကရက်တစ်တို့၏ မဟာမိတ်ဖြစ်ပြီး ကိုဗစ်ကာလ ဒေါ်နယ်ထရမ့်အကျပ်ရိုက်စေရန် Antifa နှင့် BLM လူထုအုံကြွမှုများကို ထောက်ပံ့ကြောင်း သတင်းထွက်သည်။ ၎င်းသည် ဒီမိုကရေစီထွန်းကားရေးအတွက်ဆိုကာ ကမ္ဘာပတ်၍ နိုင်ငံရေးအုပ်စုများအား ငွေကြေးထောက်ပံ့သည်။ အာဆီယံနိုင်ငံတစ်ခု၏ ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲအား ငွေသန်းချီ လျှို့ဝှက်ပေးကမ်းခဲ့ရာ ၂၀၁၆ ဟီလာရီကလင်တန်၏ အီးမေးလ်များ ဖောက်ထွင်းခံရမှ လူအများ သိကြရသည်။ 


အမှန်စင်စစ် အမေရိကန်တွင် စက်များအသုံးပြု မဲပေးသည့် (DREs) များမှာ ခေတ်နောက်ကျတေနေပြီး အလွယ်တကူ hack ၍ရသည့်အတွက် စက္ကူမဲပြားဖြင့် မဲပေးခြင်းမှာ စိတ်အချရဆုံးဖြစ်ကြောင်း ပညာရှင်များက ထောက်ပြခဲ့ကြသည်ကို USA Today က နိုဝင်ဘာ ၂-ရက်နေ့ကတည်းက တွေ့ရှိရသည်။ 


ဒေါ်နယ်ထရမ့်သည် ဖျင်ပိတ်၍ ငြင်းနေခြင်းမဟုတ်ပဲ ၎င်းပြောသည့်အတိုင်း မဲသမာမှုများရှိခဲ့သည်မှာ အမှန်များလည်းပါဝင်ပါသည်။ ( BBC., Nov.17, 2020 )


ဒီဇင်ဘာ ၀၂-ရက်၊ ၂၀၂၀ တွင် Amistad Project အမည်ရှိ အမှန်တရားမြတ်နိုးသည် ရွေးကောက်ပွဲစောင့်ကြည့်သူများအဖွဲ့က ဆန္ဒမဲပေးတွင် ပြည်နယ်များကျော်လွန်၍ မဲခိုးသည်ကို မျက်မြင်သက်သေနှင့်တကွ အများအပြား တွေ့ရကြောင်း အထောက်အထားများကို ပရိုဂျက်တာဖြင့်ပြသရှင်းလင်းပါသည်။ 

  
အမေရိကန်၏ ဆန္ဒမဲပေးခြင်း-ရေတွက်ခြင်းမှာ ကျွန်တော်တို့ဆီကလို ကျောင်းဆရာ/ဆရာမများ လုပ်အားပေး ခေါ်ခြင်းမဟုတ်ပဲ Dominion Voting Systems Company က ကန်ထရိုက်ရယူဆောင် ရွက်ပေးခြင်း ဖြစ်ပါသည်။ နိုဝင်ဘာ ၈-ရက် ဆန္ဒမဲပေးပွဲတွင် ကွန်ပျူတာချို့ယွင်း၌ ထရမ့်၏ မဲများကို ဘိုင်ဒင်မဲအဖြစ် ပေါင်းထည့်မိခဲ့ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ( Amirror., Nov-17,2020 ) 


အမှန်စင်စစ် ရွေးကောက်ပွဲ အငြင်းပွားသည်ဆိုခြင်းမှာ ဆန်းကျယ်သော ကိစ္စမဟုတ်ပါ။ အမေရိကန်ကဲ့သို့ နှစ် ၂၀၀ ကျော်သက်တမ်းရှိ ဒီမိုကရေစီနိုင်ငံကြီးတွင် ယနေ့ဖြစ်ပျက်နေပုံကို ကြည့်လျှင်သိသာပါသည်။ ဆန္ဒမဲပေးခြင်းဆိုသည်မှာ မဲပေးသည်ဖြစ်စေ – မပေးသည်ဖြစ်စေ အသက် ၁၈ နှစ်အထက် နိုင်ငံသားအားလုံးနှင့် သက်ဆိုင်ပါသည်။ ထို့ကြောင့် အငြင်းပွားမှု့ဖြစ်လာလျှင် သက်ဆိုင်ရာစာရွက်စာတန်းတို့ကို လူသိရှင်ကြား ထုတ်ပြန်ပြီး လိုအပ်လျှင် မဲပြန်လည်ရေတွက်ခြင်း၊ တရားစွဲဆိုသမျှကို လက်ခံဖြေရှင်းခြင်းဖြင့် ဂုဏ်သိက္ခာရှိသော ရွေးကောက်ပွဲဖြစ်ကြောင်း သက်သေထူကြမြဲဖြစ်ပါသည်။ မိမိတို့၏ ရိုးသားဖြောင့်မတ်မှုအား အချိန်မရွေး ပြသရဲကြသည်။ 


စစ်ဆေး ဖြေရှင်းရန် တာဝန်ရှိပြီး သတင်းထုတ်ပြန်ပြီးသမျှ အပြီးအပြတ်ဖြစ်ပြီဟု တစ်ဖက်စောင်းနင်းဆုံးဖြတ်လျှင် နစ်နာသည်မှာ နိုင်ငံရေးအမွေဆက်ခံမည့် နောင်မျိုးဆက်များ ဖြစ်ပါသည်။ 

  
ထို့ပြင် ရွေးကောက်ပွဲရလဒ်အား လက်မခံနိုင်ဆိုတိုင်း အရှုံးကို လက်မခံခြင်းအဖြစ် မစွပ်စွဲသင့်ပါ။ ရွေးကောက်ပွဲ တစ်ရပ်၏ တရားမျှတခြင်းကို တောင်းဆိုနေခြင်းဟုတ်ဟုတ် ခွဲခြားနားလည်ရန်လိုအပ်သည်။  


ဤတွင် အမေရိကန်ကဲ့သို့ နိုင်ငံကြီးတစ်ခုလုံးကို မြင်ပါလျှက် “ တစ်နိုင်ငံလုံး ဖြတ်သန်းသွားသော NLD အနီရောင် လူပင်လယ်ကြီးကို ကျွန်တော်တို့အားလုံး မျက်မြင် တွေ့ခဲ့ရပြီးဖြစ်သည်။ ထို့ကြောင့် NLD က ရွေးကောက်ပွဲ မသမာမှုလုပ်ရန် ဘာ့ကြောင့် လိုမည်နည်း၊ အဓိပ္ပါယ်မရှိပါ “ ရေးဝံ့သော မီဒီယာအနှီပုပ်ကိုယ်မှာ အလွန် အုံးနှောက်ကောင်းသည်ဖြစ်၍ အမေရိကန်သမ္မတလောင်း တစ်ဘက်ဘက်က၏ ရှေ့နေ့အဖြစ် တာဝန်ယူသင့်ကြောင်း တိုက်တွန်းလိုက်ရပါသည်။ ကျွန်တော်တို့ ရွေကောက်ပွဲအား တရားမျှတကြောင်း ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ တစ်ဖွဲ့ဖွဲ့က ကြေညာသည်ဟု မတွေ့ဖူးပါ၍ သိရှိသူများ ကျေးဇူးပြုပါရန်။     ။ သတင်းဘာသာပြန်သူ )) 


#အမေရိကန်သမ္မတရွေးကောက်ပွဲအငြင်းပွားမှုနှင်မြန်မာ 

https://www.aljazeera.com/news/2020/12/2/trump-releases-video-repeating-debunked-election-fraud-claims 
https://www.independent.co.uk/news/world/americas/us-election-2020/michael-flynn-suspend-constitution-martial-law-trump-reelection-b1765467.html?fbclid=IwAR2hKgzfIeRpi0AARho2VIQYyQUIeVrO3gYZVQyDYUc3JLeRzo2andygpSk 
https://www.usatoday.com/story/news/investigations/2020/11/02/computer-experts-sound-warnings-safety-americas-voting-machines/6087174002/?fbclid=IwAR1c81KuZVAcMpMbKhT2h8qfZYRWwxJC6uFQ2F1tawae7a8GGTskYUzWOxk 
https://www.radio.com/971talk/blogs/the-marc-cox-morning-show/amistad-project-whistleblower-election-fraud 
https://justthenews.com/politics-policy/elections/whistleblowers-allege-thousands-vanished-ballots-allegations-backdating?fbclid=IwAR3MdT-qRCzf3-2nm2mUu72Gx9X6LxvwiCg0DpSw7g_0R8BG7BiIOTm4jgo 
https://www.bbc.com/news/election-us-2020-54959962 
https://www.wsj.com/articles/voting-machine-supplier-criticized-by-trump-in-spotlight-on-election-integrity-11605624361 

0

Leave a Reply

Your email address will not be published.