ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဆိုင်ရာအကြံပြုချက်များကို မလိုက်နာလျှင် လူသန်းချီသေဆုံးနိုင်ကြောင်း အီရန်သတိပေး၊ သေဆုံးသူများအား အစုအပုံလိုက် သြင်္ဂိုလ်နေရ

အီရန်နိုင်ငံတွင် ယနေ့ပိုင်းအထိ ၂၄-နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်စွဲကပ်သေဆုံးသူ ၁၃၅ ဦးရှိပြီး ယခုထိ သေ ဆုံးသူ ၉၈၈-ဦးရှိပြီဖြစ်ရာ ကူးစက်ကပ်ရောဂါကျရောက်ခြင်းတွင် ဆိုးရွားစွာ ထိုးနှက်ခံရသည့်နိုင်ငံ တစ်နိုင်ငံ ဖြစ်လာကြောင်း၊ နိုင်ငံရေးအကျဉ်းသားများပါအဝင် အကျဉ်းကျခံနေရသူ ၈၅,၀၀၀ ကို ယာယီလွှတ်ပေးခဲ့ ကြောင်း၊ အီရန်နိုင်ငံပိုင် ရုပ်သံက သတင်းလွှင့်တင်ဟု South China Morning Post က ယနေ့ရေးသားသည်။

အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ၏ ရုပ်သံမှတစ်ဆင့် သတင်းထုတ်ပြန်ရာ ပြည်သူလူထုအနေဖြင့် ခရီးသွား လာခြင်း၊ ကျန်းမာရေးဆိုင်ရာ အကြံပြုချက်များကို လိုက်နာရန်ပျက်ကွက်ခဲ့လျှင် သေဆုံးသူ လူသန်းချီ ရှိနိုင်ကြောင်း ဆန်းကြယ်စွာ သတိပေးထားပြီး သေဆုံးသူများအား အစုအပုံလိုက် သြင်္ဂိုလ်နေရပုံကိုလည်း သတင်းရုပ်သံလွှင့်ထုတ်ခဲ့သည်။

အီရန်သည် Covid-19 ကိုရိုနာဗိုင်းရပ်စ်စွဲရောဂါဖြင့် ဖျားနာသေဆုံးမှုအများဆုံးတွင် တတိယမြောက်ဖြစ်ပြီး ကူးစက်ခံရသူ ၁၅,၀၀၀ နီးပါးရှိနေပြီး ကုသပျောက်ကင်းသူ ၅,၀၀၀ နီးပါးရှိသည်။ အယာတိုလာဟာဆိမ်းကဲ့သို့ ဘာသာရေးအကြီးအကဲဖြစ်သူအပါအဝင် အီရန်အစိုးရအဖွဲ့ဝင် ၁၂-ဦးသေဆုံးခဲ့ရသည်။

အီရန်ထက်ပို၍ ဆိုးရွားစွာအထိနာလျှက်ရှိသော နိုင်ငံမှာ အီတလီဖြစ်ပြီး သေဆုံးသူ ၂,၀၀၀ ကျော်နှင့် ကူးစက်ခံ ရသူ ၂၈,၀၀၀ ခန့်ရှိရာ တရုတ်နိုင်ငံပြီးလျှင် ဒုတိယအများဆုံးဖြစ်သည်။ အီတလီတွင် ယခုကဲ့သို့ သေဆုံးသူများ ပြားလျှက်ရှိခြင်းမှာ ကမ္ဘာပေါ်တွင် ဂျပန်ပြီးလျှင် ဒုတိယမြောက်သက်ကြီးရွယ်အို အများဆုံးရှိသော တိုင်းပြည် ဖြစ်နေခြင်းလည်းပါဝင်သည်။ အီတလီလူဦးရေ၏ ၂၃ ရာခိုင်နှုန်းသည် အသက် ၆၅ နှစ်အထက်ရှိသူ များဖြစ်နေသည်။

((( South China Morning Post. 17 Mar, 2020.” Coronavirus: Iran state TV warns ‘millions’ may die unless health advice heeded.” ))) ကို ဆီလျော်အောင် #HtayOung, #OungMarine ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.scmp.com/news/world/middle-east/article/3075589/iran-grip-coronavirus-crisis-frees-85000-prisoners-its

https://www.wired.com/story/why-the-coronavirus-hit-italy-so-hard/

#ကိုရိုနာဗိုင်းရပ်စ်အီရန်အီတလီ

0

Leave a Reply

Your email address will not be published.