ပြည်တွင်းကြက်သွန်နီဈေး မြင့်တက်လျှက်ရှိစဉ် အိတ်စ်ပို့ တင်ပို့ခြင်းကို အကန့်အသတ်မရှိ အိန္ဒိယပိတ်ပင်

အိန္ဒိယထုတ်ကုန်/သွင်းကုန်အုပ်စုခွဲခြားသတ်မှတ်ခြင်းနည်းဥပဒေ ITC (HS) ပါ  အစီအစဉ်-၂၊ အခန်း-၇၊ ကြက်သွန်နီပြည်ပတင်ပို့ခြင်း  အမှတ်စဉ် ၅၁ နှင့်  ၅၃ ဖော်ပြချက်မှ လွတ်လပ်စွာတင်ပို့နိုင်ခြင်းကို ပြင်ဆင်၍ နောက်ထပ်အမိန့်တစ်စုံတစ်ရာ မထုတ်ပြန်မီအထိ တားမြစ်လိုက်ကြောင်း အိန္ဒိယအစိုးရက ကြေညာသည်ဟု ဘင်္ဂလားအခြေစိုက် bdnews24 က ယနေ့ ရေးသားသည်။

အထက်ဖော်ပြသည့်အတိုင်း ကြက်သွန်နီအမျိုးကွဲအားလုံး ပြည်ပတင်ပို့ခြင်းကို ချက်ချင်းအတည်ဖြစ်စေရန် တားမြစ်လိုက်ကြောင်း သိရှိရသည်။

စက်တင်ဘာ ၁၃ ရက်နေ့မှစကာ  ပြည်ပပို့ ကြက်သွန်နီဈေးနှုန်းကို တစ်တန်လျှင် အနည်းဆုံး အမေရိကန် ဒေါ်လာ ၈၅၀ သတ်မှတ်ကြောင်း ပြဋ္ဌာန်းပြီးနောက် ယခုကဲ့သို့ပြည်ပတင်ပို့ခြင်း ဟန့်တားအမိန့်ထုတ်ပြန်ခြင်း ဖြစ်သည်ကို တွေ့ရှိရသည်။

အိမ်နီးချင်းနိုင်ငံတွင် ကြက်သွန်နီအိတ်စ်ပို့ ရပ်ဆိုင်းကြောင်း သတင်းကြောင့် ဘင်္ဂလားဒက်ရှ်နိုင်ငံ ဒါကာမြို့ ကုန်ခြောက်တန်းတွင် နေ့စဉ်သုံးဟင်းခတ်အမွှေးအကြိုင်ကြက်သွန်နီဈေးနှုန်းများ ခုန်တက်သွားကြောင်း သတင်း၌ ဆက်လက်ဖော်ပြသည်။

((( စက်တင်ဘာ-၂၉၊ ၂၀၁၉ ) “ bdnews24., Sepr.29 2019, “India bans onion export until further notice amid soaring prices.” ကို #HtayOung, #OungMarine ဆီလျော်အောင်ဘာသာပြန်ဆိုသည်။ ))

2+

Leave a Reply

Your email address will not be published.