ဗြိတိန်မှပြန်လာသော ကနေဒါဝန်ကြီးချုပ် ဂျပ်စတင်ထရူးဒိုး၏ ဇနီးတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်လျှက်ရှိကြောင်း တွေ့ရှိ။ ဝန်ကြီးချုပ်ကိုယ်တိုင်ဆန္ဒအရ ရောဂါခြေချုပ်ဖြင့် တစ်ကိုယ်တည်း သီးခြား နေထိုင်

ဗြိတိန်နိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့သော ကနေဒါဝန်ကြီးချုပ် ဂျပ်စတင်ထရူးဒိုး၏ ဇနီး ဆိုဖီယာဂရီဂိုရီ ထရူးဒိုးသည် တုတ်ကွေးဖျားဟန်ရှိခြင်းကြောင့် စမ်းသပ်ရာမှ ကိုရိုနာဗိုင်းရပ်စ် ကူးစက်လျှက်ရှိသည်ကို တွေ့ ရှိရကြောင်း၊ ဖျားနာခြင်းမရှိသော်လည်း ဝန်ကြီးချုပ်မှာ ကိုယ်တိုင်ဆန္ဒအလျှောက် ရက်သတ္တ ၂-ပါတ်ကြာအောင် ရောဂါခြေချုပ်ဖြင့် တစ်ကိုယ်တည်း သီးခြားနေထိုင်လျှက်ရှိပြီး ကျန်းမာရေးကောင်းမွန်ကြောင်း ကြာသပေုတး နေ့ည ဝန်ကြီးချုပ်ရုံးက သတင်း ထုတ်ပြန်သည်ဟု Russia Toady က ယနေ့ရေးသားသည်။

Covid-19 ပျံ့နှံ့ခြင်းနှင့်ပတ်သက်၍ ကနေဒါတွင် မည်သူမည်ဝါတို့ ဗိုင်းရပ်စ်ကူးစက်နေလောက်ပြီဟု ခန့်မှန်း သတင်းများ ထွက်ပေါ်လျှက်ရှိသော်လည်း မှန်ကန်ကြောင်း မတွေ့ရသေးပဲ မထင်မှတ်ထားသူ၌ ဗိုင်းရပ်စ်ပိုး တွေ့ရှိရခြင်းဖြစ်နေသည်။ ဝန်ကြီးချုပ်နှင့် အနီးကပ်ဆက်ဆံရသူများအား ဆေးစစ်ဆေးကုသပေးရသူ ဆရာ ဝန်များကမူ အားလုံးတွင် ကျန်းမာလျှက်ရှိကြောင်း ပြောဆိုသည်။ ကနေဒါဝန်ကြီးချုပ်မှာ ရောဂါလက္ခဏာ မပြပဲ ဗိုင်းရပ်စ်စွဲကပ်ခြင်း ရှိ-မရှိ စစ်ဆေးခံရန် အကြောင်းမရှိကြောင်း ဝန်ကြီးချုပ်ရုံးသတင်းထုတ်ပြန်ချက်၌ ပါရှိသည်။

 ကနေဒါအခြေစိုက် The Star သတင်းစာ၌မူ SARS-CoV-2 ဗိုင်းရပ်စ်စွဲကပ်ခြင်းကြောင့် ပြင်းထန် ရုတ်တရက် အသက်ရှုလမ်းကြောင်းရောင်ရောဂါ Covid-19 ဖြစ်ပွားမှု ကာကွယ်တိုက်ဖျက်ရေးအတွက် အမေရိကန် ဒေါ်လာ ၁-ဘီလျံသုံးစွဲမည်ဟု ကနေဒါအစိုးရအစိုးရက ပြောဆိုကြောင်း ရေးသားထားသည်။

) ဗြိတိန်မှပြန်လာသော ကနေဒါဝန်ကြီးချုပ် ဂျပ်စတင်ထရူးဒိုး၏ ဇနီးတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်လျှက်ရှိကြောင်း တွေ့ရှိ။ ဝန်ကြီးချုပ်ကိုယ်တိုင်ဆန္ဒအရ ရောဂါခြေချုပ်ဖြင့် တစ်ကိုယ်တည်း သီးခြား နေထိုင်

#ကိုရိုနာဗိုင်းရပ်စ်ကနေဒါဝန်ကြီးချုပ်ဇနီး

https://www.rt.com/news/482965-canada-trudeau-self-isolates-coronavirus/

https://www.thestar.com/opinion/contributors/2020/03/12/thomas-walkom-is-canada-too-low-key-in-response-to-covid-19.html

0

Leave a Reply

Your email address will not be published.