ပြည်သူလူထုဆိုတာ နှင့် ဒီမိုကရေစီ တရားဥပဒေစိုးမိုးရေး



ဘင်္ဂလားဒေ့ရှ်သည် ၁၉၇၁-ခုနှစ်တွင် မွေးဖွားလာသော နိုင်ငံသစ်တစ်ခုဖြစ်သည်။ အကြမ်းဖက်မှု၊ သွေးမြေကျမှုဖြစ်စဉ်အများအပြားတွင် အိန္ဒိယ-ရုရှားတို့အကူအညီဖြင့် သီးခြားနိုင်ငံဖြစ်လာခဲ့သည်။..   
ဘင်္ဂလားဒေ့ရှ်တွင် အဝါမီလိဂ်နှင့် BNP ဟူ၍ ပါတီကြီး နှစ်ခုကို မြင်သာသော်လည်း အမှန်စင်စစ် မဟာမိတ်ပါတီများနှင့် စုဖွဲ့ထားသော အုပ်စုကြီး နှစ်ခု ဖြစ်သည်။ အဝါမီလိဂ်ပါတီကို ဦးဆောင်သူများမှာ #ရှိတ်ဟာစီနာ ဖြစ်ပြီး BNP ပါတီဦးဆောင်သူမှာ #ခါလီဒါဇီယာ ဖြစ်ရာ မွတ်စလင်ဘာသာဝင်အများစုတိုင်းပြည်တွင် ပါကစ္စတန်မှ #ဘင်နာဇီယာဘူတို ပြီးလျှင် ထူးခြားသော အမျိုးသမီးဦးဆောင်မှုကို တွေ့မြင်ကြရသည်။ နှစ်ဦးစလုံးမှာ ကမ္ဘာ့သြဇာအကြီးဆုံးအမျိုးသမီးများအဖြစ် အနောက် နိုင်ငံ မီဒီယာကြီးများ၏ ဖော်ပြခြင်းခံရသည်။..  
ပို၍ ထူးခြားသည်မှာ ရှိတ်ဟာစီနာ၏ဖခင် #ရှိတ်မူဂျီဘူရာမန် သည်၎င်း ခါလီဒါဇီယာ၏ ခင်ပွန်း #ဇီယာရာမန် သည်၎င်း မအောင်မြင်သော အာဏာသိမ်းမှုတို့တွင် လုပ်ကြံခံ၍ အသက်ဆုံးရှုံးကြရခြင်းဖြစ်သည်။..  
ဘင်္ဂလားဒေ့ရှ်တွင် ပါတီကြီးနှစ်ခုတို့ တစ်လှည့်စီအာဏာရရှိခဲ့ကြသည်။ အာဏာရရှိချိန်တွင် အတိုက်အခံ လှုပ်ရှားမှုတို့ကို ဖြိုခွင်းရာ၌ အလွန်နာမည်ပျက်ပါသည်။ အချို့ဆိုလျှင် ၁၉၇၁-ခုနှစ် စစ်ရာဇဝတ်မှုကို နောက်ကြောင်းဖော်ပြီး ကြိုးစင်တင် ကွပ်မျက်ခြင်းခံကြရသည်။ ..
ပါတီထောက်ခံသူများအချင်းချင်း လမ်းမများပေါ်တွင် မျက်နှာချင်းဆိုင်တွေ့ကာ အသေအကြေ သတ်ပုတ်ကြဆဲဖြစ်သည်။ ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ဝင်များသည် အဝါမီလိဂ်အာဏာရချိန်တွင် BNP ထောက်ခံသူများကို၎င်း၊ BNP အာဏာရချိန်တွင် အဝါမီလိဂ်ထောက်ခံသူများကို၎င်း ပါတီ ၂-ခုစလုံးမှ ထောက်ခံသူများကို နံပတ်ဒုတ်နှင့် ရိုက်ဖူးကြသည်ဟု ဆိုစကားဖြစ်လာခဲ့သည်။ ..
#ပြည်သူလူထု #ဒီမိုကရေစီ နှင့် #တရားဥပဒေစိုးမိုးရေး တွင် ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့သည် နိုင်ငံတကာ ရဲတပ်ဖွဲ့ဝင်များအနက် လူရည်အလည်ဆုံးများ ဖြစ်လောက်ပါသည်။ 
..
အမေရိကန်သည် ဇူလိုင် ၄-ရက်၊ ၁၇၇၆-ခုနှစ်တွင် အင်္ဂလိပ်ကိုလိုနီအဖြစ်မှ လွတ်လပ်ရေးရရှိသည်။ ဒီမိုကရေစီနိုင်ငံအဖြစ် လုံးဝရောက်ရှိသည့် ခုနှစ်သက္ကရာဇ်၌မူ ပညာရှင်များအကြား အငြင်းပွားမှုရှိသည်။ သို့သော် ဒီမိုကရေစီမီးရှူးတန်ဆောင် နိုင်ငံဖြစ်သည်ဆိုခြင်းကိုမူ သဘောကွဲလွဲရန် မရှိပါ။..  
နိုဝင်ဘာ ၈-ရက် ၂၀၂၀ တွင်ကျင်းပသော ရွေးကောက်ပွဲတွင် ဂျိုးဘိုင်ဒင်က ( ရွေးချယ်တင်မြှောက်ရေးအဖွဲ့မဲ ၃၀၆၊ လူထုမဲ ၅၁.၃% ) ရရှိသည်။ ဒေါ်နယ်ထရမ့်သည် ( ရွေးချယ်တင်မြှောက်ရေးအဖွဲ့မဲ ၂၃၂၊ လူထုမဲ ၄၆.၉% ) ရရှိသဖြင့် ဂျိုးဘိုင်ဒင်က အနိုင်ရရှိသည်ဟု ဆိုရပါမည်။ 
သို့သော် ဘိုင်ဒင်အနိုင်ရရှိစေသည့် စာတိုက်မဲများကို မသမာဟု ထရမ့်က သံသယရှိသည်။ ပြည်နယ်အချို့တွင် ဆန္ဒမဲများကို လက်ဖြင့် ပြန်လည်ရေတွက်ခြင်း၊ မဲရေတွက်သည့် ကွန်ပျူတာများကို ပြန်လည်စစ်ဆေးရာတွင် အပြောင်းအလဲ အနည်းငယ်ရှိသော်လည်း ဂျိုးဘိုင်ဒင် အနိုင်ရသည့် ရလဒ်မှာမူ ထူးခြားခြင်း မရှိချေ။..  
ဒေါ်နယ်ထရမ့်၏ ဆင်ခြေကို တရားရုံးများ လွတ်လပ် အားကောင်းသည့် အမေရိကန်၌ ဖက်ဒရယ်နှင့် ပြည်နယ်တရားရုံးများက လက်မခံပါ။ အမှန်တကယ်တွင် ဘိုင်ဒင်နှင့် ထရမ့်တို့၏ လူထုမဲတွင် ကွာခြားမှုမှာ ၄.၄ % သာ ရှိသည်။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတို့၏ ၄၆.၉ % ထောက်ခံသည်ဆိုသော ထရမ့်အပေါ် လူကြိုက်များသည့် အင်အားမှာ မနည်းလှပါ။ အတိုချုပ်ရလျှင် ဘိုင်ဒင်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုမည့် အမေရိကန်လွှတ်တော် ၂-ရပ်ကျင်းပရာ ကက်ပီတိုလ်အဆောက်အအုံအား ထရမ့်ထောက်ခံသူတို့က ဝင်ရောက်စီးနင်းလေတော့သည်။..  
ဒေါ်နယ်ထရမ့်သည် မသမာမဲများကြောင့် သူ ရှုံးနိမ့်ရသည်ဆိုခြင်းကို အိမ်ဖြူတော်မှ ထွက်ခွာချိန်အထိ ဆုပ်ကိုင်ထားဆဲဖြစ်သည်။ ကက်ပီတိုလ်အဆောက်အအုံတွင် အကြမ်းဖက်မှုဖြင့် တရားစွဲဆိုခံရသူ၊ ဘဝပျက်ရသူ အများအပြားရှိနေသည်။ ..
#ပြည်သူလူထုမှာ_အမြဲတန်းမှန်ကန်သည် ဟု ကျွန်တော်တို့ဆီတွင် နိုင်ငံရေးလုပ်စားသူ လူပေါတို့ကြား ပြောဆိုနေကြသည်။ ဥပဒေအရ၎င်း ပြန်လည်စစ်ဆေးခြင်းအရ၎င်း ဘိုင်ဒင်မှန်၍ ထရမ့်မှားသည်။ ထိုသို့ဆိုလျှင် ဒီမိုကရေစီမီးရှူးတန်ဆောင် အမေရိကန်တွင် ထရမ့်ထောက်ခံ မဲဆန္ဒရှင် ၇၄ သန်းကျော်ကို အုတ်ထရံခတ်ရမလို ဖြစ်သွားသည်။ ..   
ဒီမိုကရေစီသည် မြတ်စွာဘုရားပညတ်သည့် ဝိနည်းတော်မဟုတ်ပါ။ သူ့ထက်ကောင်းသည်တို့ မရှိသေး၍ သုံးစွဲနေခြင်းသာဖြစ်ပြီး အပြစ်အနာအဆာ မကင်းပါ။ ထရမ့်ထောက်ခံတို့အား အပြစ်ပေးခြင်းမှာ မှန်ကန်သည်ဟု ယုံကြည်လျှင် ကိုယ့်အလှည့်ရောက်သည့်အခါ ဘင်္ဂလားဒေ့ရှ်လို ရဲများ၏ နံပတ်ဒုတ်နှင့်အတွယ်ခံရမည်ဆိုခြင်းကိုလည်း ကြိုတင်မြင်သင့်သည်။ အတတ်နိုင်ဆုံး တရားလက်လွတ် အနိုင်အထက်မလုပ်မိရန် လိုအပ်ပါလိမ့်မည်။ ..
#ပြည်သူလုထုသည်လည်း_မှားတတ်သည်။ #မီဒီယာသည်_ပြည်သူလူထု၏_အမှားကိုလည်း #ထောက်ပြရဲရမည် ဟု သတင်းစာဆရာကြီး လူထုဦးစိန်ဝင်းက ဆိုပါသည်။ 
.. 
အစဉ်လေးစားစွာဖြင့် 
.. 
#HtayOung, #OungMarine 
..
https://www.daily-sun.com/printversion/details/257850 
https://www.thedailystar.net/august-15-special-coverage/aug-15-world-media-1269661 
https://newsbeezer.com/bangladesh/harry-life-hars-story-revealed/ 
http://news.bbc.co.uk/onthisday/hi/dates/stories/may/30/newsid_4401000/4401129.stm 
https://www.aljazeera.com/gallery/2021/1/13/in-pictures-national-guard-troops-helping-secure-inauguration

0

Leave a Reply

Your email address will not be published.