ဗြိတိန်မှ ဆီးရီးယားသို့ ထွက်ခွာသွားခဲ့သူ အိုင်အက်စ်သတို့သမီး ရှမီနာ ပြန်လာနိုင်ဟု ဆို။ အမျိုးသားလုံခြုံျရေးအတွက် ဗြိတိန်နိုင်ငံသူ ဖြစ်နေခြင်းမှ ပယ်ဖျက်ခံရ။ ဘင်္ဂလားဒက်ရှ်လူမျိုးဖြစ်၍ သက်ဆိုင်ရာနိုင်ငံသားအဖြစ်မှ ဆုံးရှုံးဖွယ် မရှိဟု လဝက အယူခံတရားရုံးက ပြောဆို

အစွန်းရောက် အကြမ်းဖက် IS “ #အိုင်အက်စ်သတို့သမီး “ အဖြစ် နာမည်ကျော်ခဲ့သူ #ရှမီနာဘီဂမ်အား ဗြိတိန်နိုင်ငံသို့ ပြန်လာခွင့်ပြုမည်ဖြစ်ကြောင်း အင်္ဂလိပ်အကြီးတန်း တရားသူကြီးများက ဆုံးဖြတ်လိုက်သည်၊ ရှမီနာဘီဂမ်အနေဖြင့် လန်ဒန်သို့ ပြန်ရောက်လာခဲ့လျှင် ဗြိတိသျှနိုင်ငံသား ဖြစ်-မဖြစ်ပြဿနာနှင့် ကြုံတွေ့ရလိမ့်မည်ဟု Russia Today က ယမန်နေ့ ရေးသားသည်။

ရှမီနာဘီဂမ်သည် “ #အစ္စလာမ်မစ်နိုင်ငံတော် ” ထူထောင်သူ IS အိုင်အက်စ်အကြမ်းဖက်တို့နှင့် ပူးပေါင်းရန် ၂၀၁၅-ခုနှစ်တွင် လန်ဒန်မှ ဆီးရီးယားသို့ ထွက်ခွာသွားခဲ့သော ကျောင်းသူ ၃-ဦးအနက် တစ်ဦးဖြစ်သည်။

အသက် ၁၅- အရွယ်တွင် ဗြိတိန်မှ ထွက်ခွာသွားခဲ့ခြင်းဖြစ်ပြီး အိုင်အက်စ်တို့၏ အုပ်ချုပ်မှုအောက်တွင် ၃-နှစ် ကျော်ကြာ ကျင်လည်ခဲ့သည်။ လွန်ခဲ့သည့် ၂၀၁၉-ခုနှစ် ဖေဖော်ဝါရီလတွင် ဆီးရီးယားဒုက္ခသည်စခန်းတစ်ခု၌ ကိုယ်ဝန် အရင့်အမာကြီးနှင့် ရှမီနာကို ပြန်လည် တွေ့မြင်ကြရသည်ဆို၏။

ထိုနောက် ဗြိတိန်ပြည်ထဲရေးဝန်ကြီး ဆာဂျစ်ဂျာဗစ်က နိုင်ငံတော်အမျိုးသားလုံခြုံရေးအတွက်ဟုဆိုကာ ရှမီနာအား အင်္ဂလန်နိုင်ငံသားအဖြစ်မှ ပယ်ဖျက်ခဲ့သည်။

ပြီးခဲ့သည့်နှစ်တွင် အင်္ဂလန်လူဝင်မှုကြီးကြပ်ရေး အယူခံကော်မရှင် (SIAC) ကလည်း ရှမီနာသည် (ဘင်္ဂါလီလူမျိုးဖြစ်၍) ဘင်္ဂလားဒေ့ရ်ှနိုင်ငံသားအဖြစ် အကျုံးဝင်လျှက်ရှိကြောင့် ဆီးရီးယားတွင်နေထိုင်နေစဉ် ရှမီနာမှာ နိုင်ငံမဲ့ဖြစ်ခြင်း မရှိကြောင်း ပြောကြားသည်။

အင်္ဂလန်အယူခံတရားရုံးကမူ ပြည်ထဲရေးဝန်ကြီး၏ ဆုံးဖြတ်ချက်အား ပယ်ချခဲ့သည်။ ဗြိတိန်နိုင်ငံသားအဖြစ်မှ ပယ်ဖျက်ခံရခြင်း၏ နောက်ဆက်တွဲအကျိုးဆက်အဖြစ် ရှမီနာမှာ “ညှဉ်းပန်းနှိပ်စက်ခံရမည့် အန္တရာယ်” ရှိနေကြောင်းထောက်ပြ၍ ဗြိတိန်နိုင်ငံသားအဖြစ်မှ ပယ်ဖျက်ခြင်းမှာ ဥပဒေနှင့် မညီကြောင်း ဆုံးဖြတ်ခဲ့သည်။

နောက်ဆုံးအနေဖြင့် ရှမီနာသည် ဗြိတိန်နှင့် ဆီးရီးယားနိုင်ငံပြင်ပ၌ ရှိနေစဉ် တရားမျှတ- ထိရောက်စွာ အယူခံဝင်နိုင်မည် မဟုတ်ကြောင်း တရားသူကြီးများက စီရင်ချက် ချမှတ်သည်။

ဆီးရီးယားဒုက္ခသည်စခန်းတွင် Sky News နှင့် အင်တာဗျူးပြုလုပ်စဉ် ရှမီနာဘီဂမ်က ၎င်းသည် ( ဂျီဟဒ်ဝါဒီတို့၏ တိုက်ခိုက်ရေးတွင် ပါဝင်ခြင်းမရှိသော ) အိမ်ရှင်မ တစ်ဦးသာ ဖြစ်ကြောင်း၊ ၂၀၁၇-ခုနှစ် ဇန်နဝါရီလတွင် ခင်ပွန်းဖြစ်သူနှင့်အတူ ဆီးရီးယားနိုင်ငံ ရက်ကွာမြို့မှ ထွက်ခွာလာခဲ့ကြောင်း၊ ၁-နှစ်အရွယ် သမီးနှင့် ၃-လသား သားယောက်ျားလေးတို့ သေဆုံးခဲ့ရကြောင်း ပြောဆိုသည်။

ရှမီနာ၏ တတိယမြောက်ကလေးငယ်မှာ လွန်ခဲ့သည့်နှစ် မွေးဖွားပြီး မကြာမီ သေဆုံးခဲ့ပုံရသည်။

ရှမီနာဘီဂမ်က ဗြိတိန်ပြည်ထဲရေးဋ္ဌာနအား ဥပဒေကြောင်းအရ တရားစွဲဆိုခဲ့သည်။ ဗြိတိန်အစိုးရ၏ ဆောင်ရွက်ချက်သည် ၎င်းအား နိုင်ငံမဲ့အဖြစ်သို့ရောက်ရှိစေခြင်း၊ အသက်ဆုံးရှုံးရသည်အထိ အန္တရာယ်ဖြစ်စေခြင်း၊ လူသားမဆန်ခြင်းနှင့် တာဝန်မဲ့ရာရောက်ခြင်းတို့ကြောင့် တရားမဝင်ကြောင်း၊ ဗြိတိန်အစိုးရ၏ ဆုံးဖြတ်ချက်မှာ အလွန်စိတ်ပျက်စရာကောင်းကြောင်း၊ မူလတရားစီရင်ချက်ကို လန်ဒန်မှနေ၍ ဆက်လက် အယူခံဝင်မည် ဖြစ်ကြောင်း ရှမီနာဘီဂင်က ပြောကြားသည်။

(( ဗြိတိန်နိုင်ငံ၏ တည်ဆဲဥပဒေအရ ပြည်ပတစ်နေရာရာသို့ ပြန်သွားခဲ့လျှင် ညှင်းပန်းနှိပ်စက်- အသတ်ခံရဖွယ်ရှိသူများကို နှင်ထုတ်မပစ်နိုင်ဟု ကြားဖူးပါသည်။

ရှမီနာဘီဂမ်က Sky News နှင့် တွေ့ဆုံရာတွင် ၎င်းမှာ ဆီးရီးယားတွင် အိုင်အက်စ်တို့၏ တိုက်ခိုက်ရေး၌ ပါဝင်ခြင်း မရှိသူဖြစ်ကြောင်း ပြောဆိုသည်။ သို့သော် Daily Telegraph ( 13 April 2019 ) အဆိုအရ ( ဒုက္ခသည်စခန်း၌ ) ရှမီနာမှာ အိုင်အက်စ်တို့၏ “ စာရိတ္တထိန်းသိမ်းရေး ရဲတပ်ဖွဲ့ဝင် “ တစ်ဦးဖြစ်ကြောင်း သိရှိရသည်။ AK-47 သေနတ်ကိုင်ဆောင်၍ ဂျီဟဒ်ဝါဒီအုပ်စုများနှင့် ပူးပေါင်းရန် မိန်းကလေးငယ်များကို စုဆောင်ပေးရသူဖြစ်ကြောင်း၊ အစ္စလာမ်မစ် နိုင်ငံတော် ထူထောင်သူ ဂျီဟဒ်ဝါဒီများကဲ့သို့ ပြင်းထန်အစွန်းရောက်သော အပြုအမူရှိသူဖြစ်ကြောင်း ဖော်ပြထားသည်။

The Independent ( 14 April 2019 ) ကမူ ရှမီနာမှာ အသေခံဗုံးခွဲရန် တာဝန်ပေးခြင်းခံရသူများ ဝတ္တရားအတိုင်း အောင်မြင်စေရန် ကြပ်မတ်ရသူဖြစ်ကြောင်း ရေးသားသည်ကို တွေ့ရှိရသည်။ ။ သတင်းဘာသာပြန်သူ၊

((( Russia Today., 16 Jul, 2020,” UK court rules IS bride Shamima Begum can return to Britain to challenge removal of citizenship.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ် ဘာသာပြန်ဆိုသည်။ )))

#အိုင်အက်စ်သတို့သမီး_ရှမီနာဘီဂမ်

https://www.rt.com/uk/494916-uk-court-isil-shamima-begum-citizenship/

https://www.rt.com/op-ed/492282-shamima-begum-christopher-clark-jones-hypocrisy/

https://www.telegraph.co.uk/news/2019/04/13/shamima-begum-cruel-enforcer-isils-morality-police-say-syrian/

https://www.independent.co.uk/news/world/middle-east/shamima-begum-isis-syria-morality-police-suicide-belts-a8869016.html

1+

Leave a Reply

Your email address will not be published.