ပြည်တွင်း ကူးစက်သေဆုံးများပြားလာသည့် အိန္ဒိယက ကမ္ဘာ့အကြီးဆုံး ကာကွယ်ဆေးထုတ်လုပ်သူအဖြစ်မှ တင်သွင်းသူအဖြစ်သို့ ပြောင်းလဲသွား။ ရုရှားကာကွယ်ဆေး ၁၂၅-သန်း အိန္ဒိယ ဝယ်ယူ။ တောင်ကိုရီးယားက လစဉ် ရုရှားကာကွယ်ဆေး Sputnik-V ၁-သန်းထုတ်လုပ်မည်။


ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေးသန်းပေါင်းများစွာကို နိုင်ငံပေါင်းများစွာသို့ လက်ဆောင်ပေးခြင်းနှင့် ရောင်းချခြင်းပြုလုပ်ခဲ့ပြီးနောက် အိန္ဒိယသည် ကမ္ဘာ့ဒုတိယမြောက် ကူးစက်ခံရသူ အများဆုံးနိုင်ငံဖြစ်လာသည့်အတွက် ကာကွယ်ဆေး ရုတ်တရက်ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရပြီဖြစ်ကြောင်း Reuters က ယနေ့ရေးသားသည်။

…  
ကြာသပတေးနေ့တွင် အိန္ဒိယသည် နေ့စဉ်ကူးစက်မှုပေါင်း ၂-သိန်းကျော်ဖြစ်လာသည့်အတွက် နိုင်ငံလူဦးရေအများအပြားကို ပြည်တွင်းထုတ် ကာကွယ်ဆေးများ ပိုမိုထိုးနှံပေးရန် ကြိုးစားလျှက်ရှိသည်။

…     
လော့ဒေါင်းတားဆီးပိဆို့ခြင်းများ ဖြေလျှော့ပေးလိုက်ပြီးနောက် Covid-19 ကူးစက်လူနာများဖြင့် ဆေးရုံများ ပြည့်လျှံသွားသည်။ ထို့ကြောင့် ယခင်က Pfizer ကဲ့သို့ ပြည်ပထုတ် ကာကွယ်ဆေးများကို တင်သွင်းခြင်း မပြု သည့် မူဝါဒအစား ဆေးတင်သွင်းရေး အရှိန်မြှင့်တင်ရန် ရုတ်တရက်ပြောင်းလဲလိုက်ရသည်။ လူပေါင်း ၁၂၅-သန်းစာအတွက် #ရုရှားထုတ်_Sputnik-V ကာကွယ်ဆေးများကို ယခုလမှ စတင် တင်သွင်းမည်ဖြစ်သည်။

…   
ထိုသို့ ပြောင်းပြန် အပြောင်းအလဲဖြစ်ပေါ်ခြင်းသည် ကူးစက်ကပ်ရောဂါနှင့် ယှဉ်ပြိုင်နေရသည့် စစ်ပွဲတွင် အိန္ဒိယသာလျှင်မဟုတ်ပဲ အဓိကအားဖြင့် အာဖရိကနှင့် ဆင်းရဲနွမ်းပါးနိုင်ငံ ၆၀ ကျော်တို့၏ ကာကွယ်ဆေးထိုးနှံမည့် အစီအစဉ်အား လပေါင်းများစွာ အဟန့်အတား ဖြစ်စေနိုင်မည် ဆို၏။

…   
နိုင်ငံတကာတွင် ဆင်းရဲချမ်းသာမရွေး ကာကွယ်ဆေးထိုးနှံနိုင်ရေးကို ရည်ရွယ်သည့် #ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် #Gavi_ကာကွယ်ဆေး_မဟာမိတ်တို့က ကျောထောက်နောက်ခံပြု ထားသော #Covax အစီအစဉ်သည့် အာရှ၏ဆေးဝါးထုတ်လုပ်မှု အင်အားကြီး အိန္ဒိယအပေါ် များစွာမှီခိုနေရသည်။

…  
ယခုလတွင် အိန္ဒိယသည် ကာကွယ်ဆေး ကြိမ်ရေပမာဏ ၁.၂ သန်းခန့်သာ တင်ပို့နိုင်ခဲ့သည်။ ယင်းအရေအတွက်မှာ လွန်ခဲ့သည့် ဇန်နဝါရီလမှ မတ်လအတွင်း ပြည်ပသို့တင်ပို့သည့် ၆၄ သန်းနှင့် နှိုင်းယှဉ်ပါက အလွန်အမင်း ခြားနားလျှက်ရှိသည်။ အရေးပေါ်အခြေအနေတွင် ပြည်တွင်းထုတ် ကာကွယ်ဆေးများကို အသုံးပြုရန် စီစဉ်ထားပြီး အခြားတိုင်းပြည်များသို့ တင်ပို့ရန် ကတိကဝတ် မရှိကြောင်း သိရှိရသည်။

…  
Covax အစီအစဉ်အရ ကာကွယ်ဆေးထိုးနှံသည့် နိုင်ငံအချို့တွင် ဆေးပြတ်လပ်မှုကို ရင်ဆိုင်နေကြရပြီး (မဖြစ်မနေ) ကာကွယ်ဆေးအတွက် ဆေးဝါးထုတ်လုပ်သူတစ်ဦးတည်းအပေါ် အလွန်အကျွံ မှီခိုနေရခြင်းမှာ အကြီးအကျယ် စိုးရိမ်စရာဖြစ်ကြောင်း အာဖရိက ကာကွယ်ဆေးထိုးနှံရေးအစီအစဉ်တွင် ပါဝင်သည့် ကုလသမဂ္ဂအရာရှိ တစ်ဦးက ပြောဆိုသည်။

…  
အိန္ဒိယနှင့် Covax တွင် ပါဝင်သူများအနေဖြင့် နှောင့်နှေးကြန့်ကြာခြင်း၊ ကာကွယ်ဆေးထုတ်လုပ်သည့် လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှု နည်းပါးခြင်း၊ ကုန်ကြမ်းပစ္စည်း ရှားပါးခြင်းနှင့် ပြည်တွင်း၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားနိုင်ခြေကို လျှော့တွက်ခြင်းများက ဆေးဝါးပြတ်လပ်မှုကို ဖြစ်ပေါ်စေကြောင်း ကာကွယ်ဆေး ဖြန့်ဖြူးရေးနှင့် ပစ္စည်းဝယ်ယူရေးဆွေးနွေးပွဲများအရ သိရှိရသည်။

…  
ကမ္ဘာ့အကြီးဆုံး ကာကွယ်ဆေးထုတ်လုပ်သူဖြစ်သည့် အိန္ဒိယနိုင်ငံ_ဆီရမ်အင်စတီကျုဒ့်သည် ဝင်ငွေနည်းပါးနှင့် အလယ်အလတ်ရှိနိုင်ငံများသို့ Covid-19 ကာကွယ်ဆေး အနည်းဆုံး ၂-ဘီလီယံ ထုတ်လုပ်ပေးရန်နှင့် ၎င်းအရေအတွက်၏ ထက်ဝက်နီးပါးကို ၂၀၂၁-ခု နှစ်လယ်ပိုင်းတွင် အရောက်ပို့ပေးရန် ကတိပြုထားသည်။

…  
သို့သော် AstraZeneca သည် ဗြိတိန်၊ ကနေဒါနှင့် ဆော်ဒီအာရေးဗီးယားအပါအဝင် အခြားအစိုးရများ၏ ကာကွယ်ဆေးလိုအပ်ချက်များကို ဖြည့်ဆည်းရန် ဖိအားပေးခံရခြင်း အပါအဝင် ကမ္ဘာလုံးဆိုင်ရာထုတ်လုပ်မှု ပြဿနာများနှင့်လည်း ရင်ဆိုင်ခဲ့ရသည်။

…  
တစ်ချိန်တည်းမှာပင် အမေရိကန်ကလည်း ၎င်း၏ ပြည်တွင်း ကာကွယ်ဆေးထုတ်လုပ်သူများအတွက် အဓိက ကိရိယာများနှင့် ကုန်ကြမ်းများကို အကာအကွယ်ပေးခဲ့ခြင်းမှာ ဆီရမ်အင်စတီကျုဒ့်၏ လုပ်ငန်းလည်ပတ်မှုကို အကန့်အသတ်ဖြစ်စေခဲ့ပြီး လစဉ်ထုတ်ထုတ်မှု သန်း ၇၀ မှ သန်း ၁၀၀ အထိ တိုးမြှင့်ရန် ရည်မှန်းချက်မှာ လပေါင်း အတန်ကြာ နှောင့်နှေးခဲ့ရသည်။

 အခြားတစ်ဖက်တွင်လည်း ဆီရမ်ကုမ္ပဏီအတွက် ကနဦး အခက်အခဲမှာ အိန္ဒိယအစိုးရက ခိုင်မာသည့် ကုန်မှာစာများ ခေါ်ယူရန် တွန့်ဆုတ်နေခြင်းဖြစ်သည်။အိန္ဒိယအစိုးရအနေဖြင့် ကာကွယ်ဆေးတစ်လုံးစီ၏ နောက်ဆုံးဈေးနှုန်းကို ဆွေးနွေးရန် လပေါင်းများစွာကုန်ခဲ့ပြီး အိန္ဒိယမူးယစ်ဆေးဝါးထိန်းညှိရေးအဖွဲ့က AstraZeneca ထိုးဆေးအား အတည်ပြုပြီး ရက်သတ္တ ၂-ပတ်နီးပါးကြာမှသာ ကနဦးဝယ်ယူမှု အမှာစာကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

…  
တစ်ကြိမ်တွင် ဆီရမ်ကုမ္ပဏီသည် ထုတ်လုပ်သည့် ဆေးပမာဏကို သိုလှောင်ရန်နေရာ မရှိတော့သည့်အတွက် သန်း ၅၀ ထက်ပိုသော ကာကွယ်ဆေးအရေအတွက်ကို ထုတ်လုပ်နိုင်ခြင်း မရှိခဲ့ချေ။ ထုတ်လုပ်မှု စွမ်းဆောင် တိုးမြှင့်နိုင်ရန် ဆီရမ်က အစိုးရထံမှ သန်း ၄၀၀ ကျော် တောင်းခံခဲ့သော်လည်း မည်သည့် ကတိကဝတ်ကိုမျှ မပြုလုပ်ရသေးပါ။ ယခုကဲ့သို့ အချိန်မျိုး၌ပင် အိန္ဒိယအစိုးရသည် ရေရှည်ထောက်ပံ့ရေးအစီအစဉ်ကို သဘောတူရမည့်အစား ဆီရမ်ထံမှ ကာကွယ်ဆေး ဝယ်ယူမှုများသာ ပြုလုပ်နေကြောင်း သတင်းများထွက်ပေါ်သည်။

…  
ထောက်ပံ့သူများကို ပိုမိုရှာဖွေနေသော်လည်း ကမ္ဘာလုံးဆိုင်ရာကာကွယ်ဆေး ထုတ်လုပ်မှု၏ ၆၀ ရာခိုင်နှုန်းခန့်ကို အိန္ဒိယက ထုတ်လုပ်ပေးနေရဆဲဖြစ်သည်။

….   
ကြာသပတေးနေ့၌ အိန္ဒိယနိုင်ငံသည် ၂၄ နာရီအတွင်း ကူးစက်မှုပေါင်း ၂-သိန်းကျော်ရှိခဲ့ရာ ပြီးခဲ့သည့် ၈ ရက်အတွင်း သတ္တမမြောက် အများဆုံးဖြစ်သည်။ တစ်ရက်အတွင်း ၁,၀၃၈ ဦး သေဆုံး၍ အသက်ဆုံးရှုံးရသူ စုစုပေါင်း ၁၇၃,၁၂၃ ဦး ရှိခဲ့သည်။ အိန္ဒိယ၏ ရောဂါကူးစက်မှု ၁၄.၁ သန်းသည် နိုင်ငံတကာ၌ အမေရိကန်ပြီးလျှင် ဒုတိယအများဆုံးဖြစ်သည်။

…  
ကမ္ဘာ့အကြီးဆုံး ကာကွယ်ဆေးထုတ်လုပ်သူနှင့် ကာကွယ်ဆေး ကြိမ်ရေပမာဏ သန်းပေါင်းများစွာတို့ကို နိုင်ငံအများအပြားသို့ လှူဒါန်း/တင်ပို့လျှက်ရှိသူ အိန္ဒိယနိုင်ငံကိုယ်တိုင် ကာကွယ်ဆေးပြတ်လပ်၍ ရုရှားထံမှ ဝယ်ယူတင်သွင်းတော့မည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လျှက်ရှိစဉ် တောင်ကိုရီးယားက ရုရှား၏ Sputnik V ကာကွယ်ဆေးကို တစ်လလျှင် ကြိမ်ရေပမာဏ သန်း ၁၀၀ ထုတ်လုပ်မည်ဖြစ်ကြောင်း Reuters ၏ အခြား သတင်းတစ်ပုဒ်၌ ယနေ့ရက်စွဲဖြင့် တွေ့ရှိရသည်။

…   
Sputnik V ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ဆေးကို တစ်လလျှင် ပမာဏသန်း ၁၀၀ အထိ ရုရှားနိုင်ငံက ပြည်ပတင်ပို့ရာတွင် အကျိုးတူစီးပွားရေးလုပ်ငန်းစုအား တောင်ကိုရီးယား၏ Huons Global Co. , Ltd က ဦး ဆောင်မည်ဖြစ်ကြောင်း သောကြာနေ့၌ သတင်းထုတ်ပြန်သည်။

…   
တောင်ကိုရီးယား၏ ဇီဝနည်းပညာကုမ္ပဏီ GL Rapha က ရုရှားအစိုးရဘဏ္ဍာငွေဖြင့် တစ်နှစ်လျှင် Sputnik V ကာကွယ်ဆေး ပမာဏ သန်း ၁၅၀ ကျော် ထုတ်လုပ်ရန် လွန်ခဲ့သည့်နှစ်တွင် သဘောတူလက်မှတ်ရေးထိုးခဲ့ကြပြီးနောက် ယခုကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

(((Reuters., April 16th, 2021,” India shifts from mass vaccine exporter to importer, worrying the world.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#အိန္ဒိယ_ကိုဗစ်ကာကွယ်ဆေးပြတ်လပ်၍ရုရှားထံမှ_ဝယ်ယူတင်သွင်း #တောင်ကိုရီးယားက_ရုရှားSputnik-Vကို_ထုတ်လုပ်မည်

https://www.reuters.com/world/india/india-shifts-mass-vaccine-exporter-importer-worrying-world-2021-04-16/
https://www.dhakatribune.com/health/coronavirus/2021/04/16/india-shifts-from-mass-vaccine-exporter-to-importer-worrying-the-world
https://www.reuters.com/article/health-coronavirus-southkorea-sputnik/s-korean-consortium-to-produce-100-mln-doses-a-month-of-russias-sputnik-v-vaccine-idUSL4N2M90RL
https://www.dhakatribune.com/world/2021/04/16/south-korean-consortium-to-produce-100-million-doses-of-sputnik-v-vaccine-per-month /

+2

Leave a Reply

Your email address will not be published.